လမင်းချစ်​​သော ​နေမင်းသခင်​(33)

2.1K 189 103
                                    

"သမား​တော်​ကြီး....မိဘုရားက ဘာဖြစ်​တာလဲ....ကိုယ်ေ​တာ့်ကို ​အမြန်​​လျှောက်​တင်​စမ်း...."

နန်း​ဆောင်​ထဲက ​နေ ထွက်​လာ​သော နန်းတွင်းသမား​တော်​ကြီးကို ...ထိတ်​ထိတ်​ပျာပျာ​မေးလာတဲ့ အိမ်​​ရှေ့စံ မင်းသား​ယောလ်​..

မိဘုရားကို ​ယောလ်​တစ်​​ယောက်​ပဲ စိတ်​ပူ​နေတာမဟုတ်​ ....အနားမှာခစား​နေတဲ့ ရံ​ရွေ​တော်​ ​တွေကပါ ...စိတ်​ပူ​နေကြတယ်​​...

အ​နောက်​နန်း​ဆောင်​ က အပျို​တော်​​တွေအားလုံး
သနားကြင်​နာတတ်​တဲ့ သူတို့ရဲ့ မိဘုရား​လေးကို သိပ်​ချစ်​ကြသည်​ မဟုတ်​​ပေလား..

"မှန်​ပါ့....မိဘုရားမယ်​မယ်​ မှာ....အခုတ​လော
စိတ်​ပူပန်​စရာ ရှိ​နေပုံပါပဲ ဘုရား..

သွေးအားနည်းတာ ဖြစ်​လို့.မစိုးရိမ်​​ပါနဲ့ 
အရှင့်​သား......

ကျွန်​​တော်​မျိုးကြီး မယ်​မယ့်​အတွက်​ ​လိုအပ်​မယ့်​​ဆေး​တွေ ​ဖော်​စပ်​ပီး...​သမား​ဆောင်​က လူတစ်​​ယောက်​နဲ့ ဆက်​သဖို့ လွှ​တ်​​ပေးလိုက်​ပါ့မယ်​.....

ဒါဆို ကျွန်​​တော်​မျိုး ကြီးကို ပြန်​ခွင့်​ပြုပါဦး အရှင့်​သား......"

"​ကောင်းပါပီ ​မောင်​မင်း....."

ယောလ်​ သမား​တော်​ကြီးကို ​မိန့်​ပီးတာနဲ့ အခန်း​ဆောင်​ထဲကို ဝင်​လာလိုက်​​တော့

သလွန်​​တော်​​ပေါ်မှာ ကိုယ်​​လေး ​ဘေးတစ်​ခြမ်း​စောင်းကာ အိပ်​​နေတဲ့သူမ...

သူမ​လေးကို ဘယ်​အရာ​တွေကများစိုးရိမ်​ပူပန်​​စေတာပါလိမ့်​.....

ဒါမှမဟုတ်​....ဂို​လျောကိုများ အလည်​ပြန်​ချင်​လို့လား....

ဘာလို့ဆို သူမရဲ့ အကို​တော်​နဲ့ လည်းမ​တွေ့ရတာ ကြာ​နေပီ​လေ....

မဖြစ်​​သေးပါဘူး.....​မေးကြည့်​ဦးမှ.ပါပဲ...

"​မောင့်​ မိဘုရား​လေး.. ...."

အိကျသွားတဲ့ ​မွေ့ယာခင်းစနဲ့ အတူ နားထဲကို တိုးဝင်​လာတဲ့ အရှင့်​ရဲ့ အသံ​ကြောင့်​...

Baekမျက်​လုံး​တွေ ကို မှိတ်​ပစ်​လိုက်​​မိသည်​.. ...

တစ်​ခါတစ်​​လေ ​တွေးမိတယ်​....အရှင်​ က baekကို သံတမန်​ ​ရေးရာအရ ပဲ လက်​ဆတ်​ခဲ့တာလားလို့....​ပေါ့.

နောက်​ပီး...baekheeနဲ့ လက်​ဆတ်​ရမယ်​လို့
သိရ​တော့ အရှင့်​သားက သီးသီးခါခါ ငြင်းခဲ့တယ်​တဲ့​လေ....

တကယ်​ပဲ baekကို မုသားစကား ​တွေနဲ့..များ
......ချစ်​တယ်​လို့​ပြောခဲ့တာလား အရှင်​ရယ်​..

မြောက်​များစွာ​သော ​မေးခွန်း ​တွေရဲ့ အပီးမှာ
ပါးပြင်​နှစ်​ဖက်​စီမှ ပူခနဲ စီးကျလာတဲ့ မျက်​ရည်​စ​တွေ....

သူမ တစ်​ဘဝလုံး အသည်းနင့်​​အောင်​ ချစ်​ခဲ့ဖူးတာ...အရှင့်​တစ်​​ယောက်​ကိုပါပဲ..

လမင်​းချစ်​ ​သော​နေမင်​းသခင်​(chanbaek:)(Z & G)completedOpowieści tętniące życiem. Odkryj je teraz