Chapter (28)

85.6K 5.8K 152
                                    

Unicode

**********

တေးနုယဉ် မိမိဘေးတွင် ကားမောင်းနေသော တုနှိုင်းခကို ကြည့်နေမိသည်။

စောစောက ဆေးရုံတွင် မြူခိုးထွက်သွားပြီးနောက် တေးလည်း သိချင်ဇောနဲ့ မြူခိုးကြည့်နေရာ ပြတင်းပေါက်သို့ လိုက်ကြည့်လိုက်မိတော့ တုနှိုင်းခကို အဝေးကနေ ငေးကြည့်နေသော မြူခိုးကို တွေ့လိုက်ရလေသည်။ ထို့နောက် ဘေးတွင် ထိုင်ကာ သွားစကားပြောသည်ကို တွေ့လိုက်ရလေသည်။

ငယ်လေးနဲ့ မြူခိုးက သိနေကြတာလား။ ဘယ်လိုတွေ သိကြတာလဲ။ တေးစိတ်ထဲ ထင့်နေသောကြောင့် အင်တာနက်ကနေ မြူခိုးကို စင်တင်ပေးလိုက်တဲ့ Entertainment ကို ရှာကြည့်လိုက်တော့ Miracle Entertainment ဖြစ်နေလေရာ တေး အရမ်းကို အံ့သြသွားမိလေသည်။ ငယ်လေး ဘာတွေ လျှောက်လုပ်နေတာပါလိမ့်။

တုနှိုင်းခ မြူခိုးကို ဘာကြောင့် ဒီလိုလုပ်ပေးလိုက်ရတာလဲ ဆိုတာကတော့ စဉ်းစားနေစရာတောင် မလို။ အရင်ကတည်းက စေနိုင်သူ လုပ်ခဲ့တာတွေအတွက် မြူခိုးအား အရမ်းသနားကာ စိတ်မကောင်းဖြစ်ပေးခဲ့သူ မဟုတ်ပါလား။

အရင်ကတည်းက စေနိုင်သူနဲ့ တုနှိုင်းခဆိုတာ စိတ်သဘောထားချင်း ဆန့်ကျင်ဘက် ညီအစ်ကိုတွေလေ။ စေနိုင်သူက အရင်ကတည်းက ဒေါသကြီးသည်။ လိုချင်တာကို ရအောင်ယူတတ်သည်။ သူတစ်ပါးအတွက်ကို မတွေးပေး။ ရက်စက်တတ်သည်။

သို့သော် တုနှိုင်းခကတော့ အစ်ကိုဖြစ်သူနဲ့ ဆန့်ကျင်ဘက်။ နူးညံ့သည်။ ကိုယ်ချင်းစာတတ်သည်။ အလျှော့ပေး လိုက်လျောတတ်သည်။

ဒါကြောင့်မို့လို့ တုနှိုင်းခက အစ်ကိုလုပ်သူရဲ့ အပြစ်တွေကို ဆေးကြောပေးဖို့ သူ့တွင် တာဝန်ရှိတယ်လို့ ခံယူထားကာ မြူခိုးအား ကူညီပေးခဲ့ခြင်းပေလား။ ဒါကြောင့်မို့လို့ ငယ်လေးက အလုပ်လုပ်ချင်သည်ဟု ဇွတ်ပူဆာခဲ့တာနေမှာ။

ဒီအကြောင်းတွေကို ကိုစေသိသွားရင် ပြသနာအကြီးကြီးတတ်တော့မယ်ဆိုတာ ငယ်လေး မသိဘူးလား။ သိရဲ့သားနဲ့ လုပ်ခဲ့တာလား။ ဘာတွေလုပ်ခဲ့တာလဲ။ ငယ်လေးကို မေးကြည့်လိုက်ရင် ကောင်းမလား။

InnocenceWhere stories live. Discover now