Ch.37 Honest Thoughts (Part.1)

15.5K 1.6K 25
                                    

အိမ်အပြန်လမ်း တစ်လျှောက်လုံးမှာ Charles ဟာ Tang Feng ကို စားသောက်ဆိုင်မှာတုန်းက ပြောခဲ့တဲ့ စကားတွေဟာ အပြောင်အပျက် သက်သက်သာ ဖြစ်လို့ စိတ်ထဲ အလေးအနက်မထားဖို့ နှစ်သိမ့်နေလေတယ် ။

၁၆ ၁၇ မိုက်ရူးရဲအရွယ်မျိုးတွေသာ Charles ပြောတာ အမှန်တွေလို့ ယုံကြည်လိမ့်မယ် ။ အပြင်ပန်းမှာတော့ Tang Feng ဟာ အပြုံးမျက်နှာနဲ့ ခေါင်းငြိမ့်ပြပြီး စားသောက်ဆိုင်တုန်းက ကိစ္စတွေကို ရင်ထဲမှာ တေးမှတ်မထားကြောင်း ဟန်ဆောင်လိုက်တယ် ။ Charles ရဲ့ အိမ်တော်ကို ပြန်ရောက်တာနဲ့ ၊ Tang Feng ဟာ အခန်းထဲကိုဝင် ၊ ကွန်ပြူတာကိုဖွင့်ကာ Albert နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်မှန်သမျှကို အကုန်ရှာဖွေကြည့်တော့တယ် ။ Tang Feng လို သာမန်သရုပ်ဆောင်တစ်ယောက် အနေနဲ့ အထူးလျို့ဝှက်ထောက်လှမ်းရေး agent တစ်ယောက်လိုမျိုး လူတစ်ယောက်ရဲ့ နောက်ကြောင်းရာဇဝင်ကို ခရေစေ့တွင်းကျ ရှာဖွေဖော်ထုတ်ဖို့ရာက လွယ်တော့လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး ။ ကံကောင်းထောက်မစွာပဲ အင်တာနက်ထဲမှာ Albert နဲ့ ပတ်သတ်တဲ့ သတင်းတချို့ကို သူရှာလို့ရခဲ့တယ် ။ သိပ်များများစားစား မဟုတ်ပေမယ့် ရှာလို့ရတဲ့ သတင်း တစ်ခုစ နှစ်ခုစလေးတွေကို စေ့စေ့စပ်စပ် လေ့လာကြည့်ခဲ့တယ် ။

Albert Downey ဆိုသူဟာ Denmark နိုင်ငံသား ၊ ငယ်ရွယ်အောင်မြင်တဲ့ စီးပွားရေးသမား တစ်ယောက် ။ သူ့နာမည်ကို ဥရောပတခွင်မှာ အောင်မြင်ထင်ရှားအောင် တည်ဆောက်နိုင်ခဲ့ပြီး ဒုစရိုက်လောကနဲ့ အဆက်အဆံရှိနေတယ်လို့လည်း အရိပ်အမြွတ် ထင်ကြေးပေးခံထားရတယ် ။ ဒါပေမယ့်လည်း ဒါဟာ တကယ်ဟုတ်မဟုတ် ဘယ်သူကမှ ပေါ်ပေါ်ထင်ထင် တရားဝင် မဖော်ထုတ် မပြောဆိုရဲကြဘူး ။

နောက် သတင်းတစ်ခုမှာ ဖော်ပြထားတာတွေကတော့ Albert ရဲ့ အတင်းအဖျင်း သတင်းတွေပါ ။ မနေ့က Albert တစ်ယောက် ဘယ်မင်းသမီးနဲ့ တွဲခုတ်သွားတယ် ။ ဒီနေ့တော့ ဘယ်မင်းသားနဲ့ ဇယားရူပ်နေတယ် ။ နောက်ရက်ကျတော့ ဘယ်မော်ဒယ်ကောင်လေးနဲ့ ခြေပုန်းခုတ်နေတယ် ။ အဲ့ဒီလို သတင်းမျိုးတွေပါ ။ ကြည့်ရတာ Albert ဆိုတဲ့လူဟာ တော်တော်လေး မြာပွေတဲ့သူ ထင်ရဲ့ ။

Tang Feng ဟာ ရူပ်ထွေးပွေလီလှတဲ့ Albert နဲ့ သတင်းထွက်ခဲ့တဲ့ မင်းသား ၊ မင်းသမီး ၊ မော်ဒယ်တွေရဲ့ စာရင်းကို သေချာဖတ်ကြည့်ပြီး ၊ တစ်ယောက်ချင်းစီရဲ့ လက်တလော နောက်ဆုံးအခြေအနေ သတင်းကို အင်တာနက်ထဲမှာ ထပ်ရှာဖွေကြည့်လိုက်တယ် ။ သူတို့အားလုံးဟာ Albert နဲ့ အိပ်ရာထက်ဇာတ်လမ်း ဖြစ်ခဲ့ကြပေမယ့် Charles ပြောသလို အခြေအနေမျိုးမဟုတ်ကြပဲ သက်ရှိထင်ရှား ရှိနေကြပါသေးတယ် ။ ထူးဆန်းတာတစ်ခုကတော့ အဲ့ဒီလူတွေထဲက တော်တော်များများဟာ အရက်စွဲ ၊ မူးယစ်ဆေးဝါးစွဲသွားကြတာကိုပဲ ။ သူတို့တွေ အခုလို ဖြစ်လာအောင် Albert က သွေးဆောင်ခဲ့တာ ဟုတ်မဟုတ်ကို ဘုရားသခင်မှပဲ အမှန်အတိုင်း သိမြင်နိုင်လိမ့်မယ် ။

True Star (Myanmar Translation )Where stories live. Discover now