Ch.33 Dream Lover ( Part 1 )

17.1K 1.6K 10
                                    

" နေရထိုင်ရတာ စိတ်ကျဉ်းကြပ်တယ် " ဆိုတဲ့ စကားလုံးဟာ အခုလက်ရှိ ကားထဲမှာ ဖြစ်ပွားနေတဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ အသင့်တော်ဆုံး စကားလုံးပဲ ။ ဒါပေမယ့် ဒီလို ခံစားနေရတာ သူမ တစ်ယောက်တည်းပဲလားလို့ Xiao Yu စဉ်းစားမိတယ် ။ ကားနောက်ခန်း ၊ သူမရဲ့ ဘေးနား အတူထိုင်နေတဲ့ Tang Feng နဲ့ ကားမောင်းနေတဲ့ Charles ကတော့ လမ်းတောက်လျှောက် အေးအေးလူလူ စကားတွေဖောင်ဖွဲ့နေလေကြတယ် ။

ဒီနေ့မှာ သူတို့တွေဟာ အရင်တစ်ပတ်တုန်းက ပါဝင်ရိုက်ကူးဖို့ ဆုံးဖြတ်ထားတဲ့ " Dream Lover " အစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရာ တီဗီရုပ်သံဌာနဆီကို ထွက်လာခဲ့ကြတယ် ။ သိထားရသလောက်ကတော့ ဒီအစဉ်ဟာ Blind Dates ဆုံတွေ့မူကို ရိုက်ကူးထုတ်လုပ်တဲ့ တခြားသော အစီအစဉ်တွေနဲ့ အလားသဏ္ဏန် တူတူပါပဲ ။ နာမည်ကသာ နည်းနည်းထူးဆန်းသွားတာပါ ။ ကြည့်ရတာ သူ့ရဲ့ အေဂျင်စီက Tang Feng ရဲ့ အနုပညာ ပြန်လည်လူပ်ရှားမူအတွက် အခု အစီအစဉ်မှာ ကြိုတင်လက်ဦးပြီး နေရာယူထားပေးတာ ဖြစ်နိုင်တယ် ။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ရုပ်သံဌာနကို နောက်ကျပြီး ရောက်သွားလို့တော့ မကောင်းဘူး ။ Tang Feng လို အမေ့လျော့ခံ ကြယ်ပွင့်ဟောင်း တစ်ယောက်အဖို့ Xiao Yu လို မန်နေဂျာကောင်း တစ်ယောက် ရရှိထားရတာကပဲ ကံအရမ်းကောင်းလွန်းလှပါပြီ ။ လက်ရှိအခြေအနေမှာ သူ့အတွက် ကုမ္ပဏီက သီးသန့်စီစဉ်ပေးထားတဲ့ ကားမရှိသေးဘူး ။ အဲ့အတွက်ကြောင့်မို့ အရင်တစ်ခေါက် ဒါရိုက်တာ Li ရဲ့ လူရွေးပွဲကို သွားဖို့ရာ ၊ Charles ရဲ့ ယဉ်မောင်းလုပ်သူက လိုက်ပို့ပေးခဲ့ရလေတယ် ။

ဒီနေ့ရဲ့ မနက်ခင်းမှာ Charles ဟာ လက်ဖက်ရည်သောက် ၊ သတင်းစာဖတ်ရင်း အိမ်မှာ အေးအေးလူလူ အနားယူနေလေတယ် ။ Tang Feng သူ့ရဲ့ အေဂျင်စီဆီကို သွားဖို့ရှိတယ့်အကြောင်း ကြားလိုက်ရတော့ ၊ သူ့ဘက်ကနေ လိုလိုလားလားနဲ့ လိုက်ပို့ပေးမယ်လို့ Tang Feng ကို ကမ်းလှမ်းတယ် ။ Xiao Yu က ငြင်းဖို့လုပ်သေးပေမယ့် ၊ Tang Feng က သူ့မထက် အရင် သဘောတူ လက်ခံလိုက်တယ်လေ ။ တစ်ဖက်သားက လိုလိုလားလား လိုက်ပို့ပေးချင်နေမှတော့ ၊ ဘာလိုများ အပင်ပန်းခံပြီး အငှါးကား စီးနေရဦးမှာလဲ ?

True Star (Myanmar Translation )Tahanan ng mga kuwento. Tumuklas ngayon