"မင်းကြီး......ကျွန်တော်မျိုးကြီး...ရောက်ပါပြီဘုရား.."
အခန်းဆောင်ထဲ ကို ကတိုက်ကရိုက်နဲ့ ဝင်လာတဲ့ သမားတော်ကြီးကြောင့်....ယောလ် သလွန်တော်ဘေးကနေ အမြန်ထလာလိုက်တော့တယ်
"သမားတော်ကြီး....မြန်မြန်...မိဘုရားကို စစ်ဆေးပေးပါဦး
.........""မှန်ပါ့....မင်းကြီး..."
သမားတော်ကြီးလည်း..ရွေကြိုးကို အသာကိုင်ကာ..
ကန့် လန့်ကာနောက်ကနေ မယ်မယ်ရဲ့ သွေးခုန်နှုန်း ကို စမ်းသပ်ကြည့်နေမိ၏...သွေးခုန်နှုန်း တွေက တည်တည်ငြိမ်ငြိမ်မရှိ..ဒါကို ဘယ်လိုပြောရပါ့.....
"သမားတော်ကြီး...ဘယ်လိုတဲ့လဲ...""မင်းကြီး..အဲဒါက...ဟို~~စမ်းသပ်ဖို့ အတွက်..သွေးခုန်နှုန်းကို ရွေကြိုးနဲ့..တိုင်းတာက သိပ်ပြီး..မတိကျပါဘူး..ဘုရား...."
တော်ဝင်သမားတော်ကြီး ရဲ့ လျှောက်တင်သံအပြီးမှာ ယောလ် သူမလေးကို လှမ်းကြည့်လိုက်ပြီး
"မိဘုရားရဲ့ သွေးခုန်နှုန်းကို...သေချာစမ်းသပ်ပေးပါ..ကိုယ်တော် ခွင့်ပြုပါတယ်...သမားတော်ကြီး....
ရှုန့်ကုန်း.. ~~ကန့်လန့်ကာ ကို ဖယ်ရှား လိုက်ပါ..."
"မှန်ပါ့ဘုရား.. ."
နောက်တော့..ကန့်လန့်ကာကို ဖယ်ရှား လာတဲ့ အထိန်းတော်တွေ သလွန်တော်ပေါ်မှ သူမလေးကတော့..ပတ်ဝန်းကျင်ကိုမေ့လျော့ကာ..အိပ်စက်နေတော့တယ်...
သမားတော်ကြီးလည်း မယ်မယ့်ရဲ လက်ကောက်ဝတ် ကို အသာဖိကာ..သွေးခုန်နှုန်း ကို ခန့်မှန်းကြည့်နေတုန်း..ရုတ်တရက်
မျက်လုံးတွေက တစ်စုံတစ်ခု ကို တွေ့လိုက်ရသလိုပင်.. အလိုလို အရောင်တောက်လာတော့တယ်...
"မင်းကြီး!!.....မင်းကြီး...ဂုဏ်ယူပါတယ် မယ်မယ့်မှာ
တော်ဝင်ရင်သွေးရှ်ိနေပါပြီဘုရား...."
ကြားလိုက်ရတဲ့..အသံကြောင့်..ယောလ်သူ့ရဲ့နားပင် မယုံနိုင်အောင်ဖြစ်သွားတော့သည်။
"ဘယ်လို...တော်ဝင်ရင်သွေး ရှိနေပြီ...ဟုတ်လား..သမားတော်ကြီး...ကိုယ်တော်နားကြားမမှာပါဘူးနော်...?"
"ဟုတ်မှန်ကြောင်းပါ....ကျွန်တော်မျိုး မလိမ်ဝံ့ပါ ဘူး..."
ဝမ်းသာပီတိ ပြည့်လျှံ နေသော မျက်နှာအသွင်အပြင် နဲ့ လျှောက်တင်လာတဲ့ သမားတော်ကြီးရဲ့ စကားအပြီးမှာ..
အထိန်းတော်တွေ ပါမကျန်..ပျော်မဆုံးမော်မဆုံး ဖြစ်နေကြတော့သည်။
BẠN ĐANG ĐỌC
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Tiểu thuyết Lịch sửZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...