Ch.38 Honest Thoughts (Part.2)

15.5K 1.7K 41
                                    

Lu Tian Chen ဟာ စားပွဲခုံထက်မှာ စာရွက်ဖိုင်တွေကို ဖွင့်ဖတ်ကြည့်နေတဲ့ အချိန်အခိုက်အတန့်မှာပဲ ရုံးခန်းတံခါး ရုတ်တရက် ပွင့်သွားလေတယ် ။

" ငါ ဒီကိစ္စကို အချိန်ယူ စဉ်းစားနေမိတာ တော်တော်ကြာသွားပြီ ။ အခုတော့ ငါမင်းကို ပြောပြဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ ။ "

Charles ဟာ Lu Tian Chen ရဲ့ အရှေ့ကခုံမှာ ခပ်အေးအေးပဲ ဝင်ထိုင်လိုက်ရင်း ပြောလိုက်တယ် ။

" President Lu... ကျွန်မ တောင်းပန်ပါတယ် ။ "

အခန်းတံခါးဝ အပြင်မှာ ရပ်နေတဲ့ အတွင်းရေးမူးရဲ့ မျက်နှာဟာ မသက်မသာဖြစ်နေလေတယ် ။ သူမ အနေနဲ့ ရုံးခန်းထဲကို ဇွတ်တရက် ဝင်ရောက်လာတဲ့ Charles ကို မဟန့်တားနိုင်ခဲ့ဘူးလေ ။

Lu Tian Chen ဟာ အေးစက်စက် အမူအယာနဲ့ လက်တစ်ချက်ယမ်းပြီး အချက်ပြလိုက်တယ် ။ သူမအနေနဲ့ Charles ကို စိတ်ထဲမထားပဲ လုပ်စရာရှိတဲ့ အလုပ်ကို သွားလုပ်ဆိုတဲ့ ပုံစံမျိုးပေါ့ ။

" မင်း အခုလုပ်ရမယ့် တာဝန်က ပွင့်နေတဲ့ အခန်းတံခါးကို ပြန်ပိတ်သွားလိုက်ပါ ။ "

Lu Tian Chen ဟာ အရှေ့မှာ ထိုင်နေတဲ့ Charles ကို ဖြည်းဖြည်းချင်း မျက်လုံးပင့်ကြည့်တယ် ။ အဲ့ဒီနောက် လှောင်ပြောင်ချင်တဲ့ အငွေ့အသက် ဖုံးလွှမ်းနေတဲ့ လေသံမျိုးနဲ့ လှမ်းမေးတယ် ။

" ဒီနေတော့ မင်းရဲ့ အချစ်ဆုံးလေး Tang Feng တစ်ယောက် ဘေးမှာ မပါလာတော့ပါလား ? "

" ငါဟာ ကတိတစ်လုံးကို လေးစားတန်ဖိုးထားတဲ့ လူကြီးလူကောင်းတစ်ယောက်ဆိုတာ မင်းသိသင့်ပါတယ် ။ "

Charles ဟာ ပုခုံးတစ်ချက်တွန့်ပြီး ထိုင်ခုံမှာ မှီထိုင်လိုက်တယ် ။ ဆေးပြင်းလိပ်ကို မီးညှိပြီး တစ်ချက် နှစ်ချက် ဖွာရိူက်လိုက်တယ် ။

" ငါ Tang Feng ကို ဒီအချိန်တစ်လအတွင်း သူ့အတွက် perfect အဖြစ်ဆုံး ချစ်သူတစ်ယောက် အဖြစ် နေပေးမယ်လို့ ကတိပေးထားတယ် ။ အဲ့ဒီတော့ ငါ့ဘက်က သူဇာတ်ကား၁ဝကားလောက်ရိုက်မှ ရမယ့်ပိုက်ဆံကို အသေးသုံး မုန့်ဖိုး အနေနဲ့ ပေးနိုင်ပေမယ့်လည်း ၊ သူရဲ့ အလုပ်လုပ်ချင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ငါလိုက်နာပေးရမယ်လေ ။ "

True Star (Myanmar Translation )Where stories live. Discover now