ဘဏ်စာအုပ်ထဲ လက်ကျန်ငွေက ဂဏန်း၃လုံးပဲ ကျန်တာ မြင်လိုက်တော့ Tang Fang အတွက် ပြောစရာ စကား မရှိတော့ဘူး ။ မူလလက်ဟောင်း Tang Fang ဟာ အမေလုပ်သူ ချန်ထားခဲ့တဲ့ အမွေမှန်သမျှ အပြတ်ရှင်းဖို့ လက်မနှေးတဲ့ လူစားမျိုးပဲ ။ မန်နေဂျာ ဆိုတဲ့တစ်ယောက်က သူနေခဲ့တဲ့ အိမ်ကို ဘဏ်က အကြွေးမဆပ်လို့ သိမ်းသွားတယ်ဆိုတဲ့ စကား ၊ ထူးတော့မဆန်းတော့ပါဘူး ။ ဘဏ်စာအုပ်ထဲ ကျန်နေသေးတဲ့ ဒီငွေလေးဟာ ခုလက်ရှိ Tang Fang ရဲ့ ပိုင်ဆိုင်မူ အကုန်ပဲ ။
ဘဏ်စာအုပ်ကို ဘီဒိုအံဆွဲထဲ ပြန်ထည့်ပြီး ၊ ရေခပ်သွက်သွက် ချိုးလိုက်တယ် ။ အဝတ်စားလဲဖို့ အဝတ်ဘီဒို ဖွင့်ကြည့်ချိန်မှာတော့ နာမည်ကြီး brand အဝတ်အစား အပြည့်ကို မြင်လိုက်ရတယ် ။ ဒါပေမယ့် အရင် Tang Fang ရဲ့ အစပ်အဟပ်မတည့်ဘဲ ရွေးချယ်ထားတဲ့ ဒီအဝတ်အစားတွေကို သူ ဘယ်လိုလုပ် ဝတ်ရမလဲ ။ ခက်ခက်ခဲခဲ ရှာလိုက်ရပြီး ၊ နောက်ဆုံးမှ navy blue ရောင် တီရှပ် တစ်ထည်နဲ့ ဂျင်းဘောင်းဘီ အနက်ရောင် တစ်ထည်ကို ရှာတွေ့ခဲ့တယ် ။ ဒီလောက်ဆို ထသွားထလာ ဝတ်ဖို့ရာ လုံလောက်သွားပြီ ။
မန်နေဂျာဆိုတဲ့သူရဲ့ ပြောစကားအရဆိုရင် Lu Tai Chen က သူနေဖို့အတွက် ကုမ္ပဏီအဆောင် တစ်ခုကို စီစဉ်ပေးမယ် ။ ဒီမတိုင်ခင်တော့ Charles ရဲ့ အိမ်ကြီးမှာ တစ်လတိတိ နေရဦးမယ် ။
လှေကားကနေ တဆင့် အောက်ထပ်ကို ဆင်းလာတော့ Charles က ကြိုတောင်ရောက်နေပြီ ။ အခန်းထဲ ထွန်းထားတဲ့ အလင်းရောင်ဖျော့ဖျော့ရယ် ၊ ညက ဆေးအရှိန် ကျန်နေသေးတာကြောင့်မို့ Charles ဘာလုပ်နေတယ်ဆိုတာ အဝေးက သေချာမမြင်ရဘူး ။
" Morning... "
Charles ဟာ သူ့ကိုပြုံးပြီး နူတ်ဆက်တယ် ။ နေရောင်ခြည်ရဲ့ အလင်းတန်းအောက်မှာ သူ့ရဲ့ ကော်ဖီညိုရောင် ဆံနွယ်တွေဟာ တောက်ပနေတယ် ။ ဝတ်ထားတဲ့ အဝတ်အစားတွေဟာ သပ်ရပ်သေသပ်ပြီးတော့ ၊ ကိုယ်နေဟန်ထားက တည်ကြည်ခန့်ညားလိ့ု နေတယ် ။ အရှေ့မှာတော့ ရိုးရှင်းပေမယ့် အထူးကောင်းမွန်နေမယ့် မနက်စာရယ် ၊ နေ့စဉ်ထုတ် သတင်းစာ အချို့ကို ပြင်ဆင်ထားတယ် ။ အများစုက စီးပွားရေးနဲ့ ဆိုင်တဲ့ သတင်းစာတွေပေမယ့် အနုပညာနဲ့ဆိုင်တဲ့ သတင်းစာ တစ်စောင်ကို Tang Fang တွေ့လိုက်တယ် ။
YOU ARE READING
True Star (Myanmar Translation )
Romanceလတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ် ။ ဒီဇာတ်လမ်းလေးကို တည်ဆောက်ထားတာဟာ သမရိုးကျ ဇာတ်လမ်းဇာတ်အိမ်နဲ့ ကွဲထွက်နေပြီး ရုပ်ရှင် Industry အကြောင်းနဲ့ သရုပ်ဆောင်ခြင်...