Ch.51 : Envy ( Part.1 )

14K 1.3K 30
                                    

အခုဆိုရင် Tang Feng ဟာ သူပါဝင်တဲ့  အခန်းကိုရိုက်ကူးမယ်ဆိုတဲ့ အချိန်မျိုးမှပဲ ရုပ်ရှင်ရိုက်ကွင်းဆီကို သွားဖို့လိုအပ်တော့တယ် ။ လွန်ခဲ့သော ရက်အနည်းငယ်ကတင်ပဲ သူ့ဘဝ ပြန်လည်ရှင်သန် မွေးဖွားခဲ့ပြီးနောက် ပထမဆုံးအကြိမ် သရုပ်ဆောင်ရတဲ့ ဇာတ်ဝင်ခန်းကို အောင်အောင်မြင်မြင် ရိုက်ကူးပြီးစီးသွားခဲ့တယ် ။ သူသရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်ကာရိုက်တာက တေးဂီတပညာရှင် တစ်ယောက် အနေနဲ့ ဖြစ်ပြီး ခေါင်းဆောင်းမင်းသမီးနဲ့လည်း တွေ့ဆုံသိကျွမ်း ရင်းနှီးခွင့်ရခဲ့သေးတယ် ။ ပထမဆုံးဇာတ်ဝင်ခန်းကို တစ်ကြိမ်တည်းနဲ့ အမှားအယွင်းမရှိ သရုပ်ဆောင် ရိုက်ကူးပြီးသွားတဲ့နောက်မှာ နည်းနည်းစီ နည်းနည်းစီနဲ့ သူဆက်လက်သရုပ်ဆောင်ရမယ့် အခန်းတွေကို တဖြည်းဖြည်းချင်း ရိုက်ကူးသွားခဲ့ကြတယ် ။ မျှော်မှန်းထားတာထက်ကို ပိုပြီး အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ပြီးစီးသွားခဲ့တယ် ။

တီဗီစီးရီး တစ်ခုကို ရိုက်ကူးထုတ်လွှင့်ရတာဟာ ရုပ်ရှင်တစ်ကားကို ရိုက်ကူးရတာထက် ပိုမိုခက်ခဲ ကြမ်းတမ်းတဲ့ အတားအဆီး လုပ်ငန်းစဉ်အဆင့်တွေ ရှိနေတယ် ဆိုပေမယ့်လည်း Tang Feng လို ကမ္ဘာအဆင့်မီ သရုပ်ဆောင်တစ်ယောက် အတွက်ကတော့ သမရိုးကျ ထမင်းစားရေသောက် အလုပ်ကို လုပ်နေရသလိုပါပဲ ။

တီဗီစီးရီးပဲဖြစ်ဖြစ် ၊ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ဖြစ် Tang Feng ကတော့ ကင်မရာရှေ့မှာ သရုပ်ဆောင်နေရတာကိုပဲ ကျေနပ်ပျော်ရွှင်နေမိတယ် ။ ဒီနေ့တော့ တီဗီစီးရီးမှာ သူပါဝင်သရုပ်ဆောင်ရမယ့် နောက်ဆုံးဇာတ်ဝင်ခန်းကို ရိုက်ကူးရမှာ ဖြစ်တယ် ။ ခေါင်းဆောင်မင်းသမီးကို ကယ်တင်ဖို့ရာအတွက် သူ့အသက်ကို ပေးပြီး စတေးရမယ့် အခန်းပဲဖြစ်လေတယ် ။ ဒီအခန်းဟာ ဝမ်းနည်းကြေကွဲစရာ ဖြစ်နေပေမယ့်လည်း အဲ့လို ဇာတ်ဝင်ခန်းမျိုးဟာဆိုရင် ပရိသတ်ရဲ့ စိတ်နှလုံးကို ဖမ်းစားနိုင်ပြီးတော့ သူ့အပေါ် သနားကရုဏာသက်ဝင်သွားစေနိုင်လေတယ် ။

ပရိုဂျူဆာအဖွဲ့တွေဟာ Tang Feng ရှိရာကို တကူးတက လာရောက်ပြီးတော့ သူ့ရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကို အားပါးတရ ချီးကျူးကြလေတယ် ။ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေကို အပြန်အလှန် လဲလှယ်ကြပြီးတော့ ပရိုဂျူဆာဟာ နောက်ထပ်အခွင့်အရေးရလာခဲ့ရင် Tang Feng နဲ့ လက်တွဲပြီး အလုပ်တွေ အများကြီးဆက်လုပ်ဖို့ ကတိကဝတ်ပေးခဲ့လေတယ် ။

True Star (Myanmar Translation )Where stories live. Discover now