Ch.75 : Only the Beginning

12.2K 1.3K 124
                                    


နှင်းဆီပန်းပွင့်တွေ လက်ခံရရှိကြတဲ့ အနုပညာရှင်တွေဟာ ချက်ချင်းလက်ငင်း ထွက်မသွားချင်ကြဘူး ။ Charles နဲ့ အချိန်နည်းနည်းလောက်ပဲ ဖြစ်ဖြစ် ထပ်ပြီး စကားစမည် ပြောချင်နေကြသေးတယ် ။ သို့ပေမယ့်လည်း သူတို့တွေ အားလုံးကို အထက်က တာဝန်ရှိပုဂ္ဂိုလ်တွေဆီက ညွှန်ကြားမိန့် ရရှိထားတဲ့ ထုတ်လုပ်ရေးဝန်ထမ်းတွေဟာ အပြင်ကို အားလုံး ထွက်သွားဖို့ ပြောဆိုညွှန်ကြားကြလေတယ် ။ ရုပ်သံလွှင့်ဌာနနဲ့ ဖြစ်ဖြစ် ၊ ထုတ်လုပ်ရေးအဖွဲ့နဲ့ ဖြစ်ဖြစ် ပြသနာ ကတောက်ကဆ တက်မိသွားခဲ့ရင် အနာဂတ်မှာ ဆက်ဆံရေး အခြေအနေ ပျက်ပြားသွားမှာ မလိုလားတဲ့ အတွက်ကြောင့် အနုပညာရှင်တွေ အားလုံးဟာ စိတ်ပျက်လက်ပျက်နဲ့ ထွက်ခွာသွားကျရလေတယ် ။ ဝရန်တာ တံခါးဝကနေ ထွက်ခွာမသွားရခင် သူတို့အားလုံးဟာ အခုအချိန်အထိတိုင်အောင် Charles နံဘေးမှာ အတူရှိနေပြီး ၊ လက်ထဲမှာ နှင်းဆီပန်းစည်း ကိုင်ဆောင်ထားတဲ့ Tang Feng ကို မနာလို အားကျတဲ့ အကြည့်နဲ့ ကြည့်သွားကြတယ် ။

T.S note..... မတူရင် မတုကြနဲ့လေ ။ Tang လေး ဘဝနဲ့ နီတို့ ဘဝနဲ့ တူတန်လို့လား ။ ဟွင်းဟွင်း ။ J'donut စားပီး ဘေးမှာ စောင်ကိုက်ပီးကြည့်နေကြ ။

ဒီနေ့ ရိုက်ကူးရေးရဲ့ ရလဒ်ဟာ အားလုံး ကြိုတင်မျှော်မှန်းခဲ့တာနဲ့ လုံးဝ တခြားစီပဲ ။ ဘယ်သူကမှ ပထမဆုံးအပိုင်းမှာတင် Feng Xiu Jie ကို Charles ငြင်းထုတ်ပစ်လိမ့်မယ်လို့ ထင်ကိုမထင်ထားကြဘူး ။ အဆုံးသတ်မှာ Tang Feng တစ်ယောက်တည်းကို ကွက်ပြီး Romantic ဆန်ဆန် နုနုရွရွ အမူအယာမျိုးနဲ့ ကြွေသက်ဆင်း ခစားနေလိမ့်မယ်လို့ ပိုတောင် မထင်မိကြသေးတယ် ။

ကျန်နေသေးတဲ့ အဖွဲ့သားတွေဟာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြလေတယ် ။ Charles နဲ့ Tang Feng ကိုတော့ ထွက်သွားချိန်သင့်နေပြီလို့ ဘယ်သူကမှ လာရောက် သတိပေး မပြောဆိုသွားရဲကြဘူး ။ အခုဆို သူတို့နှစ်ယောက်တည်းပဲ ဝရန်တာမှာ ကျန်ရစ်နေခဲ့တယ် ဆိုပေမယ့် ကင်မရာတွေ ဆက်လက်ရိုက်ကူးနေတုန်းပဲဆိုတာ Tang Feng ကော ၊ Charles ပါ ကိုယ်စီ သိလို့နေကြတယ် ။

Charles ကတော့ ကင်မရာ ရိုက်ကူးနေနေ ၊ မနေနေ လုံးဝ ဂရုကိုစိုက်မနေဘူး ။ TV မှာ မထုတ်လွှင့်ခင်အချိန်အတွင်း သူ့စိတ်တိုင်းကျ ပြင်ဆင်တည်းဖြတ်ပိုင်ခွင့်ကို Kai က ပေးထားနှင့်ပြီးသားလေ ။ တချို့တလေကို ပရိသတ်စိတ်ဝင်စားလာအောင် ပြသခွင့် ပေးနိုင်ပေမယ့် ၊ အရာအားလုံးဟာ လူတိုင်းကို ချပြလို့ မသင့်တော်ဘူးလေ ။ Private Life ဆိုတာက ရှိသေးတယ်မလား ။ မလိုလားအပ်တဲ့ အတင်းဖျဉ်းစကားတွေ ၊ ဝေဖန်သံတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတာမျိုး သူမလိုလားဘူး ။

True Star (Myanmar Translation )Where stories live. Discover now