ဂျိုဆွန်မင်းကြီး တစ်ယောက်မျက်စိရှေ့ မှာ ရှိနေတဲ့ အမတ်တွေကိုပြာကျမတက် စိုက်ကြည့်နေမိတယ်...
ယုံကြည်စိတ်ချလို့ မျက်နှာလွဲထားတာကို အလွဲသုံးစားလုပ်ပြီး....တိုင်သူပြည်သားတွေကို ဖိနှိပ်တာလောက် ဒေါသထွက်တာမရှိ.. ...
လူခွန် ငွေခွန်တွေကို တိုးကောက်ပြီး ....တိုင်သူပြည်သားတွေအပေါ် ဂုတ်သွေးအမြတ်စုပ်တဲ့ မသူတော်အမတ်တွေ...
"ဝန်မင်း!....ငါကိုယ်တော်ကို အမှန်တိုင်းမလျှောက်တင်သေးဘူးလား...?
ဒေါသအသံနဲ့ မိန့်လာတဲ့ မင်းကြီးကြောင့် အမတ်တစ်ယောက်မှ အသက်တောင်ရဲရဲမရှူဝံ့ကြ....
မင်းကြီး က အသက်သာကြီးပေမယ့် လက်သုံးတော် ဓားကဘာစွမ်းသလဲမမေးနဲ့ ....တစ်ချက်ဝှေ့ လိုက်တာနဲ့..
လည်ပင်ကို တိခနဲပဲ......
"ဒုန်း!!!....မောင်မင်းတို့အကုန်လုံး ခေါင်းနဲ့ကိုယ် အိုးစားကွဲချင်နေတယ် နဲ့တူတယ်....."
ညီလာခံ ခုံကို လက်ဝါးနဲ့ ခပ်ပြင်းပြင်းရိုက်ချလိုက်တဲ့ မင်းကြီးကြောင့် အောက်မှာခစားနေတဲ့ အမတ်တွေ အကုန်လုံး..
....ကတုန်ကယင် ဖြစ်လာတော့တယ်..."ဘဏ္ဍာရေး အမတ်.!...ကိုယ်တော့်ဆီကို တိုင်းပြည်အခွန်အခ. ကောက်ခံလို့ရတဲ့ ငွေကြေးမှတ်တမ်းတွေ အကုန်လျှောက်တင်ဖို့ ပြင်ထား.....
ငါကိုယ်တော်ကို ခြွင်းချန်ထားမယ်လို့ စိတ်ကူးရင် ...
မောင်မင်းရဲ့ ခေါင်းနဲ့ကိုယ် အိုးစားကွဲမယ်မှတ် ..
လက်နက်ခဲယမ်း အသုံးပြုစရိတ် ....တိုင်းပြည်ဖွံဖြိုးရေးအတွက် ..သုံးတဲ့ အသပြာတွေ အကုန်လုံးအမှန်တိုင်း
သိချင်တယ်...ငွေအသပြာတစ်စတောင် ဖုံးကွယ်ဖို့မစဉ်းစားနဲ့..
ကျန်တဲ့အမတ်တွေ အကုန်လုံး လည်း....သက်ဆိုင်ရာဋ္ဌာနအသီးသီးက အသုံးပြုတဲ့ ငွေအသပြာအကုန်လုံးကို..
ငါကိုယ်တော်ဆီ အခုညီလာခံပြီးတာနဲ့ အကုန်လုံး ကို လာတင်ပြကြ....."
"မှန် မှန်ပါ့ဘုရား ~~~~~"
နောက်တော့ မင်းကြီး အမတ်တွေကို ဒေါသမျက်ဝန်းနဲ့စိုက်ကြည့်လိုက်ပြီး ညီလာခံကနေ ထွက်လာလိုက်တော့တယ်....
ယောလ် တစ်ယောက် မျက်စိရှေ့ မှာ ကြောက်ဒူးတုန်နေတဲ့ အမတ်တွေကိုကြည့်ပြီး တစ်ချက်ပြုံးလိုက်မိသည်။
အာလုံးထက် တစ်ဦးတည်းသော လူ ခံစားနေရတာကို ပိုပြီး သဘောကျနေတဲ့ ယောလ်.....ထိုသူက တစ်ခြားသူတော့မဟုတ်....နန်းရင်ဝန်အမတ်ကြီး....
VOUS LISEZ
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Fiction HistoriqueZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...