Ch. 22

15.8K 1.6K 21
                                    

Charles ဟာ ပါတီအခန်းနားထဲမှာ လိပ်ပြာလေးတစ်ကောင်လိုမျိုး လူးလာပျံသန်း နေလေတယ် ။ သူ့ရဲ့ နှစ်လိုဖွယ်ရာ ဆွဲဆောင်မူနဲ့ ဟာသဉာဏ် ထက်သန်မူတို့ဟာ များပြားလှတဲ့ ယောကျာ်း ၊ မိန်းမထုကြီးကို ကောင်းကောင်း ညို့ယူထားနိုင်တယ် ။ အဲ့လို လာဝန်းရံကြတဲ့ လူအများစုဟာ အနုပညာနယ်ပယ်ထဲမှာ ထင်ပေါ်ကျော်ကြားတဲ့ လူတွေ ဖြစ်ကြတယ် ။ ဒီနားမှာ နောက်ထပ် ကြာကြာ ဆက်နေမိရင် လူအုပ်ကြီးကြောင့် အသက်ရူမွန်းကြပ်ပြီး သေလုမျောပါး ဖြစ်လာနိုင်တဲ့အတွက် Tang Feng ဟာ Charles နံပါးကနေ ဝေးရာကို တဖြေးဖြေး ရွေ့သွားခဲ့တယ် ။

ရှန်ပိန်တစ်ခွက်ကို ကိုင်ဆောင်ထားပြီး လသာဆောင်ဘက် ထွက်လာခဲ့တယ် ။ ညရဲ့ လေနုအေးလေးဟာ နူးညံပါးလွှာတဲ့ ပိုးထည်စလေးလို့ သူ့မျက်နှာထက် ရှပ်ပြေးသွားတယ် ။ ညနေခင်းချိန်ခါရဲ့ မှော်ဆန်တဲ့ အလှတရား တစ်ခုလိုပါပဲ ။

ခွက်ထဲက ရွှေအိုရောင် အရည်တွေကို ခပ်ဖြည်းဖြည်း လူပ်ခါလိုက်ပြီး အာစွတ်ယုံ တစ်ငုံလောက် သောက်လိုက်တယ် ။ Alcohol ဓာတ်ဟာ လျှာဖျားကနေတဆင့် ဝမ်းဗိုက်အတွင်းထဲသို့ ပူနွေးစွာ စီးဆင်းသွားလေတယ် ။

ဒီနေ့ ညနေခင်းရဲ့ ညကောင်းကင်အလှဟာ ရင်သပ်ရူမောဖို့ကောင်းရအောင် လှပနေလွန်းတယ် ။

ခပ်ဝေးဝေး ကောင်းကင်ယံထက်မှာတော့ ငွေရောင်လမင်းဟာ တောက်ပတဲ့ ဓားခြမ်းကွေး တစ်ခုလို တင့်တယ်စွာ ထွန်းလင်းနေတယ် ။ မရေမတွက်နိုင်တဲ့ ကြယ်စင်ပေါင်းများစွာကလည်း စိန်ပွင့်လေးတွေ ကြဲဖြန့်ထားနေသလိုပါပဲ ။

လူတချို့တွေရဲ့ ဘဝဟာ ကြယ်တံခွန်လိုပဲ ။ လှပတယ်ဆိုပေမယ့် သူတို့ရဲ့ သက်တမ်းဟာ မျက်စိတစ်မှိတ် ၊ လျှပ်တစ်ပြတ်အတွင်း ကုန်ဆုံးသွားတယ် ။

တချို့တွေ့ကျတော့ ကြယ်စင်လေးတွေနဲ့ တူတယ် ။ တောက်ပနေတယ်ဆိုပေမယ့်လည်း သူ့လို လင်းလက်တဲ့ မရေမတွက်နိုင်တဲ့ ကြယ်ပွင့်တွေကြား နစ်မွန်းနေရတယ် ။

လမင်းကြီးကသာလျှင် သမိုင်းစဉ်အဆက်ဆက်က လူတွေရဲ့ ကဗျာတွေ ၊ သီချင်းတွေထဲ ထည့်သွင်း စပ်ဆိုခြင်းခံရပြီး နှလုံးသားထဲမှာ အမြဲစွဲထင်ခြင်းခံရတဲ့ တစ်ခုတည်းသော အရာဖြစ်တယ် ။ အခုအချိန်မှာတော့ Tang Feng ဟာ လမင်းကြီးကို ငြိမ်သက်တိတ်ဆိတ်စွာ ငေးကြည့်နေမိတယ် ။

True Star (Myanmar Translation )Where stories live. Discover now