Ch.11 Lu Tian Chen (Part 2)

17.1K 1.8K 10
                                    

Lu Tian Chen နဲ့ Charles ဟာ ပြောစရာ ခေါင်းစဉ် တစ်ခုရသွားတာနဲ့ ၊ ပုံမှန်လိုပဲ ဆက်ပြောနေကြတယ် ။ နှစ်ယောက်ကြားမှာ တားဆီးကန့်သတ်ထားတဲ့ စည်းဘောင်တွေ မရှိကြဘူး ။ ပြောနေကြတဲ့ အကြောင်းတွေက ယနေ့ စီးပွားရေးလောကရဲ့ မျက်မှောက် အခြေအနေတွေကနေ ၊ ကုမ္ပဏီရဲ့ အနုပညာလုပ်ငန်းအသစ်တွေအပေါ် ရင်းနှီးမြုတ်နှံမူတွေ အထိ ဖြစ်လာတယ် ။ Tang Feng ဟာ လိမ္မာပါးနပ်စွာပဲ ဝင်ရောက်ဆွေးနွေးခြင်း မပြုဘူး ။ လက်ရှိအခြေအနေမျိုးမှာ ဘေးမှာ ငြိမ်ငြိမ်လေးနေပြီး ၊ လေးလေးစားစား နားထောင်နေခြင်းဟာ အကောင်းမွန်ဆုံး ချဉ်းကပ်ခြင်းပဲ ။

နားထောင်ရင်းနဲ့ ပိုပို သိလာရတာက သူတို့နှစ်ယောက်လုံးဟာ ဘာကိုမဆို လက်တွေ့ကျကျပဲ လုပ်ကိုင်တက်ပြီး ၊ စိတ်ကူးမယဉ်တက်တဲ့ လူမျိုးတွေ ဆိုတာကိုပဲ ။

ရုတ်တရက်ဆိုသလို Tang Feng ဟာ Lu Tian Chen ရူးရူးမူးမူး စွဲလန်းနေတယ်ဆိုတဲ့ Ge Chen ဆိုသူကို တွေ့ချင်လာမိတယ် ။ ဒီလို ပညာတက် ၊ ချမ်းသာ ၊ ရုပ်ရည်ချောမောပြီး ၊ စိတ်ကူးမယဉ်တက်တဲ့ လူမျိုးတစ်ယောက်ကို သူ့အပေါ် ကြွေဆင်းအောင် လုပ်နိုင်တယ်ဆိုကတည်းက ၊ အဲ့ဒီ Ge Chen ဆိုတဲ့တစ်ယောက် လက်ရှိ အချိန်မှာ အရမ်းအောင်မြင်ကျော်ကြားနေတာ သိပ်မထူးဆန်းတော့ပါဘူး ။

" Tang... ဘာတွေ စဉ်းစားနေတာလဲ? "

Charles ရဲ့ စကားတစ်ခွန်းကြောင့် စားပွဲမှာ ထိုင်နေတဲ့ နှစ်ယောက်လုံးရဲ့ အာရုံဟာ Tang Feng အပေါ်ကို ကျရောက်လာတယ် ။ ဒီစကားဝိုင်းမှာ တစ်ယောက်တည်း အတွေးနယ်ချဲ့ချင်တိုင်း ချဲ့ဖို့ အခွင့်မပေးကြတော့ဘူး ။ Lu Tain Chen ကလည်း သူပြောမယ့် စကားကို စောင့်နားထောင်နေလေတယ် ။

Tang Feng ဟာ အတွေးနည်းနည်း လွန်သွားခဲ့လို့ သူတို့နှစ်ယောက် နောက်ပိုင်းဆက်ပြောကြတဲ့ အကြောင်းအရာကို သေသေချာချာ မသိဘူး ။ နည်းနည်းမှတ်မိတာက Charles ဟာ ရုပ်ရှင်ဇာတ်ကားအသစ် ရိုက်ဖို့ရှိတဲ့ အကြောင်းနဲ့ ၊ လူသစ်တွေကို training လုပ်မယ့် အကြောင်းလောက်ကိုပဲ ။

Tang Feng ဟာ တောင်းပန်တဲ့ အပြုံးနဲ့ပြုံးပြပြီး ၊ အသနားခံတဲ့ မျက်ဝန်းနဲ့ Charles ကို ငေးကြည့်လိုက်တယ် ။ ဘယ်လောက်ပဲ ပါဝါကြီးမားပြီး ၊ အောင်မြင်ပါတယ်ဆိုတဲ့ ယောကျာ်းတွေမဆို သူ့ရဲ့ ဒီအပြုံးအောက်မှာ ကျရူံးသွားနိုင်တာ Tang Feng အသေအချာကြီးကို သိနေတယ် ။ အရင်အချိန်တုန်းက များပြားစွာသော ရင်းနှီးမြုတ်နှံသူတွေနဲ့ ဒါရိုက်တာပေါင်းများစွာကို သူ ကြုံတွေခဲ့ဖူးတယ် ။ ဒီလူတွေဟာ ဘယ်လောက်ပဲ အရှိန်အဝါတွေ သုံးပြီး ၊ အေးစက်စက်ပြုမူပလေ့စေ ၊ သင့်ဘက်ကနေပြီး ပျော့ပျော့ပျောင်းပျောင်း ဆက်ဆံမယ်ဆိုရင် သင့်ကို ကောင်းကောင်းမွန်မွန် ပြန်လည်တုံ့ပြန်ပေးလာကြမှာပဲ။

True Star (Myanmar Translation )Donde viven las historias. Descúbrelo ahora