စစ်လက်နက်အပြည့်အစုံနဲ့ စုဝေးနေတဲ့ ရဲမက်တစ်ချို့..
.....အနက်ရောင်ဓားအိမ်ကို ကိုင်ထားတဲ့..ထိုသူတွေရဲ့ လက်မှာတော့....အပြာရောင်ဖဲကြိုးစတွေကို အသီးသီး ချည်နှောင်ထားကြသည်။
နန်းရင်ဝန်အမတ်ကြီး မျက်စိရှေ့မှာ ခစားနေတဲ့ သစ္စာတော်ခံတွေကို ကြည့်ပြီး..ကျေနပ်ပြုံးတစ်ခု ပြုံးလိုက်တော့သည်။
သူဒီလိုနေ့ကို စောင့်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ.. အဆင်သင့်လိုက်လေချင်း...အခု နန်းတော်မှာ..မင်းသားနှစ်ပါးစလုံးမရှိဘူး...
ကျန်ခဲ့တာဆိုလို့...ဂျန်မြောင်မင်းသားရယ်...မအိုမစွမ်းပြီဖြစ်နေတဲ့....
သက်တော်ရှည်ထယ်ဝမ်မင်းကြီးနဲ့..ဘုရားတရားမှာ..ပျော်မွေ့ ပြီး..နန်းတွင်းရေးရာတွေကို ဘာတစ်ခုမှ မသိတော့တဲ့
မယ်တော်ကြီး ....ဒီတစ်ခါတော့..ကံတရားက သူ့ဘက်ပါနေသည့်ထင်ပါ့....
"မောင်မင်းတို့ ရဲ့ သစ္စာခံမူ့ကို ...ကျွန်ုပ် မမေ့ပါဘူး.
.ဂျိုဆွန်း နန်းတော်ကို သိမ်းပြီရင်....ကျွန်ုပ်အနေနဲ့...မောင်မင်းတို့ ရသင့်ရထိုက်တဲ့ ရာထူခံစားခွင့်တွေကို ချီးမြှင့်မြှောက်စားမှာပါ....ဒီညတွင်းချင်းပဲ...နန်းတော်ကို ဝင်တိုက်ကြရအောင်..
နန်းတွင်းရဲမက်တစ်ချို့ပဲ ရှိတာမို့.....ကျွန်ုပ်တို့ အရေးအောင်မြင်မှာ မလွဲဧကန်ပဲ...
ဒါကြောင့်...ဘာမှ စိုးရိမ်ပူပန်မကြောင့်ကြပါနဲ့တော့...
ညစည်..၅ချက်တီးမှာ..အရှေ့ နန်းဆောင်ကို ဝင်စီးမယ်...
ကဲ..အခု သိုသိုဝှက်ဝှက် နေကြ...ကျွန်ုပ်လည်း..စနည်းနာလိုက်ဦးမယ်...."
သစ္စာခံရဲမက်တွေကို မှာကြားပြီးတာနဲ့ အရံစစ်သူကြီးကို ခေါ်ကာ.....နန်းတော်ရှိရာကို ထွက်လာလိုက်တယ် .
"ဝန်မင်း....ဘာကြောင့် ပုန်ကန်ဖို့ စီစဉ်ရတာပါလဲ..ကျွန်ုပ်တော့..ဘာကိုမှ သဘောမပေါက်နိုင်တော့ဘူး...
အရေးတော်ပုံ မအောင်မြင်ခဲ့ရင် ဘယ်လို လုပ်မလဲ..."
"တိတ်စမ်း...စစ်သူကြီး..မောင်မင်းဟာကလည်း..အစချီဖို့တောင် မကြံရသေးဘူး...မအောင်မြင်ဖို့အသံထွက်လာပြန်ပြီ
ကျွန်ုပ်က မစဉ်းစားပဲ လုပ်ပါ့မလား ..ဒီအချိန်က ပုန်ကန်ဖို့အကောင်းဆုံးပဲ....မောင်မင်းတွေးကြည့်စမ်း..ဟို အိုမင်းမစွမ်း
ဖြစ်နေတဲ့ အဖိုးကြီးက ဓားကိုင်ပြီး..တိုက်နိုင်ပါဦးမလား..
ВИ ЧИТАЄТЕ
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Історичні романиZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...