" အချစ်လေး....ဘာစားချင်လဲ ? ကြိုက်တာမှာစား ။ ဘာမှ အားနာစရာမလိုဘူး ။ "
Charles ဟာ သူ့ရဲ့ ညို့ငင်အား တစ်ခုဖြစ်တဲ့ ဆွဲဆောင်မူအပြည့်ရှိတဲ့ အပြုံးကို မျက်နှာထက်ချိတ်ထားပြီး အခုလို လောကွတ်ပြုလိုက်တယ် ။ တောက်ပတဲ့ အညိုရောင် မျက်ဝန်းတွေထဲမှာ ကြင်နာနွေးထွေးမူတွေ အပြည့်အနှက်ပဲ ။ သိမ်မွေ့နူးညံ့မူ အပြည့်နဲ့ လုံးဝကို ချစ်သူကောင်းတစ်ယောက်ရဲ့ ပုံစံမျိုး ဖမ်းထားလေတယ် ။
Charles ရဲ့ စကားလုံးတွေအောက်မှာ Li Quan လို့ အမည်နာမရှိတဲ့ ကောင်လေးဟာ လုံးဝ အရည်ပျော်ဆင်းသွားလေတယ် ။ သူ့အပေါ် အခုကျတော့ ကြင်ကြင်နာနာ ဂရုစိုက်နေပြီး ဘာလို့ မနေ့ညကကျတော့ ခဏလောက် နမ်းပြီးတာနဲ့ သူ့ကို အိမ်ကနေ ချက်ချင်း ကန်ထုတ်ပစ်ခဲ့ရတာလဲ ။ အဲ့လို ကန်ထုတ်ခဲ့ပေမယ့်လည်း သူ့ကို နစ်နာကြေးအနေနဲ့ ပိုက်ဆံ အများကြီး ပေးလိုက်ပြန်သေးတယ် ။ အရင်တုန်းက သူများတွေပြောတာ သူကြားဖူးတယ် ။ ချမ်းသာကြွယ်ဝတဲ့ လူတွေဆိုတာ ငွေဂုဏ်မောက်ပြီး တစ်ဖက်သားကို မတူသလို မတန်သလို ဆက်ဆံတက်တယ်တဲ့ ။ အဲ့လိုလူစားမျိုးတွေနဲ့ သူ ကြုံဆုံခဲ့ဖူးပေမယ့် Charles လို ရုပ်ရည်ကလည်းချော ၊ ဥာဏ်ပညာကလည်း ထက်မြတ် ၊ သိမ်မွေ့နူးညံ့တဲ့ gentleman မျိုး ဘဝမှာ တစ်ခါမှ မဆုံဖူးခဲ့ဖူးဘူး ။
T.S note.... အင်း မြင်နေတယ် ။ ဒီငတိကတော့ မတန်ရာမှန်းလွန်းလို့ေ-ျးပန်းသေတော့မှာပဲ ။
အဲ့ဒီအချိန် Tang Feng တစ်ယောက် မီနူးစာအုပ်ကို ဟိုလှန် ဒီလှန် ကြည့်နေပြီး အနည်းငယ် ပူစပ်စပ် အရသာမျိုးရှိမယ့် ဟင်းပွဲတွေကို မှာယူရင်း အလုပ်ရူပ်နေလေတော့ Charles တို့ အချစ်ငှက်နှစ်ကောင် ချစ်ရည်လူးနေတဲ့ မြင်ကွင်းကို အာရုံထဲမှာတောင် ရှိမနေဘူး ။ သူနဲ့ Charles ကြားရှိတဲ့ အပေးအယူကိစ္စကလည်း ပြီးဆုံးသွားပြီပဲမို့လို့ ၊ သူတို့ရဲ့ relationship အခြေအနေပါ တစ်ခါတည်း အဆုံးသတ်ပြီးသွားခဲ့ပြီလို့ပဲTang Feng ရဲ့ စိတ်ထဲမှာ မှတ်ယူထားလေတယ် ။ ဒီအချိန်ကစပြီး Charles ဘယ်သူနဲ့ ဇယားခင်းခင်း ၊ ဘယ်သူနဲ့ပဲ ဖက်အိပ်အိပ် သူနဲ့ ဘာမှမပတ်သက်တော့ဘူး ။ အဲ့ဒီအတွက် အခု သူ့ရဲ့ မျက်စိအောက် Charles နွားပြာကြီး အောက်သွားမရှိသလို မုန်ယိုနေပြရင်လည်း စိတ်ထဲ ဘယ်လိုမှ ဖြစ်မသွားတော့ဘူး ။
![](https://img.wattpad.com/cover/126960105-288-k115143.jpg)
ESTÁS LEYENDO
True Star (Myanmar Translation )
Romanceလတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ် ။ ဒီဇာတ်လမ်းလေးကို တည်ဆောက်ထားတာဟာ သမရိုးကျ ဇာတ်လမ်းဇာတ်အိမ်နဲ့ ကွဲထွက်နေပြီး ရုပ်ရှင် Industry အကြောင်းနဲ့ သရုပ်ဆောင်ခြင်...