အညှိးကြီးလွန်းလှသော ကံတရားရဲ့ လှည့်စားမူ့အပြီးမှာ..
မည်သည့်အသံတစိုးတစိမျှ မကြားရတော့ တဲ့...လရိပ်နန်းဆောင်.. .....
ယမန်နေ့မတိုင်ခင်အချိန်ထိ တွန်ကျူးတတ်လေ့ရှိတဲ့ ကျေးငှက်တစ်ချို့ ရဲ့ အသံကလည်း..ယနေ့မှာတော့..တိတ်ဆိတ်ခြင်း အတိ...
သစ်ရွက်တစ်ချို့ရဲ့ လေတိုးသံ ခပ်တိုးတိုးကသာ..လရိပ်နန်းဆောင် ရဲ့ တိတ်ဆိတ် မူ့ကို အားတင်းဖြိုခွဲနေရှာတော့တယ်...
ပြတင်းပေါက်ကနေ ခပ်အေးအေးတိုးဝင်လာတဲ့ လေညှင်းတစ်ချို့က တစ်ယောက်သော သူ့ရဲ့ မျက်နှာကို မထိတထိ ကျီစယ်နေသလိုပင်....
အနက်ရောင်ဆံနွယ်စတွေကို ကျောပြင်အောက်အထိ ဖြန့့်ချကာ....သလွန်တော်ပေါ်မှာ ပုံ့ပုံ့လေး ထိုင်နေတဲ့ သူမတို့်ရဲ့ မိဘုရားမယ်မယ်.. ..
အပြာရောင်မျက်လုံးဝိုင်းဝိုင်းလေးတွေကတော့ လှုပ်ရှားခြင်း အလျှင်းမရှိ...
ဖြူလျော့နေတဲ့ နှုတ်ခမ်းပါးတစ်စုံက စကားတစ်ခွန်းတစ်လေတောင် မိန့်ကြားခြင်းမရှိတော့ဘူး....
အရင်ကဆိုရင် မယ်မယ့်ရဲ့ အပြုံးလှလှလေးနဲ့ လရိပ်နန်းဆောင် ရဲ့ တစ်နေ့တာကို အသက်သွင်းလေ့ရှိပေမယ့်..
ယခုမူကား....အပြုံးစတို့ပျောက်ကွယ်နေသော သခင်မရဲ့ မျက်နှာလေး....
မကျန်းမာသေးတဲ့ သူတို့ရဲ့ မိဘုရားမယ်မယ်က ဒီအတိုင်း ဆိုရင် ကိုယ်ကျိုးနည်း ရတော့မယ့်အဖြစ်ပါ...
နန်းသွေးလောင်းလျာလေးကို လည်း တော်ဝင်မိသားစုအားလုံးက မျှော်လင့်ထားတာကြောင့်...အခုလို ဖြစ်သွားတော့...မင်းကြီးလည်း ရင်ကွဲမတက်ပါပဲ ..
အားလုံးထက် ပိုခံစားနေရတဲ့သူကတော့....သူမတို့ရဲ့ မိဘုရားမယ်မယ် ကိုယ်တိုင်ပါပဲ....
"မယ်မယ်ဘုရား....ဆန်ပြုတ်လေး သောက်လိုက်ပါဦး ဘုရား....."
မျက်စိရှေ့မှာ အငွေ့တထောင်းထောင်းထနေတဲ့ ဆန်ပြုတ်ပန်းကန် လေးကို ကြည့်ပြီး သူမ ခေါင်းကို လေးပင်စွာ..ခါလိုက်မိတယ်...
သူမ ဘာမှ စားချင်စိတ်မရှိပါ....မိခင်တစ်ယောက် ဖြစ်ပါလျှက်နဲ့ လူ့လောကထဲကို မရောက်သေးတဲ့ ရင်သွေးလေး ကိုတောင် သေချာမစောင့်ရှောက်နိုင်ခဲ့ဘူး....
ကိုယ့်ရင်သွေးကိုတောင် သေချာ မစောင့်ရှောက်နိုင်ပဲ..တိုင်ပြည်ရဲ့ မိခင်တစ်ယောက် အနေနဲ့ တိုင်သူပြည်သားတွေကိုသူမ ဘယ်လို စောင့်ရှောက်မလဲ....
ŞİMDİ OKUDUĞUN
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Tarihi KurguZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...