Ch.46 : Hello, President Lu ( Part.3)

15.4K 1.4K 43
                                    

" ဒါရိုက်တာ Li Wei က အစကတည်းက သူ့ရဲ့ ရုပ်ရှင်မှာ ဘယ်သူကို ထည့်ပြီး သုံးမယ်ဆိုတာ ဆုံးဖြတ်ချက် ချထားပြီးသား ။ အဲ့ဒီ သူရွေးထားတဲ့ လူနဲ့ ရိုက်ဖို့ အဆင်မပြေဖြစ်သွားလို့ ငါတို့က သူ့ကို Su Qi Cheng ရဲ့ ကုမ္ပဏီက Ge Chen ကို မိတ်ဆက်ပေးခဲ့တာ ။ သူ့ရဲ့ အရည်အချင်းက သရုပ်ဆောင်တစ်ယောက် အနေနဲ့ ပြည့်စုံကောင်းမွန်တယ် ဆိုပေမယ့် ဒါရိုက်တာကြီးက မင်းက သူ့ထက် ပိုပြီးတော့ ကင်မရာ အရှေ့မှာ ပိုပြီးတော့ အသက်ဝင်အောင် သရုပ်ဆောင်နိုင်တယ်လို့ ယူဆတယ်လေ ။ "

Lu Tian Chen ဟာ အဲ့ဒီ စကားလုံးတွေကို ပြောဆိုရင်း Tang Feng ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်နေလေတယ် ။

လူရွေးပွဲ လုပ်တဲ့ အချိန်တုန်းကလည်း Lu Tian Chen ဟာ သူနဲ့ Geno အနမ်းပေးကြတဲ့ သရုပ်ဆောင်ခန်းကို လက်မှတ်မဝယ်ပဲ နံဘေးကနေ ဗလာချီကြီး ရပ်ကြည့်နေခဲ့တယ်လေ ။

" President Lu, ပြောစရာရှိတာ ဝေ့ဝိုက်မနေပဲ လိုရင်းကို တည့်တည့်ပြောပါ ။ ကျွန်တော့်ကို ရွေးလိုက်တာလား ။ ငြင်းလိုက်တာလား ? "

လိုရင်းကို မရောက်နိုင်တဲ့ စကားကြောရှည်ကြီးကို ထိုင်နားထောင်နေရတာ ဘာကိုပြောချင်တယ်ဆိုတဲ့ လိုရင်းကို နားထောင်နေရတဲ့သူ ဖမ်းဆုပ်လို့ အခုထိကို မရနိုင်သေးဘူး ။ Lu Tian Chen သူ့ကိုတမင်တကာ လာစားနေတာ အသေအချာပဲ ။

" ဘာလို့လဲ... စိတ်မရှည်တော့ဘူးလား ? "

နူတ်ခမ်းစွန်းကို တွန့်ကွေး ပြုံးပြီး Lu Tian Chen ဟာ လက်ထဲမှာ ကိုင်ထားတဲ့ ဓားကို အောက်ချလိုက်တယ် ။

" ဒီလို ဆိုကြပါစို့ကွာ ။ Ge Chen နဲ့ မင်းနဲ့ နှစ်ယောက်မှာ ဒါရိုက်တာကြီး ဘက်က မင်းကို ရွေးချယ်ဖို့ အခွင့်အရေး ပိုပြီးတော့များတယ် ။ ဒါရိုက်တာကြီးရဲ့ ရုပ်ရှင်မှာ ငါ့ရဲ့ Tain Chen Entertainment နဲ့ Su Shi Entertainment အတူပူးပေါင်းပြီး အကျိုးတူ ဆောင်ရွက်ကြတယ် ဆိုပေမယ့် ငါတို့ တာဝန်ယူထားကြတာက marketing အပိုင်းပဲ တာဝန်ယူထားတာ ။ အဓိက ရင်းနှီးမြုတ်နှံတဲ့ သူက Charles ပဲ ။ "

အဲ့တော့ ဘာဖြစ်လဲ ။ ဒါတွေ အားလုံး သူသိပြီးသား အကြောင်းအရာတွေချည်းပဲ ။ Lu Tian Chen အခုထိ လိုရင်းကို မရောက်နိုင်တော့ဘူး ။

True Star (Myanmar Translation )Où les histoires vivent. Découvrez maintenant