"Chan yeol "
"ဘာလဲ!!!.."
"သောက်လေကွာ! !!..ဒီနေ့ က မင်္ဂလာဦးညမဟုတ်လား....."
သေရည်အိုးကို လက်ထဲအတင်းထိုးထည့်ပေးလာတဲ့ သူငယ်ချင်းဖြစ်သူတွေကို
Yeol မိုက်တိမိုက်ကန်း ကြည့်လိုက်သည်ညနေ ကန်တော့ပွဲ ပီးကတည်းက ခေါ်ထားတာ နေတောင်စောင်းလို့ လတောင်ထွက်နေပီ...အလိုက်ကမ်းဆိုး မသိ လူကို ဆွဲထားတာ...
ဘယ်လောက်ပဲ ငယ်သူငယ်ချင်း အရင်းကြီးဆိုပေမယ့်....အခုလို နေ့မျိုးမှာ ဘယ်သူ့ကိုမှ အားမနာ နိုင်ဘူး....
အခုချိန်ဆို အိပ်ဆောင်မှာ မောင့်မိဘုရားလေး စောင့်နေလောက်ပီ....
ဒီကောင်တွေတော့...ငါကိုယ်တော် နော်..
ဟင်းဟင်.......စိတ်ထိန်း စိတ်ထိန်း....Yeolသေရည်ခွက်ကို အသာကိုင်လိုက်ပီး..
...မျက်စိရှေ့ မှာ ရှိနေတဲ့ သူငယ်ချင်းဖြစ်သူတွေကို ကြည့်လိုက်တော့ အားလုံးကမူးနေကြပီ....
သူတို့ တိုက်သမျှသာ သောက်မယ် ဆိုရင် ဒီည မင်္ဂလာ ဦးလိုက်ရမှာမဟုတ်ဘူး..
ဘယ်ရမလဲ သေရည်တွေ အကုန်လုံး ကို စားပွဲခုံ အောက်မှာ အကုန်သွန်ပစ်နေလိုက်တာလေ..အခုလောက်ဆိုရင် ခုံအောက်မှာ သေရည်တွေ အိုင်ထွန်းနေလောက်ပီ...
ငါကွ...မင်းတို့လောက်တော့ ငါကိုယ်တော် အိပ်နေသလောက်ပဲ ရှိတယ်....
အထိန်းတော်ကြီး! .အထိန်းတော်ကြီး...!!
..လာဦး.....ခပ်ဝေးဝေးမှာ ခစားနေတဲ့ အထိန်းတော် ကြီးကို အသံခပ်အုပ်အုပ် လုပ်ပီး ခေါ်လိုက်တော့.. ...အနားကို တလှုပ်လှုပ်နဲ့ ပြေးလာတဲ့
သူ....
"အရှင့်သား..ဘာများဖြစ်လို့ပါလဲ.. .."
"မောင်မင်း ငါကိုယ်တော် နန်းဆောင် ကိုပြန်တော့မယ်..သူတို့တွေကို အဆင်ပြေသလိုသာ..ကြည့်ထိန်းထားလိုက်...."
ဝတ်ရုံတော် ကို ဆန့်ပြီး ပြောလာတဲ့ မင်းသားကြောင့်.. ..အထိန်းတော် ကြီး...စားပွဲ ဝိုင်းမှာ ခေါင်းမှောက်နေကြတဲ့ ..မင်းညီမင်းသားတွေ ကို ခေါင်းတခါခါ နဲ့ ကြည့်လိုက်မိသည် ။
"မှန်ပါ့ ကျွန်တော်မျိုး ကြီး..ဆောင်ရွက်ထားလိုက်ပါ့မယ်...နန်းဆောင်ကိုကြွ တော်မူပါ....ဘုရား..မိဘုရားမယ်မယ် ကို စောင့်စေလို့မသင့် တော်ကြောင်းပါ...."
မိဘုရားမယ်မယ် ဆိုသော အသံကြောင့် ယောလ် ရင်ထဲမှာ နွေးခနဲ.. .
"ကောင်းပီ...ဒါဆို မောင်မင်းကိုပဲ အားကိုးလိုက်မယ်...ကိုယ်တော်ကြွ ပီ..."
KAMU SEDANG MEMBACA
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Fiksi SejarahZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...