Ch.56 : Applying Medicine ( Part.2 )

12.9K 1.8K 88
                                    


" ကျွန်တော် သစ်သားတုတ်နဲ့ လေးငါးချက်လောက်ပဲ အရိုက်ခံထိခဲ့တာပါ ။ ဘာမှကြီးကြီးမားမား မဖြစ်ခဲ့ပါဘူး ။ ငယ်ငယ်တုန်းက bar မှာ ရန်ဖြစ်ခဲ့တုန်းကဆိုရင် အရက်ပုလင်းနဲ့တောင် ခေါင်းရိုက်ခွဲခံထိခဲ့ဖူးသေးတာ ။ နှစ်ရက်လောက် နားနေလိုက်ရင် ကောင်းသွားမှာပါ ။ "

Tang Feng တစ်နေ့ခင်းလုံးလည်း အိပ်ခဲ့ပြီးပြီ ။ အခု ရေမိုးလည်းချိုး ၊ ညစာလည်းစားပြီးသွားပြီဆိုတော့ သူ့ရဲ့ ကိုယ်ရောစိတ်ပါ လန်းဆန်းဖျတ်လက်နေပြီး ခေါင်းလည်း ကြည်ကြည်လင်လင် ဖြစ်သွားပြီ ။ အိပ်ရာထက် တက်လှဲလိုက်ပြီး ရေချိုးဝတ်ရုံကို ခါးနားအထိ ဆွဲချလိုက်တယ် ။ နွေးထွေးဆိတ်ငြိမ်တဲ့ ဝါရွှေရောင် မီးရောင်အောက်မှာ သူ့ရဲ့ ငယ်ရွယ်ကျန်းမာတဲ့ ခန္ဓာကိုယ်ဟာ ပိုးသားလို တလက်လက် တောက်ပနေလေတယ် ။ ကျောပြင်ထက်က ထိခိုက်ဒဏ်ရာရထားတဲ့ အရိုးရာအမှတ်အသားတွေဟာ Tang Feng ရဲ့ ခန္ဓာကိုယ် အလှတရားကို ယုတ်လျော့သွားအောင် မစွမ်းဆောင်နိုင်ပဲ အရိုင်းဆန်ဆန် ယောကျာ်းပီသတဲ့သူတစ်ယောက်အဖြစ် ထင်မြင်လာအောင် ပိုမို ပံ့ပိုးပေးလိုက်သလိုပဲ ။

Lu Tian Chen ရဲ့ မျက်ဝန်းတွေ အနည်းငယ် ကျဉ်းမြောင်းသွားလေတယ် ။ အိပ်ရာဆီကို လျှောက်လှမ်းသွားပြီး Tang Feng နံဘေးဝင်ထိုင်လိုက်တယ် ။ အိပ်ရာဘေး စားပွဲက အံဆွဲကိုဖွင့်လိုက်ပြီး အတွင်းမှာထည့်ထားတဲ့ ဒဏ်ကြေဆေးပုလင်းကို ထုတ်ယူလိုက်လေတယ် ။

" မင်းငယ်ငယ်တုန်းက ရန်ဖြစ်ဖူးတယ် ? "

" အင်း...ဟုတ်တယ်လေ ။ "

Tang Feng မရည်ရွယ်ပဲနဲ့ သူ့ရဲ့ အရင်ဘဝဟောင်းတုန်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို နူတ်ကနေ လွှတ်ခနဲ ပြောခဲ့လိုက်မိပြီ ။ ဒါပေမယ့်လည်း သူအကဲခတ်ကြည့်လိုက်တော့ Lu Tian Chen ဘက်ကနေ သိပ်ပြီးတော့ သံသယ ကြီးကြီးမားမား ဖြစ်မသွားခဲ့ဘူး ။ လက်မောင်းပေါ် ခေါင်းကိုမှေးတင်ထားပြီး အပြုံးတစ်ချက်နဲ့ သူဆက်ပြောလိုက်တယ် ။

" လူတိုင်းလူတိုင်းမှာ လက်ရှိအခြေအနေနဲ့ မတူတဲ့ အတိတ်ပုံရိပ်တွေ ရှိတတ်ကြတာပဲလေ ။ မိုက်ရူးရဲဆန်မယ် ။ သွေးဆူလွယ်တယ် ။ ဘာကိုမှ အလေးမထားပဲ စိတ်ထင်ရာလုပ်တက်တဲ့ အတိတ်ပုံရိပ်မျိုးတွေပေါ့ဗျာ ။ "

True Star (Myanmar Translation )Where stories live. Discover now