Chapter (13)

94.8K 6.6K 108
                                    

Unicode

*************

Year 2014

အကျဉ်းထောင် ဂိတ်တံခါးဝက အပြင်ထွက်လိုက်ဖို့လုပ်တော့ မိမိလိုပင် လွတ်မြောက်လာသူများအား လာရောက် ကြိုဆိုကြသော မိသားစုဝင်များက အပြည့် ရပ်စောင့်နေကြသည်ကို တွေ့လိုက်ရလေသည်။ ကွဲကွာနေကြသော မိသားစုဝင်များ သူငယ်ချင်းများ ချစ်သူများ ပြန်တွေ့ဆုံခန်းကို မြင်ရသည်မှာ ပျော်ရွှင်ဖွယ်အတိ။ သို့သော် မြူခိုးတွင်တော့ ထိုသို့ ပျော်ရွှင်မှုမျိုးမရှိ။ ဂိတ်တံခါးဝက ထွက်လာတော့ လွတ်လပ်မှုကို ခံစားရသည်။ ပုုံမှန်ဆိုရင် ထောင်က ထွက်လာရမည်ဆိုရင် ပျော်ရွှင်ရမည် ဖြစ်သော်လည်း ယခုမှု မြူခိုးတွင် ပျော်ရွှင်မှုဆိုတာမရှိ ဝမ်းနည်းမှုဆိုတာမရှိ။ ဘာဆိုဘာမှခံစားချက်မရှိ။

အပြင်လောကကြီးရဲ့ လတ်ဆတ်သောလေသည် လွန်စွာ ကျေနပ်မှုကို ပေးလေသည်။ သဘာဝ နေရောင်ခြည်သည်လည်း ထိုမျှလောက်သော လှပမှုကို ပေးလိမ့်မည်ကို အရင်က မသိရှိခဲ့ပါ။ လမ်းလျှောက်လာရာမှ ခဏရပ်လိုက်မိပြီး လေးနှစ်ကျော်ကြာ အပြည့်အဝ လွတ်လွတ်လပ်လပ် မခံစားခဲ့ရသော လေထုနှင့် နေရောင်ကို မျက်စိမှိတ်ကာ ခဏခံစားလိုက်သည်။

မြူခိုး ထောင််က လွတ်လာပြီ၊ ရှေ့ဆက် ဘာလုပ်ရမည်နည်း။ နှစ်ခါစဉ်းစားစရာမလို. မိမိဘဝ ရစရာမရှိအောင် ပျက်ဆီးပြီးနောက် ထောင်ထဲရောက်စဉ်ကတည်းက အရင်တုန်းက ဖြစ်ချင်တာတွေ ရည်ရွယ်ချက်တွေ စိတ်ကူးယဉ် အိပ်မက်တွေ အားလုံး ပျောက်ဆုံးပြီး တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့်သာ အကျဉ်းထောင်ထဲက နေ့ရက်တွေကို ကုန်ဆုံးခဲ့သည်။ ထိုသည်ကား မိမိဆုံးရှုံးခဲ့ရသော အရာအားလုံးကို သက်ဆိုင်သူထံက ပြန်လည်ရယူဖို့။ မြူခိုးဆုံးရှုံးခဲ့ရသော မိမိရဲ့ဂုဏ်သိက္ခာ.. အရှက်တရား. မိသားစု. ပြီးတော့အချစ်။ ဒါတွေကို စေနိုင်သူဆီက ပြန်ယူရမည်။ ဒါက မြူခိုးရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်။ မြူခိုး ပထမဦးဆုံးလုပ်သည်က မေမေ့ထံသွားရမည်။ မိမိထောင်ကျသွားတဲ့အပြင် ညီမလေးကိုပါ မေမေဆုံးရှုံးလိုက်ရသောကြောင့် စိတ်ရောဂါဝေဒနာကို ခံစားနေရရှာသောမေမေ။ အရင်တုန်းက မေမေ့ကို တေးနုယဉ် ခေါ်ခေါ်လာသော်လည်း နောက်ပိုင်း တေးအိမ်ထောင်ကျသွားပြီးနောက် တေးနဲ့သူ အဆက်အသွယ်မရှိတော့သလို မေမေ့ကိုပါ ဆက်မပတ်သက်ဖို့ အပြတ်ပြောခဲ့သည်။ နေခွန်းနဲ့ စည်သူတို့ကတော့ တစ်ခါတလေ မေမေ့ကို ခေါ်လာပေးပါသည်။ သို့သော်လည်း သူတို့သည်လည်း သူတို့အလုပ်နဲ့ သူတို့ ရှုပ်နေကြသူတွေ မဟုတ်ပါလား။ ယခု မိမိလွတ်မြောက်လာသည်ကိုပင် သူတို့မသိကြသေးပါ။ မြူခိုး ထောင်ဆယ်နှစ်ကျတာ ဖြစ်သော်လည်း. သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာမှုနဲ့ လွတ်မြောက်လာသူထဲတွင် မြူခိုး ကံကောင်းထောက်မစွာ ပါလာခဲ့တာဖြစ်သည်။ မြူခိုးရဲ့ ရည်ရွယ်ချက်တွေ အကောင်အထည် ဖော်ဖို့အတွက် မိုးနတ်မင်းကူညီခြင်းပေလား။

InnocenceWhere stories live. Discover now