လောကမှာ လူတွေဟာ တစ်ဦးနဲ့တစ်ဦး မည်သို့မည်ပုံ ပြောဆိုဆက်ဆံတက်ကြပါသလဲ ? Tang Feng ရဲ့ ကိုယ်ရေးအဘိဓာန်မှာတော့ တစ်ဖက်သားကို ကျိုးကျိုးနွံနွံ အလျော့ပေး ဆက်ဆံတာမျိုးလည်း မရှိသလို ၊ အထက်စီးကနေ အနိုင်ကျင့် ဆက်ဆံတာမျိုးလည်း မရှိခဲ့ဘူး ။" ထောက်.. "
Tang Feng ဟာ ရေခဲစိမ်ထားတဲ့ ဘီယာသံဗူးတစ်လုံးကို အဖုံးကလစ်ဆွဲဖြုတ်လိုက်ပြီး Lu Tian Chen ဆီ ကမ်းပေးလိုက်တယ် ။ သူသောက်ဖို့အတွက် နောက်ထပ်တစ်လုံးကို ဖောက်လိုက်ပြီး ဦးခေါင်းကို အနည်းငယ်မော့ကာ တစ်ကျိုက် မော့သောက်လိုက်တယ် ။ အေးစက်နေတဲ့ ရွှေဝါရောင် ဗျစ်ရည်ဟာ လည်ချောင်းကို ဖြတ်သန်းပြီး ဝမ်းဗိုက်အတွင်းသို့ ပူနွေးစွာ စီးဆင်းသွားလေတယ် ။ သွေးကြောထဲကတစ်ဆင့် ခန္ဓာကိုယ် တစ်ခုလုံးကို alcohol ဓာတ်တွေ ပျံ့နှံ့စိမ့်ဝင်သွားလေတော့တယ် ။ Tang Feng ကိုယ်တွင်းရှိ alcohol ဓာတ်နဲ့ ခန္ဓာကိုယ်ပြင်မှာ တည်ရှိနေတဲ့ ချွေးရနံ့တို့ ပေါင်းစပ်ဓာတ်ပြုပြီး ထွက်လာတဲ့ ရနံ့သစ်တစ်မျိုးဟာ လေထုထဲမှာ တစိမ့်စိမ့် စီးဝင်လို့နေလေတယ် ။ နူးညံ့သိမ်မွေ့မူနဲ့ ပြင်းပြတဲ့ရမ္မက်ခံစားချက်တွေ ဖြစ်တည်ပေါက်ပွားစေနိုင်တဲ့ Argentina Tango ဂီတသံဟာ အခုအချိန်ထိ ခန်းမထဲ ပျံ့လွင့်လိုနေနေဆဲပဲ ။
" Tang Feng ... ငါမင်းကို မေးခွန်းတစ်ခု မေးချင်တယ် ။ "
Lu Tian Chen ဟာ Tang Feng နံဘေးမှာ မတ်တပ်ရပ်လျက် ရှိလို့နေတယ် ။ ဘီယာတစ်ငုံလောက် သောက်လိုက်ပြီး အခုလို ဆက်ပြောလေတယ် ။
" Charles ဆီမှာ တစ်လ သွားနေဖို့ မင်းဘက်က စပြီး ငါ့ကိုတောင်းဆိုခဲ့တာ ဆိုပေမယ့် အခု ငါသိချင်လာမိတယ် ။ ဒါကို ခွင့်ပြုသဘောတူပေးခဲ့လိုက်လို့ မင်းငါ့ကို နာကြည်းနေလား ? "
" ဟားဟားဟား...."
Tang Feng ရယ်ပဲရယ်နေလိုက်ပြီး ပြတင်းပေါက် ပြင်ပက ဝေဝါးနေတဲ့ ညရူခင်းဆီ အကြည့်ကို ရွေ့ပြောင်းလိုက်တယ် ။ အေးသက်တဲ့ လေပြေလေညှင်းဟာ ပြင်ပကနေ အခန်းတွင်းဆီ တိုက်ခတ်လျက်ရှိလို့နေတုန်းပဲ ။ နူးညံ့တဲ့ လရောင်ခြည်ဟာ သူ့ရဲ့မျက်နှာထက် ရေလိုင်းသဖွယ် ဝဲဖြာကျဆင်းလို့နေလေတယ် ။ အခု သူအနည်းငယ် မူးယစ်ရီဝေသလိုလို ခံစားလာရတယ် ။
![](https://img.wattpad.com/cover/126960105-288-k115143.jpg)
YOU ARE READING
True Star (Myanmar Translation )
Romanceလတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ် ။ ဒီဇာတ်လမ်းလေးကို တည်ဆောက်ထားတာဟာ သမရိုးကျ ဇာတ်လမ်းဇာတ်အိမ်နဲ့ ကွဲထွက်နေပြီး ရုပ်ရှင် Industry အကြောင်းနဲ့ သရုပ်ဆောင်ခြင်...