အနက်ရောင် အရောင်အသွေးရှိတဲ့ ကားတွေဟာ အခုလိုမျိုး ဂုဏ်သိက္ခာကြီးမားတဲ့ ခံစားချက်ကို ဖော်ထုတ်ပြသနိုင်တယ် ။ ကားမောင်းသမားဟာ သူတို့ နှစ်ဦးစလုံးအတွက် ကားတံခါးကို ဖွင့်ပေးတယ် ။ ဒါပေမယ် Charles ဟာ အထဲကို မဝင်သေးဘူး ။ Tang Fang ကို အရင်ဦးဆုံး ထိုင်စေပြီး ၊ နောက်မှ လိုက်ဝင်ထိုင်တယ် ။
" ကျွန်တော့်ကို ဒီနေ့ ဘာတွေ လုပ်ခိုင်းမလို့လဲ ? "
Tang Fang ကားနောက်ခုံမှာ ငြိမ်ငြိမ်လေးထိုင်ပြီး စဉ်းစားနေမိတယ် ။ Charles ဟာ တဏှာရာဂကြီးတဲ့ ကစားပွဲမျိုးကို စိတ်ဝင်စားတဲ့ လူမျိုးတော့ မဟုတ်လောက်ဘူး ။ ဒါပေမယ့် ဘယ်သူက သေချာသိနိုင်မှာလဲ ? ရုံးခန်းထဲကို ဆွဲခေါ်ပြီး ပေါက်ကရတွေ လုပ်ချင်လည်း လုပ်နိုင်တယ်လေ ။ Tang Fang ဟာ အခုချိန်ကတည်းက အဲ့ဒီလို အခြေနေမျိုးနဲ့ ကြုံဆုံလာရင် ငြင်းဆန်နိုင်ဖို့ စိတ်ကို အသင့်ပြင်ထားတယ် ။
" ငါ့ဘေးမှာ ဒီတိုင်းပဲ နေနေပေး ။ "
Charles ဟာ နူးညံ့စွာပြုံးပြီး သူ့လက်ဖဝါးကို အသာအယာ ကိုင်ထားတယ် ။ အဲ့ဒါထပ် ဘာမှ ပိုမလုပ်ဘူး ။
" Mr.Charles က ဘယ်လို လုပ်ငန်းမျိုးနဲ့ အသက်မွေးဝမ်းကြောင်း လုပ်လဲဆိုတာ ကျွန်တော် သိခွင့်ရမလား ? "
" စီးပွားရေးနဲ့ ဆိုင်တဲ့ အလုပ်မျိုးတွေပါပဲ ။ အများစုက အိမ်ခြံမြေနဲ့ ဘဏ္ဍာရေး အလုပ်မျိုးတွေ ။ လုပ်ငန်းအများစုက Europe ဘက်မှာ ရှိတယ် ။ အခုက တရုတ်ပြည်မှာ ရုပ်ရှင်လုပ်ငန်းထဲ ရင်းနှီးမြုတ်နှံဖို့ ပြင်ဆင်နေတယ် ။ "
Tang Fang အတိတ်မေ့နေတဲ့ အဖြစ်ကို သတိရလို့ Charles က ဆက်ပြောတယ် ။
" Lu Tain Chen နဲ့ ငါနဲ့က ကျောင်းနေဘက် သူငယ်ချင်းတွေ ။ ဒီမှာ လုပ်ငန်းတွေ လုပ်ဖြစ်တာလည်း သူ့ကြောင့်ပဲ ။ အခုလည်း သူနဲ့တွဲပြီး အလုပ်တစ်ချို့ လုပ်နေတယ် ။ "
" မင်း သူ့ကို လုံးဝ မမှတ်မိဘူးလား ? "
Charles ဟာ တကယ်ဟုတ်မဟုတ် သိချင်လို့ သေချာ မေးကြည့်တယ် ။
" မမှတ်မိဘူး ။ ဒါပေမယ် ဆေးရုံတက်နေတဲ့ အချိန်တုန်းကတော့ သူနဲ့ ကျွန်တော်ရဲ့ ကြားထဲမှာ အခြေအနေတစ်ခု ရှိနေတယ်လို့တော့ ပြောသံ ကြားဖူးတယ် ။

VOUS LISEZ
True Star (Myanmar Translation )
Roman d'amourလတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ် ။ ဒီဇာတ်လမ်းလေးကို တည်ဆောက်ထားတာဟာ သမရိုးကျ ဇာတ်လမ်းဇာတ်အိမ်နဲ့ ကွဲထွက်နေပြီး ရုပ်ရှင် Industry အကြောင်းနဲ့ သရုပ်ဆောင်ခြင်...