လမင်းချစ်​​သော ​နေမင်းသခင်​ (10)

2K 151 0
                                    

"အရှင့်​သား...ဝတ်​လဲ​တော်​ အသင့်​ပြင်​ထား
ပြီးပါပြီ..ဘုရား..."

အခန်း​ဆောင်​အ​ရှေ့မှ ထွက်​​ပေါ်လာ​သော အထိန်း​တော်​ ချွဲဆန်​ကုန်း အသံ​ကြောင့်​ နှဖူးစည်း စီး​နေတာကို အပြီးသတ်​ လိုက်​​တော့သည်​....

" ဝင်​လာခဲ့ပါ.. .အထိန်း​တော်​ကြီး..."

Lee ရဲ့ ခွင့်​ပြုချက်​ရတာနဲ့ အခန်း​ဆောင်​တံခါးကို ဖွင့်​ကာ ဝတ်​လဲ​တော်​ တစ်​စုံကို ကိုင်​ရင်း...အနားကို​ရောက်​လာတဲ့ အထိန်း​တော်​ ကြီး...

" အရှင့်​သား...လက်​ဆတ်​ပွဲအတွက်​ ဂုဏ်​ယူမိပါတယ်​ဘုရား...."

အဝတ်​စကြိုးကို ချည်​​ပေးရင်း​ပြောလာ​သော စကား​ကြောင့်​ Ieeတစ်​ ​ယောက်​ စိတ်​ထဲမှာ ဘဝင်​မကျ....တကယ်​ဆို သူမှ ထိုမိန်းက​လေးကို သ​ဘောမကျပဲ.....သို့​ပေမယ့်​.. သူ.သိချင်​မိတယ်​....တစ်​ခြားသူ​တွေ ရဲ့ အ​တွေးကို....

" အင်း...ကိုယ်​​တော့်​ အတွက်​ သင့်​​တော်​တဲ့ သူလို့ ​မောင်​မင်း ထင်​သလား???..."

စိတ်​အလိုမကျ ဟန်​​မေးလာ​သော အိမ်​​ရှေ့စံမင်းသား ​ကြောင့်​ ခပ်​ပြုံးပြုံး​လေးပြန်​​ဖြေလာ​သော ကုန်းကုန်း...

" ကျွန်​​တော်​မျိုး အ​နေနဲ့ အရှင့်​သားရဲ့ အထိန်း​တော်​ဖြစ်​တာ​ကြောင့်​ အရှင့်​သားစိတ်​ချမ်း..သာဖို့ကိုပဲလိုလားပါတယ်​....ကြင်​ယာ​တော်​က အရမ်း​ချောလွန်းတဲ့ မိန်းက​လေးတစ်​ဦးပါ"

ကိုယ်​တိုင်​​တောင်​ ထိုမိန်းက​လေးအ​ကြောင်းကို စိတ်​မဝင်​စားလို့ သတင်း​တောင်​ မစုံစမ်း
ခဲ့ တာကို အထိန်း​တော်​ကြီးက သူမ ​ချောတယ်​လှတယ်​ ဆိုတာ ...ဘယ်​လိုလုပ်​ပြီး သိတာလဲ....

"Ha ha ​မောင်​မင်း က....ကိုယ်​​တော့်​ထက်​​တောင်​ ပိုသိ​နေပါလား..? ...ဧကန်​ဒ ​မောင်​မင်း
က ဂို​လျော နိုင်​ငံ က လာတာမဟုတ်​လား"

ခပ်​ဟဟ ရယ်​ကာ ​ပြောလာ​သော မင်းသားစကား​ကြောင့်​ သူဒူး​ထောက်​ကာ အမြန်​ခစားလိုက်​မိသည်​....

"အရှင်​ ..အရှင့်​သား...အထင်​မှား​တော်​မမူပါနဲ့ ဘုရား ကျွန်​​တော်​မျိုးကြီး ဘဝတစ်​​လျောက်​လုံး
ဂျိုဆွန်း နိုင်​ငံ​တော်​အ​ပေါ်မှာပဲ သစ္စာရှိခဲ့တာပါ
....ကျွန်​​တော်​မျိုးကြီးကို အထင်​မလွဲပါနဲ့ ဘုရား....."

မျက်​စိ​ရှေ့မှာ ဒူး​ထောက်​ပြီး အသည်းအသန်​ ​ဖြေရှင်းချက်​​ပေး​နေ​သော အထိန်း​တော်​ကြီးကို ကြည့်​ပြီး leeတစ်​ ​ယောက်​ ရယ်​ချင်​စိတ်​ကို မနည်းမြို သိပ်​ထားရတယ်​....

" ​မောင်​မင်း...ကိုယ်​​တော်​က ​နောက်​တာပါ
..အဲ​လောက်​လည်း ထိတ်​လန့်​မ​နေပါနဲ့ သင့်​ရဲ့ အသက်​အရွယ်​ကိုလည်း ကြည့်​ပါဦး.. ကိုယ်​​တော့်​ကို ဒူး​ထောက်​ပြီး ခစားဖို့မလိုပါဘူး...ကဲ
ထ​တော့ ကိုယ်​​တော့်​ကိုမြန်​မြန်​ ပြင်​ဆင်​​ပေးပါဦး.."

လမင်​းချစ်​ ​သော​နေမင်​းသခင်​(chanbaek:)(Z & G)completedNơi câu chuyện tồn tại. Hãy khám phá bây giờ