Ch.93 : Albert (1)

22.1K 1.1K 195
                                    

" ဟုတ်ပါတယ်လေ ။ သူ့မှာ မွေးရာပါ နှလုံးအားနည်းတဲ့ရောဂါ ရှိနေတာ အမှန်ပဲ ။ ဒါပေမယ့် မင်းသူ့အနားကို ရောက်သွားရင် သူဟာရောဂါသည်တစ်ယောက်ဆိုတဲ့ အသိ အလိုလို မေ့သွားတယ် ။ Fienees ဟာ ဘယ်လိုနည်းနဲ့မှ ရုတ်တရက် နှလုံးဖောက်ပြီး ချက်ချင်း သေသွားနိုင်တယ်လို့ တွေးမိမှာ မဟုတ်ဘူး ။ "

Gino ရဲ့ စကားသံဟာ တဖြည်းဖြည်း နူးညံ့လိုလာလေတယ် ။ သူ့လေသံထဲမှာ တစ်ဖက်လူကို လေးစားအားကျတဲ့ အရိပ်အရောင်မျိုး မြင်လာရတယ် ။

" သူက အကောင်းမြင်စိတ် အပြည့်အဝရှိတဲ့ လူတစ်ယောက်ပဲ ။ အမြဲတန်း ကြိုးစားနေတက်ပြီး ၊ ကြုံတွေ့လာတဲ့ အမှားတွေကနေ သင်ခန်းစာယူပြီး ရှေ့ကို လျှောက်လှမ်းတဲ့ လူမျိုးပဲပေါ့ ။ ဘဝကို ဘယ်လိုမျိုး အဓိပ္ပါယ်ရှိရှိ ၊ အကောင်းမွန်ဆုံး ဖြတ်သန်းရမယ်ဆိုတာကိုလဲ တခြားသူတွေထက် ပိုပြီးသိနားလည်တယ် ။ "

" သူ့လိုပုံစံမျိုးရှိတဲ့ လူမျိုးဆိုတာ တခြားသူတွေရဲ့ အမြင်ထဲမှာ အရမ်းကို ဆွဲဆောင်မူရှိတယ် ။ ကိုယ့်ဘေးမှာရှိနေတဲ့ လူတိုင်းကို တက်ကြွမူအပြည့်အဝပေးနိုင်တဲ့ လူမျိုးကို ဘယ်သူက သဘောမကျပဲ နေနိုင်မှာလဲ ။ သူနဲ့စကားပြောလိုက်ရယုံနဲ့တင် မင်းရဲ့ သမရိုးကျနေ့ရက်တစ်ခုဟာ အဓိပ္ပါယ်အပြည့်ရှိသွားသလို ခံစားသွားရနိုင်စေတယ် ။ သူနဲ့အတူရှိနေရင်း မင်းကိုယ်မင်း ကြိုးစားချင်စိတ်တွေ ဖြစ်လာလိမ့်မယ် ။ ပြောရရင် မင်းယုံကြည်နိုင်မယ်တောင်မထင်ဘူး ။ ငါသူ့ကို လေးစားတယ် ၊ ဒါပေမယ့် မနာလိုလည်း ဖြစ်မိတယ် ။ ဘာအကြောင်းပြချက်မှမရှိပဲနဲ့ ငါသူနဲ့ အမြဲတန်း အငြင်းအခုန် ဖြစ်လေ့ရှိတယ် ။ ငါ့သူ့ကို မုန်းနေတာ မဟုတ်ဘူးဆိုတာ ငါ့ရင်ထဲမှာ အလိုလိုသိတယ် ။ ငါသူနဲ့ ဒီထက်ပိုပြီး နီးနီးကပ်ကပ် နေချင်မိခဲ့တာပါ ။ "

တခြားသူတစ်ယောက်ရဲ့ အမြင်ပုံစံနဲ့ Gino ဆီကနေ သူ့အပေါ်အမြင်ကို ပြန်ပြီးကြားနေရတဲ့ အဖြစ်က ထူးဆန်းလှသလို ၊ အံ့သြစရာလည်းကောင်းလှတယ် ။ Tang Feng ဟာ Gino သူ့အပေါ်မှာ အခုလိုမျိုးတွေ ခံစားချက်မျိုး ရှိနေခဲ့လိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် Gino ရဲ့ သူ့အပေါ် အရင်တုန်းက ပြုမူခဲ့ပုံတွေနဲ့ ၊ ပြောခဲ့တဲ့ စကားတွေဟာ အခုအချိန် ပြန်စဉ်းစားကြည့်လိုက်ရင်တောင် ကလေးကလားဆန်လွန်းလှတယ်လို့ သူထင်နေတုန်းပဲ ။

You've reached the end of published parts.

⏰ Last updated: Jan 11, 2020 ⏰

Add this story to your Library to get notified about new parts!

True Star (Myanmar Translation )Where stories live. Discover now