Tang Feng ဆီက မျှော်လင့်မထားတဲ့ အဖြေစကားဟာဆိုရင် ဘေးမှာ အတူရပ်နေတဲ့ Ge Chen ကို တုန်လူပ်မူကြောင့် အေးခဲသွားစေခဲ့တယ် ။ ပြစ်တင်ရူံချတဲ့ အကြည့်မျိုးနဲ့ Tang Feng ကို မျက်စောင်းလှည့်ထိုးလိုက်တယ် ။ အတွင်းစိတ်ထဲမှာတော့ ကျိတ်ပြီးဝမ်းသာနေတာပေါ့လေ ။ မနှစ်မြို့တဲ့ လေသံမျိုးနဲ့.....
" မင်းဟာလေ တရုတ်ပြည်တစ်ခုလုံးကို အရှက်ရအောင် လုပ်နေတာပဲ ။ "
Tang Feng ကတော့ အဲ့ဒီလို မသတ်မှတ်ဘူး ။ သူ အမှန်တွေပဲ ပြောနေတာလေ ။ Ge Chen လိုမျိုး နိုင်ငံခြားသရုပ်ဆောင် တစ်ယောက် အရှေ့မှာ ဖော်လံဖား မနေချင်ပါဘူး ။ Geno ကိုလည်း သူ သဘောမကျဘူး ။ ဒါကြောင့်မို့ အခုလိုပဲ ပြောလိုက်တာလေ ။ Geno ဘက်က သူ့ကို လှောင်ပြောင်တဲ့ အပြုအမူမျိုး လုပ်လာခဲ့ရင် ၊ သူ့ဘက်ကလည်း ထပ်တူ တုံ့ပြန်ဖို့ရာ နှောင့်နှေးနေမှာ မဟုတ်ဘူး ။ သေးသေးလာတင်ရင် လုံးကြီးတင်ဆံခတ် ပစ်လိုက်မယ် ။
Tang Feng ရဲ့ အဖြေစကားကြောင့် Geno ရဲ့ အပြာရောင်ဖျော့ဖျော့ မျက်ဝန်းဟာ စူးရှတောက်ပသွားလေတယ် ။ အကြည့်တွေဟာ Tang Feng အပေါ် လုံးလုံးလျားလျား ကျရောက်သွားပြီး ၊ သူ့မျက်နှာပြင်ထက်မှာ အေးစက်ပြီး ဒေါသအနည်းငယ်ထွက်နေတဲ့ အရိပ်အယောင်ကို တွေ့နိုင်တယ် ။
" မင်းဟာ တော်တော်လေးကို ယဉ်ကျေးမူ မရှိတဲ့လူပဲ ။ "
Tang Feng ဟာ Geno အကြောင်း အူမချေးခါးမကျန် အကုန်အစင် သိတယ် ။ ခပ်ဖျော့ဖျော့လေး ပြုံးပြီး ပြန်အမေးထုတ်လိုက်တယ် ။
" ခင်ဗျားကျတော့ကော ကျွန်တော့်ဇာတ်ကားတွေ ကြည့်ဖူးခဲ့လို့လား ? "
Ge Chen ဟာ တဖြည်းဖြည်း ပြင်းထန်လာတဲ့ စကားဝိုင်းကို တားဆီးဖို့ရာ လုံးဝ မကြိုးစားဘူး ။ ဘေးနားကနေ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခုကို ကြည့်နေရသလို ၊ ဒီတိုင်း ရပ်ကြည့်နေလေတယ် ။ ကြုံဖို့ခက်တဲ့ တကယ့်ပွဲကောင်းကို သူဘာလို့ ဝင်ပါနေရမှာလဲ ။
Tang Feng စကားကြောင့် Geno ဆက်ပြီး စိတ်မဆိုးနိုင်တော့ဘဲ အားရပါးရ ရယ်မောလိုက်တယ် ။
" ငါလည်း မင်းရဲ့ ဇာတ်ကားတွေ မကြည့်ဖူးသေးဘူး ။ ခုမှ ပထမဆုံး စဆုံရတာဆိုပေမယ့် ငါတော့မင်းကို တော်တော်လေး ကြိုက်သွားပြီ ။ "
![](https://img.wattpad.com/cover/126960105-288-k115143.jpg)
KAMU SEDANG MEMBACA
True Star (Myanmar Translation )
Romansaလတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ် ။ ဒီဇာတ်လမ်းလေးကို တည်ဆောက်ထားတာဟာ သမရိုးကျ ဇာတ်လမ်းဇာတ်အိမ်နဲ့ ကွဲထွက်နေပြီး ရုပ်ရှင် Industry အကြောင်းနဲ့ သရုပ်ဆောင်ခြင်...