Jealousweet Part (1)

101K 5.6K 238
                                    

Unicode

**********

ညက ဘာကြောင့်ရယ်မသိ အစောကြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သော တုနှိုင်းခ အိပ်ရာနိုးလာတော့ မနက်တော်တော် စောနေသေးသည်။

ဒါကြောင့် အိပ်ရာက မထချင်သေး။ ထို့နောက် မြူခိုးကို သတိရသွားပြီး ကုတင်ဘေးကိုကြည့်လိုက်တော့ တရှူးရှူးနှင့် အိပ်ပျော်နေလေသော မြူခိုး။

တုနှိုင်းခက ကုတင်အလယ်တွင်ကာထားသော ကျောပိုးအိတ်နားကပ်ကာ တုနှိုင်းခဘက်ကို မျက်နှာမူပြီး လက်ပိုက်လျက် အိပ်ပျော်နေသော မြူခိုးကို ကြည့်ကာ တစ်ချက်ပြုံးလိုက်မိသည်။

မြူခိုးတစ်ယောက် ညက လှုပ်စိလှုပ်စိ ထိုင်လိုက်ထလိုက်နှင့် တော်တော်နှင့် မအိပ်နိုင်တာကို သိနေသည်။

တုနှိုင်းခ မြူခိုးရှိရာ ကုတင်တစ်ဖက်စွန်းကို ဖွဖွလေး တိုးလိုက်ပြီး အိပ်ပျော်နေသော မြူခိုးမျက်နှာနားကိုကပ်ကာ ကြည့်ကြည့်လိုက်မိသည်။

မျက်ခုံးထူထူ နှာခေါင်းချွန်ချွန် တိကျပြတ်သားသော မျက်နှာကျနှင့် မြူခိုးဟာ ရုပ်ရှင်မင်းသားတစ်ယောက်ဆိုသော အရှိန်အဝါကိုထည့်ပေါင်းလိုက်တော့ အရမ်းကို ကြည့်ကောင်းနေတော့တာ။

အခုတော့ မျက်ကွင်းတွေ ချိုင့်ဝင်နေကာ အိပ်ပျော််နေလိုက်သည်မှာ သနားစရာ။

မြူခိုးက ဘာကြောင့်များမိမိကို ဒီလောက်ချစ်ပြနေရတာလည်း တစ်ခါတစ်လေ တုနှိုင်းခနားမလည်နိုင်ပါ။ ဒါပေမယ့် မြူခိုး မိမိကို အရမ်းချစ်တယ်ဆိုတာကိုတော့ ရင်ထဲကနေကို နက်ရှိုင်းစွာခံစားလို့ရနေတာ။

ညက တုနှိုင်းခ အရမ်းကိုလွန်သွားလားမသိ။ မြူခိုး အရမ်းစိတ်ညစ်သွားတဲ့ပုံ။ ညက မင်းပုံစံနှင့် ဘယ်လိုဖြစ်နိုင်မှာလဲကွာ ဆိုသော မြူခိုးရဲ့ စကားတို့ကြောင့် တုနှိုင်းခ ရှက်သွားတာရော  နည်းနည်းစိတ်ကောက်ချင်သွားတာရောကြောင့်ပါ ဒီလိုပြုမူလိုက်မိတာ.အရမ်းကိုဆိုးသွားသည်ထင်သည်။

မြူခိုး မိမိကိုများ စိတ်အရမ်းဆိုးသွားမလား မသိ။

မြူခိုးကို နည်းနည်းအားနာမိသော်လည်း တုနှိုင်းခ ဒီကိစ္စကို အလျှော့မပေးနိုင်သေးပါ။ တုနှိုင်းခကို ပတ်ဝန်းကျင်မှာ ရှိသမျှလူအားလုံး မြူခိုးအပါအဝင် ကလေးတစ်ယောက်လို သဘောထားနေကြတာကို လုံးဝသဘောမကျပါ။ ညက မြူခိုးကို လိုက်လျောလိုက်မိရင် တစ်သက်လုံးမြူခိုးမျက်လုံးထဲမှာ မိမိက ကလေးတစ်ယောက်လိုဘဲဖြစ်နေတော့မည်လေ။

InnocenceWhere stories live. Discover now