ဂျိုဆွန်းနန်းတော် ညနေခင်းသည် တိတ်ဆိတ်ခြင်း ထပ်ကို ပိုလွန်နေပြန်တယ်...
ကြမ္မာဆိုး သင့်တော့မည်ကို သိ၍လားမပြောတတ် ယမန်နေ့က တိုက်ခတ်နေသော လေနုအေးတွေ ကလည်းပျောက်ခြင်းမလှ ပျောက်ကုန်ပြီး......
ကျေးငှက်တစ်ချို့ ရဲ့ အသံကိုပင် တစိုးတစိ မျှ မကြားရတော့တာမို့....ကျောချမ်းစရာအတိပင်...
Wu မျက်စိရှေ့ က ထိုရဲမက်ကို အသေအချာစိုက်ကြည့်ပြီး
အထဲကို ဝင်ဖို့အတွက် ပြောလိုက်သည်။"မောင်မင်း~~~ငါကိုယ်တော်က မိဘုရားခေါင်ကြီး ရဲ့ အကိုတော်ပဲ....အခုချက်ချင်း နန်းဆောင်ထဲကို ဝင်ခွင့်ပေးပါ."
"ဒီမှာ....ဟေ့လူ....ကျူပ်က ဘယ်လို လုပ်ပြီး...ခင်ဗျားက
ဧကရာဇ် ဝူ ဆိုတာကို ယုံရမှာလဲ....သက်သေဖြင့်မပြနိုင်ပဲနဲ့
ရာရာစစ ကျူပ်တို့ရဲ့ မယ်မယ်နဲ့ တွေ့ချင်နေသေးတယ်..
သွား~~~သွား...ဒီက ထွက်သွားကြ...ခဏနေရင် ကင်းအဖွဲ့လာမှ ပိုဆိုးသွားနိုင်တယ် "
အတင်းအကန်မောင်းထုတ်လာတဲ့ ထိုတံခါးစောင့်ရဲမက်ကြောင့်..ဝူ စိတ်လေသွားမိတယ်...
သြော်..ငါ့မှာလည်း တံဆိပ်ပြားလေး မပါလာတာနဲ့ဧကရာဇ်ဘဝကနေ သူပုန်လုံးလုံးကို ဖြစ်လို့...
ငါက ဧကရာဇ် ပါကွာ...ဒီကောင်တော့..လုပ်လိုက်ရင်မကောင်းဖြစ်တော့မယ်.......
ဒါပေမယ့် မတက်နိုင်ဘူး.လေ..သူကိုယ်တိုင်ကလည်း.. အလောတကြီးထွက်လာရတာဆိုတော့.....
"ဒီမှာ....မောင်မင်းအရှေ့ မှာရှိနေတာ ဧကရာဇ် ပဲ...တယ်!
ဒီလူကတော့...."
ကိုယ်ရံတော်ဖြစ်သူ က..
လေသံမာမာနဲ့ ပြောလိုက်ပေမယ့် မကြောက်တဲ့အပြင် သူ့ကို လက်ရွယ်လာတဲ့ ထိုရဲမက်....
"ဒီလူတော့ မရဘူး လို့ပြောနေတယ်....ငါ လုပ်လိုက်လို့..."
ရပ်စမ်း!!!!!!....
နောက်ကျောဆီကနေ ထွက်လာတဲ့ အသံခပ်စူးစူးကြောင့်
ဓားကို ရွယ်လာတဲ့ ထိုအစောင့်ရဲမက်ရဲ့ လက်ကအလိုလို တုန့်ဆိုင်းသွားတော့တယ်..ဝူ လည်း ထိုအသံပိုင်ရှင်ကို လှမ်းကြည့်လိုက်တော့...နန်းတွင်းအဆောင်အယောင်အပြည့်အစုံ နဲ့ သူတို့ရှိရာကို ခပ်ဖြေးဖြေး လျှောက်လာသော ထိုသူ..
"တပ်~~~တပ်မှူးချူပ်....."
ကတုန်ကယင် နဲ့ ပြောလာတဲ့ ထိုသူရဲ့ စကားအပြီးမှာ Wuအနောက်ကို ကျောပြီး ကြည့်လိုက်မိသည်။
ESTÁS LEYENDO
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Ficción históricaZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...