လမင်းချစ်​​သော​နေမင်းသခင်​ (43)

1.5K 175 28
                                    

"အား~~~~မလာနဲ့.....ငါ နင့်​ကို မသတ်​ဘူး....အား!!..
..ထွက်​သွားစမ်း....မ​ကောင်းဆိုးဝါး မ..."

ဝုန်း!!~~~ခလွမ်း ~~~!!!

အခန်းထဲမှာ စိတ်​မနှံ့ တဲ့သူတစ်​​ယောက်​လို ​ကြောက်​လန့့်​တကြား ​အော်​ဟစ်​​နေတဲ့ ချွဲဆိုဟီး.. .

မြောက်​များစွာ​သော အသုံးအ​ဆောင်​ပစ္စည်း​တွေနဲ့ ​ကြွေထည်​ လက်​ဝတ်​ရတနာတို့က​တော့...အခန်းထဲမှာ ကျိုးပဲ့ ပျက်​စီး ​နေ​တော့သည်​။

ဂနာမငြိမ်​​သော မျက်​လုံး​တွေက ကျီးကန်း​တောင်း​မှောက်​ကြည့်​​...ကာ..ပါးစပ်​ကလည်း တူညီ​သော စကားလုံး​တွေကိုသာ ထပ်​ခါထပ်​ခါ ​ရေရွတ်​​နေ​ပြန်​တယ်​...

စည်း​နှောင်​ထားခြင်းမရှိ​သော ဆံစ​တွေက ဟိုတစ်​စဒီတစ်​စ ပြန့်ကျဲ​နေပြန်​၏...

လက်​ဖဝါးမှာ ဆုပ်​ကိုင်​ထားတဲ့ မှန်​ကွဲစ​ကြောင့်​ ..​သွေး​တွေက ဟိုတစ်​စက်​ဒီတစ်​စက်​..

"ငါ..နင့်​ကို မသတ်​ဘူး....~~ငါ နင့်​ကို မသတ်​ဘူး...."

စိတ်​​ဖောက်​​နေ​သော မိဘုရား​ကြောင့်​ ရံ​ရွေ​တော်​​တွေ လည်း
မည်​သူကမှ အထဲကို မဝင်​ရဲ...

သို့​ပေမယ့်​ .သိပ်​မကြာလိုက်​ပါ.. ..အခန်းဝ​ အ​ရှေ့ ကို ​ရောက်​လာတဲ့ အမျိုးသမီးတစ်​ဦး.. ..

"မယ်​မယ်​...အထဲမှာရှိသလား...."

"မှန်​ပါ့...အထဲမှာရှိပါတယ်​...ဒါ​ပေမယ့်​...ဟို..."

စကားတစ်​ခွန်း​ပြောဖို့​ကို​တောင်​...မ​ဖြောင့်​မဖြူး ဖြစ်​​နေတဲ့
အပျို​တော်​ကို သူမ တစ်​ချက်​ ​စွေကြည့်​လိုက်​ရင်း..

"သွား​လျှောက်​တင်​လိုက်​..နတ်​ဆရာမ ရင်​...​ရောက်​​နေတယ်​လို့....မြန်​မြန်​..."

"ဟုတ်​...ဟုတ်​ကဲ့ပါ.. ."

တုန်​တုန်​ယင်​ယင်​နဲ့ အခန်း​ဆောင်​ထဲကို ​ပြေးဝင်​သွားတဲ့ ရံ​ရွေ​တော်​ကို သူမ တစ်​ချက်​လှမ်းကြည့်​လိုက်​ပြီး

လက်ထဲမှာ ရှိ​နေတဲ့ ဆံထိုးကို ခပ်​တင်းတင်းသာ ဆုပ်​ကိုင်​ထားမိတယ်

သူမ နှစ်​​ပေါင်းများစွာ ဖမ်းချူပ်​ထားတဲ့ ကြင်​ယာ​တော်​ရဲ့ ဝိညည်​က အခု အစီအရင်​​တွေ ပျက်​ပြယ်​သွားလို့ လွတ်​​မြောက်​သွားပြီ...

အငြိုးစွမ်းအား​တွေ ပြည့်​​နေတဲ့ မိဘုရားမယ်​မယ်​ရဲ့ ဝိညည်​ ကို အချိန်​မှီ မထိန်းချူပ်​နိုင်​ရင်​..

ဆိုဟီး မယ်​မယ်​မှာ အန္တရာယ်​ရှိလာနိုင်​တယ်​...

ဝုန်း!!!!~~~~

အား.!!!!..

ရုတ်​တရက်​ ပွင့်​ထွက်​လာတဲ့ အခန်း​ဆောင်​တံခါးနဲ့အတူ..
အထဲမှာ​တော့...အသက်​ကင်းမဲ့​နေတဲ့..အပျို​တော်​ရဲ့ အ​လောင်း.....

လမင်​းချစ်​ ​သော​နေမင်​းသခင်​(chanbaek:)(Z & G)completedDonde viven las historias. Descúbrelo ahora