ဂျို ဆွန်းပြည်ကို သွားတဲ့ လမ်းတစ်လျှောက်က အရမ်းကို တိတ်ဆိတ် လွန်းတယ်...ဝေါယာဉ်
ပြတင်းပေါက် တံခါးကို အသာလေးဟပြီးကြည့် လိုက်တော့ လမ်းတစ်လျှောက် သူမကို ဒူးတောက် ကာ အရိုအသေ ပေးနေကြတဲ့ ပြည်သူတွေ....သူတို့တွေရဲ့ ဘဝ အေးချမ်းသွားပြီပေါ့....
တန်ပါတယ်လေ သူမတစ်ယောက်တည်းရဲ့ ဘဝကို ရင်းပြီး များပြားလွန်းတဲ့ ပြည်သူတွေရဲ့ ဘဝနဲ့ လဲလှယ်ခဲ့တာ....
ပြတင်းပေါက် ထဲကိုတိုးဝင်လာတဲ့ ဆောင်းလေ အေးအေး...သူမ နောက်ဆုံး အနေနဲ့ ဂိုလျော မြေရဲ့ ရနံ့ကို ရှူ ရှိုက် နေမိတော့သည်...
...နားထဲမှာတော့ တတောက်တောက် မောင်းနေသော လှည်းဘီး သံမှ လွဲပြီး....ကျေးငှက် တွေရဲ့ တွန်မြည်သံတောင် တစိုးတစိ မျှ မကြားရ.....ဒါနဲ့.. ..အကိုတော်ပေးတဲ့ လက်ဆောင်ကိုတောင် မဖွင့်ကြည့်ရသေးဘူး..ဘာလေး ပေးလိုက်တာပါလိမ့်???
အုပ်ထားတဲ့ ပဝါစအနီကို ဖယ်လိုက်တော့ ရွှေရောင် လှောင်ချိုင့် ထဲမှာ ဝပ်အိပ်နေရှာသော
နှင်းပွင့်လိုဖြူဖွေးတဲ့ အမွေးလေးတွေ ရှိတဲ့ ...
..အဖြူရောင် ယုန်လေး....မျက်လုံးလေးတွေ က....ပန်းရောင်သမ်း နေရှာသည်....
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. "Omo ..ချစ်ဖို့ကောင်းလိုက်တာ.. ဖြူဖြူဖွေးဖွေး လေးနဲ့ ..သူမ ကြည့်လိုက်တော့ လှောင်ချိုင့် အပေါ်မှာ ကြိုးအနီလေးနဲ့ ချည်ထားတဲ့ စာလေး..
"အကိုတော် ရေးပေးလိုက်တာပဲ ဖြစ်မယ်...ဘာတွေ ရေးထားပါလိမ့်..."
စာရွက် မှာချည်ထားတဲ့ ကြိုးအနီလေးကို ဖြည်ကာ ဖတ်လိုက်တော့ ....သူမနှုတ်ခမ်းတစ်စုံ အလိုလို ကော့တက်သွားမိတော့သည်....
" ကျေးဇူးတင်ပါတယ် အကိုတော်...baekhee
ကို ..အခုလို ချစ်ပေးလို့ နှမလေးအရင်းမဟုတ်ပေမယ့်..နောက်ပြီး....မယ်တော်ကြီးကို စိတ်မနာပါဘူး..မိခင်တစ်ယောက်ရဲ့ စိတ်စေတနာကို....နှမတော် မြင်နိုင်ပါတယ်.. .သူမအနေနဲ့ ..အကိုတော့်ကို သိပ်ချစ်ရှာမှာပေါ့ တစ်ဦး တည်းသော သားတော်ကလည်းဖြစ်.....အိမ်ရှေ့စံ အနေနဲ့လည်း လျာထားခြင်း ခံထားရတော့ ...အကိုတော့်ကို ဘယ်ထိခိုက်စေချင်ပါ့မလဲ...ပြီးတော့ နှမက ကံခေသူမဟုတ်လား....ဒါကြောင့်မို့ လို့ မယ်မယ့်ကို အပြစ်မမြင်ဝံ့ပါဘူး......"

YOU ARE READING
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Historical FictionZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...