Ch.70 : The Acting Class's Exam Question

11.9K 1.3K 32
                                    


Recording လုပ်တာပြီးသွားတဲ့နောက် Tang Feng ဟာ သူ့ရင်ထဲက သံသယကို အဖြေထုတ်နိုင်ဖို့ Gino ရဲ့ မန်နေဂျာဆီ ဖုန်းဆက်သွယ် မေးမြန်းခဲ့ပေမယ့် တစ်ဖက်ကပုဂ္ဂိုလ်ဟာ သူ့ကို Gino ရဲ့ ဖုန်းနံပါတ်ကို ပေးဖို့ ငြင်းဆန်ခဲ့လေတယ် ။ Gino ဟာ သူနဲ့ နောက်ထပ်ဆုံတွေဖို့ အခွင့်အရေးကို စောင့်မျှော်နေပါတယ်လို့ပဲ အဖြေပေးခဲ့တယ် ။ နောက်ပိုင်းကျမှ Xiao Yu ဆီမှတစ်ဆင့် Lu Tian Chen ဟာ သူ့ရဲ့လက်အောက်ကလူတွေကို အမိန့်ပေးစေခိုင်းပြီး Gino ကို လှမ်းဆက်သွယ်ခဲ့တယ်ဆိုတာ Tang Feng သိခဲ့လိုက်ရတယ် ။ ဒီလို ဆက်သွယ်လာတာကိုလည်း Gino က အသာတကြည် လက်ခံခဲ့တယ်လေ ။

ထားလိုက်ပါလေ ။ ဘယ်လိုကြောင့်ပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ရလာခဲ့တဲ့ ရလဒ်အပေါ် သူအနေနဲ့ ဝမ်းသာနေရမှာပဲ မဟုတ်လား ။ ကြည့်ရတာ ဒီတစ်ခါတော့ Lu Tian Chen ဘက်က သူ့ကို မြေတောင်မြောက်ပေးဖို့ တကယ်ပဲ ဆုံးဖြတ်လိုက်ပြီ တူတယ် ။

Training class အနေနဲ့ကတော့ ယခုအပတ်ရဲ့ နောက်ဆုံးနေ့မှာ ပထမဆုံး သရုပ်ဆောင်ခြင်း အတက်ပညာကို ပို့ချမယ့် class ကို သူတို့တွေ စတင်တက်ရောက်ကြရတော့မယ် ။ အားလုံးဟာ အဲ့ဒီအတန်းချိန်ကို ရင်ခုန်မျှော်လင့် စောင့်စားလို့နေကြလေတယ် ။ သူတို့တွေရဲ့ အဓိက အသက်မွေးဝမ်းကြောင်း အလုပ်ဟာ သရုပ်ဆောင် မင်းသား ၊ မင်းသမီးတွေ ဖြစ်ကြတာကြောင့် အားလုံးရဲ့ အကြီးမားဆုံး ရည်မှန်းချက်ပန်းတိုင်ဟာ မိမိတို့ရဲ့ သရုပ်ဆောင်အရည်အချင်းကို ယခုထက် ပိုမိုတိုးတက်သွားချင်ကြတာပဲ ဖြစ်ကြလေတယ် ။

ဒါတွေထက်ပိုပြီး သူတို့ရဲ့ စိတ်နှလုံးကို လူပ်ရှားသွားစေတာက အဲ့ဒီနေ့ရောက်ရင် ကမ္ဘာ့ထိပ်တန်းအဆင့် ဆုချီးမြင့်ပွဲမြောက်မြားစွာထံမှ ထူးချွန်ဆုတံဆိပ်ပေါင်းများစွာ လက်ဝယ်ပိုင်ဆိုင်ထားတဲ့  ၊ တစ်ကမ္ဘာလုံးမှ အနုပညာရှင်တွေအားလုံး လေးစားရတဲ့ ၊ ထိပ်တန်းသရုပ်ဆောင်ကြီး Leory နဲ့ ဆုံတွေ့ခင်ရကြရတော့မယ်လေ ။ Leory ဟာ Tang Feng ရဲ့ အရင်ဘဝဟောင်း Fiennes Tang အဖြစ်ရှိခဲ့တုန်းက သူ့ကို သင်ကြားပေးခဲ့ဖူးတဲ့ ၊ ကျေးဇူးရှိတဲ့ ဆရာဟောင်း တစ်ယောက်လည်း ဖြစ်လေတယ် ။

အခုချိန် Tang Feng ရင်ထဲ ဖြစ်ပေါ်နေတဲ့ ခံစားချက်ကို တိတိကျကျ အဓိပ္ပာယ်ဖော်ထုတ်နိုင်မယ့် စကားလုံးကို သူရှာဖွေစဉ်းစားလို့မရဘူး ဖြစ်နေလေတယ် ။ စိတ်တွေအရမ်းလူပ်ရှားနေမိသလို ၊ တစ်ဖက်ကလည်း အရမ်းကို စိတ်အားတက်ကြွလို့ နေပြန်လေတယ် ။ သူနှင့် အခြားသင်တန်းသားတွေ အားလုံးဟာ မတ်တပ်ရပ်နေကြပြီး Leory ရောက်ရှိလာမယ့် အချိန်ကို စောင့်မျှော်လို့နေကြတယ် ။ Tang Feng ဟာလည်း အခုအချိန်မှာ တခြားသောသူတွေလိုပါပဲ ၊ မိမိအရမ်းအားကျလေးစားရတဲ့ Idol တစ်ယောက်ကို ကြိုလင့်စောင့်စားနေတဲ့ fan တစ်ယောက်လို ဖြစ်နေတယ်လေ ။ 

True Star (Myanmar Translation )Where stories live. Discover now