Albert ဟာ သူ့ရဲ့ လက်ချောင်းတွေကို အနည်းငယ် မြောက်လိုက်တယ် ။ ချက်ချင်းပဲ ဘေးနားမှာ အသင့်ရပ်နေတဲ့ သက်တော်စောင့်ဟာ စီးကရက် နဲ့ မီးခြစ်ကို တရိုတသေ ကမ်းပေးလေတယ် ။ ရွှေအိုရောင်ဆံပင်နဲ့ အမျိုးသားဟာ စီးကရက်ကို တရိူက်မက်မက် ရိူက်ငင်လိုက်ပြီးတော့ တိမ်တိုက်ထုလို မီးခိုးငွေ့တွေကို စိမ်ပြေနပြေပြန်လည် လွှင့်ထုတ်တယ် ။
" မင်း ဒီကို ရောက်လာရတဲ့ အဓိက ကိစ္စဆီကိုပဲ ပြောကြရအောင် ။ "
" မင်းပြောချင်တဲ့ သဘောက ငါတို့က အချိန်ဖြုန်းပြီး မင်းကို လာအရူးလုပ်တယ်လို့ ပြောချင်တာလား ? Albert... စတယ်နောက်တယ်ဆိုတာ ဘာလဲဆိုတာ နားလည်အောင်အရင်လုပ်လိုက်ဦး ။ အေးဆေးပေါ့ ။ စိတ်အေးလက်အေး နေစမ်းပါကွာ ။ ငါတို့တွေဟာ လူတွေရဲ့ လေးစားအားကိုးရတဲ့ နေရာမှာ ရပ်နေတယ်ဆိုတာ မမေ့နဲ့ ။ "
Charles ရဲ့ စကားလုံးတွေဟာ အများရဲ့ ယုံကြည်လက်ခံနိုင်ဖွယ်ရာ ဖြစ်မလာစေပေမယ့်လည်း ၊ သူ့ရဲ့ မျက်နှာအမူအရာကတော့ လုံးဝ ယုံကြည်မူ အပြည့်အဝ ရှိနေလေတယ် ။ ဒါဟာ သူ့ကို အလွန်အမင်း စွဲဆောင်မူကောင်းတဲ့ လူတစ်ယောက် ဖြစ်သွားစေလေတယ် ။
Albert ဟာ အေးစက်စက် ရယ်နေလိုက်တယ် ။ ခေါင်းတစ်ချက်ဆတ်ပြီး အချက်ပေးလိုက်တော့ ၊ သက်တော်စောင့်ဟာ စားပွဲခုံထက်ကို ခရီးဆောင်သေတ္တာတစ်လုံးကို တင်လိုက်တယ် ။ ဒီသေတ္တာထဲမှာ ပိုက်ဆံတွေ ဖြစ်ဖြစ် ၊ မူးယစ်ဆေးဝါးတွေဖြစ်ဖြစ် ထည့်ထားမှာ မဟုတ်လောက်ပါဘူးနော် ။ အရင်ဘဝဟောင်းမှာတုန်းက အမှောင်နဲ့ အလင်း အစွန်းကြားထဲမှာ လူပ်ရှားနေတဲ့ လူတွေနဲ့ သိကျွမ်းရင်းနှီးခဲ့ပေမယ့်လည်း Tang Feng ဟာ ယနေ့အချိန်ထိကို တရားဥပဒေကို လေးစားလိုက်နာတဲ့ ပြည်သူတစ်ယောက်ပဲ ။
" ဖွင့်ပြီးတော့ အထဲကိုပြလိုက် ။ "
Albert ရဲ့ စကားအဆုံးမှာ Charles ဟာ ဆေးပြင်းလိပ်ဘူးထဲက တစ်လိပ်ကို ထုတ်ယူလိုက်တယ် ။ Tang Feng ဟာ Charles တစ်ယောက် ဆေးပြင်းလိပ်ကို နှစ်ခြိုက်တယ်ဆိုတာ ကောင်းကောင်းသိနေတယ် ။
Albert ရဲ့ အမိန့်စကားအတိုင်း သက်တော်စောင့်ဟာ သေတ္တာကို ဖွင့်ပြလိုက်တယ် ။ အထဲမှာ မူးယစ်ဆေးဝါးအထုတ်တွေ ၊ ပိုက်ဆံအစည်းလိုက်တွေ ရှိမနေပါဘူး ။ အမျိုးအမည်မသိတဲ့ အရည်တွေ ဖြည့်သွင်းထားတဲ့ ဆေးထိုးပြွန်တွေကိုပဲ တွေ့ရတယ် ။
![](https://img.wattpad.com/cover/126960105-288-k115143.jpg)
YOU ARE READING
True Star (Myanmar Translation )
Romanceလတ်တလော ကျွန်တော် ကြိုက်နှစ်သက်နေတဲ့ chinese bl Novel တွေထဲက တစ်ခုဖြစ်တဲ့ True Star novel လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ် ။ ဒီဇာတ်လမ်းလေးကို တည်ဆောက်ထားတာဟာ သမရိုးကျ ဇာတ်လမ်းဇာတ်အိမ်နဲ့ ကွဲထွက်နေပြီး ရုပ်ရှင် Industry အကြောင်းနဲ့ သရုပ်ဆောင်ခြင်...