Charles ရဲ့ စံအိမ်မှာ Tang Feng သဘောကျ နှစ်အခြိုက်မိဆုံး နေရာကတော့ master bedroom ထဲမှာ ရှိတဲ့ ဇိမ်ခံရေချိုးခန်းကြီးကိုပဲ ။ ဧည့်သည်တည်းခိုနားနေဖို့ စီစဉ်ပေးထားတဲ့ အခန်းထဲက ရေချိုးခန်းဟာ လှပတယ် ဆိုသော်ငြားလည်း master bedroom ထဲကဟာနဲ့ ယှဉ်လိုက်ရင်တော့ အများကြီးကို အဆင့်ကွာဟလှတယ် ။ Charles ဆီမှာ နေရတာ အချိန် တစ်ပတ်လောက်ကြာတော့ Charles က သူ့ကို master bedroom အခန်းရဲ့ password ကို ပေးခဲ့တယ် ။
ကိုယ်ရရှိထားတဲ့ အခွင့်အရေးကို ကောင်းကောင်းကြီး အသုံးချတက်တဲ့ Tang Feng ဟာ စံအိမ်မှာ Charles မရှိတဲ့ အခါမျိုးဆိုရင် ရေချိုးကန်ထဲမှာ အချိန်နှစ်နာရီလောက် အချိန်ဖြုန်းနေတက်တယ် ။ နွေးထွေးတဲ့ ရေနွေးနွေးလေးမှာ စိမ်နေရင်း ၊ အအေးလေးကိုသောက် ၊ ကျောကို နောက်ဘက်ချမှီထားရင်း ၊ မျက်နှာခြင်းဆိုင် နံရံထပ်မှာ တပ်ဆင်ထားတဲ့ တီဗီမှာ ပြသနေတဲ့ ရုပ်သံအစီအစဉ်တွေကို ကြည့်ရင်း ကောင်းကောင်းကြီးကို ဇိမ်ခံနေတယ်လေ ။
ဒီနေ့ သူကြည့်မိတဲ့ ရုပ်ရှင်ကားကတော့ လတ်တလောအချိန် ပြင်သစ်ဘက်မှာ နာမည်ကြီးနေတဲ့ ရိုမန့်စ် ဇာတ်ကားလေးပါ ။ ဇာတ်လမ်းလေးကတော့ အထက်တန်းလွှာ မင်းမျိုးမင်းနွယ် လူရွယ်တစ်ယောက်ဟာ sky diving လုပ်ရင်းက မတော်တဆဖြစ်ခဲ့ပြီး ခြေထောက်တွေ ထိခိုက်ဒဏ်ရာရခဲ့ရတယ် ။ တစ်ကိုယ်ရည် ဗာဟိရကိစ္စတွေကို ကိုယ်တိုင်လုပ်ဆောင်ရာမှာ အဆင်မပြေ အခက်အခဲကြုံနေရတာမို့လို့ အာဖရိကန်လူမျိုးတစ်ယောက်ကို အကူအဖြစ် ငှါးရမ်းခဲ့တယ် ။ မတူညီကွဲပြားတဲ့ နောက်ခံ အသိုင်းအဝန်း အဆင့်အတန်းရှိကြတဲ့ လူနှစ်ယောက်ဟာ အချိန်တစ်ခုကြာလာလေ တစ်ယောက်နဲ့ တစ်ယောက်ကြား ပတ်သက်ဆက်နွယ်မူတွေ တိုးပွားနက်ရိုင်းလာခဲ့တယ် ။ ဇာတ်ကားရဲ့ ဇာတ်အိမ်ဖန်တီးထားမူဟာ အဆင့်အတန်း မတူညီ ကွာဟခြားနားမူ ၊ အသားအရောင် ခွဲခြားဆက်ဆံမူ စတဲ့ လူ့အသိုင်းဝိုင်းကြားမှာ ပဋိပက္ခတွေ ဖြစ်ပေါ်စေနိုင်တဲ့ ကိစ္စတွေကို ထည့်သွင်းရိုက်ကူးထားခြင်း မရှိပါဘူး ။ အဲ့ဒီအစား ကြည့်ရူနေတဲ့ ပရိသတ်တွေရဲ့ စိတ်နှလုံးကို ကြည်နူးနွေးထွေးသွားစေမယ့် ဇာတ်လမ်းဇာတ်ကွက်မျိုးတွေကို ထည့်သွင်းထားပြီး အဆုံးသတ်မှာ အားလုံးရဲ့ ရင်ထဲ စာနဲ့ရေးသားဖော်ပြဖို့ရာ ခက်ခဲတဲ့ ခံစားချက်တစ်ရက် ကျန်ရစ်ခဲ့စေတယ် ။
![](https://img.wattpad.com/cover/126960105-288-k115143.jpg)
YOU ARE READING
True Star (Myanmar Translation )
Romanceလတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ် ။ ဒီဇာတ်လမ်းလေးကို တည်ဆောက်ထားတာဟာ သမရိုးကျ ဇာတ်လမ်းဇာတ်အိမ်နဲ့ ကွဲထွက်နေပြီး ရုပ်ရှင် Industry အကြောင်းနဲ့ သရုပ်ဆောင်ခြင်...