နှင်းစက်အချို့ တဖွဲဖွဲကျဆင်းနေသော...ဂျိုဆွန်းနိုင်ငံရဲ့ ဆောင်းတွင်း မနက်ခင်း...
မှုန်ပျပျ နေရောင်ခြည် အောက်မှာ အရာအားလုံး သက်ဝင်လှုပ်ရှားနေပေမယ့်
ဂျို ဆွန်းနန်းတော် ရဲ့ အိမ်ရှေ့စံ နန်းဆောင်မှာတော့ အပ်ကျသံပင်မကြား..
ကျလိ..ကျလိ🐦🐦🐦
...."အင်..."
နားထဲကို ဝင်လာတဲ့ ကျေးငှက် တစ်ချို့ အော်သံကြောင့် ယောလ်...မျက်လုံးအစုံကို
အသာဖွင့်လိုက်တော့.. ...သလွန်တော် ပေါ်ကို ဖြာကျနေတဲ့ နေရောင်ခြည် တစ်စွန်းတစ်စ.. .
အဲနောက်
ယောလ် သူ့ရဲ့ ရင်ခွင်ထဲကို အကြည့်ပို့မိတော့.. ....
ရင်ခွင်ထဲမှာ...နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သူမလေး....
ယောလ်သူမလေးရဲ့ ကိုယ်လေးကို အသာပွေ့ကာ ပြုံးပီး စိုက်ကြည့်နေမိသည် ။
ဆံနွယ်စလေးတွေက သူမရဲ့ ကျောပြင်သေးသေးလေး ပေါ်မှာ ဖြာကျနေပီး.....
လည်ပင်းသားနုနုလေးပေါ်မှာတော့ ယောလ်ပေးထားတဲ့ အမှတ်အသားရဲရဲလေးတွေ..မျက်ခုံးတန်းလေးတွေ တွန့်ချိုးကာ နှုတ်ခမ်းရဲရဲလေးကို...စူပီး အိပ်ပျော်နေတဲ့ သူမလေးရဲ့ ပုံစံကြောင့် ယောလ် ပါးချိုင့်တွေပေါ်တဲ့အထိ ပြုံးလိုက်မိ၏.. ...
သူမရဲ့ လည်ပင်သားနုနုပေါ်က အမှတ်အသားလေးကို တစ်ချက်ဖိကပ်နမ်းလိုက်တော့..နာလို့ထင်ပါရဲ့ မျက်နှာလေးတစ်ချက်မဲ့သွားပီး...ရင်ခွင်ထဲကို တိုးဝင်လာတဲ့ ချစ်ရသူလေး.. .......
ဒီလိုမျိုး သာနေ့တိုင်းဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ နော်...
Arigoo!!...ချစ်ဖို့ကောင်းလိုက်တာ.. ..
....ဒီလောက် ချစ်ဖို့ကောင်းတဲ့ မောင့်မိဘုရားလေး ကိုမွေးပေးခဲ့တဲ့...မယ်မယ့်ကို...တကယ်ကျေးဇူးတင်မိပါတယ်...စိတ်ထဲကနေ မမြင်ရတဲ့ ယောက္ခမ ဖြစ်သူကို ဆုတောင်းမေတ္တာပို့သနေတဲ့ သမက်ဖြစ်သူ.
ယောလ်သူမလေးရဲ့ ပါးပြင်ရဲရဲလေးကို အနမ်းတစ်ပွင့် ခြွေချလိုက်ရင်း.. .ရင်ခွင်ထဲကို ဆွဲပွေ့
လိုက်တော့..လူးလွန့်နိုးလာတဲ့ သူမလေး..."အ့ ဟင်း......အွန်......."
Baekhee ကိုယ်လေးကို အသာလှည့်လိုက်တော့....တစ်ကိုယ်လုံး နာကျင်လွန်းလို့
အိပ်ယာခင်းစကို ခပ်တင်းတင်းသာ ဆုပ်ကိုင်ထားမိတယ်.. ......ခါးသွယ်သွယ်မှာ သွယ်ယှက်ထားတဲ့ လက်တစ်စုံ ကြောင့် baekhee,မျက်လုံးလေးအသာဖွင့်ပီး ကြည့်မိတော့...

KAMU SEDANG MEMBACA
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Fiksi SejarahZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...