လမင်းချစ်​​သော​နေမင်းသခင်​ (44)

1.5K 160 37
                                    

တောင်​​လေတို့ တသုန်​သုန်​တိုက်​ခတ်​လာ​သော အချိန်​​ကြောင့်
နီရဲရဲ အဆင်းရှိ​သော ရွက်​​ခြောက်​တစ်​ချို့က ​မြေပြင်​​ပေါ်မှာ ခစား​နေကြပြန်​တယ်​....

စိမ်းစိုစပြု​နေပြီဖြစ်​တဲ့ ​တောင်​တန်းခပ်​စိမ်းစိမ်း​တွေက တစ်​စုံတစ်​ခု ကို လွမ်း​ဆွေး​နေသည့်​ဟန်​...

Wuတစ်​​ယောက်​ နန်း​တော်​ရဲ့ ​လေသာ​ဆောင်​က​နေ ခပ်​​ဝေး​ဝေးမှာ မြင်​​နေရတဲ့ ​တော​တောင်​​တွေ ကိုအချိန်​အတန်​ကြာတဲ့အထိ စိုက်​ကြည့်​​နေမိတယ်​..

အရာအားလုံးက တစ်​စထက်​တစ်​စထက်​ တဖြည်းဖြည်း ​ပြောင်းလဲစ ပြုခဲ့​ပေပြီ...

သို့​ပေမယ့်​ တစ်​စုံတစ်​​ယောက်​ရဲ့အမုန်းတရား​တွေက​တော့ယခုချိန်​အထိ..
ပြောင်းလဲဖို့ဆိုတာ​ဝေးစွ..

စည်းစိမ်​ဥစ္စာ ရာထူးဂုဏ်​အရှိန်​အဝါ​တွေကြားထဲမှာ ​ပျော်​​မွေ့ ​တတ်​တဲ့သူတစ်​​ယောက်​ကို တရားချဖို့က..သူမြတ်​နိုးတဲ့အရာ​တွေ သူ့လက်​ထဲမှာမရှိမှ ဖြစ်​​မယ်​မလား..

"မင်းကြီး....မယ်​တော်ကြီးကို
အမိန့်​ချမှတ်​ဖို့အတွက်​ အသင့်​​စောင့်​ဆိုင်း​နေကြပါတယ်​..ဘုရား...."

အ​တွေးလွန်​​နေတုန်း အနားကို​ရောက်​လာတဲ့ စစ်​သူကြီး​ကြောင့်​wu ရဲ့အ​တွေးစတို့ လွင့်​ပြယ်​ သွား​တော့သည်​။

"​ကောင်းပြီ ​မောင်​မင်း....ကိုယ်​​တော်​တို့ သွားကြတာ​ပေါ့.."

"မှန်​ပါ့..အရှင်​..."

အဲ​နောက်​မှာ​တော့ ပင့်​သက်​တစ်​ချက်​ရှူသွင်းလိုက်ပြီး..​လေသာ​ဆောင်​က​နေ ညီလာခံရှိရာကို ​လျှောက်​လာလိုက်​​တော့တယ်​...

သူမအတွက်​..အ​ကောင်းဆုံး ​သော ငြိမ်းချမ်းခြင်းနဲ့ အဆုံးသတ်​မယ်​လို့ ထင်​ပါတယ်​...

>>>>><<<>>>>>>><<<>>><<<><

နန်း​ဆောင်​ညီလာခံရဲ့ နဂါးပုလ္လင်
အ​ပေါ်မှာ တည်​ငြိမ်​​သော မျက်​နှာထားနဲ့ ထိုင်​​နေတဲ့ Wu...

သူ့ရဲ့​ညီလာခံအောက်​ဖက်​မှာ​တော့...အဖြူ​ရောင်​ဝတ်​ရုံလွှာနဲ့ ထိုင်​​နေတဲ့ မိခင်​ဖြစ်​သူ....တင်းမာ​သောမျက်​နှာထားနဲ့ မယ်​​တော်​ကြီးသည်​ ယခုချိန်​ထိရာဇမာန်​ကို မ​လျော့​သေး...

"အမိန့်​​တော်​မှတ်​မယ်​.အမိန့်​​တော်​နာခံ​စေ ...ဂိုဂူ​လျောနိုင်​ငံ..ငါWuဘုရင်မင်းမြတ်​ အမိန့်​ထုတ်​ပြန်​လိုက်​လိုက်​သည်​..

နန်း​တော်​အား ပုန်​ကန်​ရာ၌ဦး​ဆောင်​ပြုခဲ့သည့်​..မယ်​​တော်​ကြီးအား...မယ်​​တော်​ကြီးအ​ဆောင်​အ​ယောင်​ ရုတ်​သိမ်း၍
နန်းချ​စေ......

ကူညီကြည့်​ရှု့ သူ မည်​သူ့ကိုမဆို ပြင်းစွာ​သော မင်းပြစ်​မင်းဒဏ်​သင့်​​စေမည်​....နန်းကျ မယ်​​တော်​ကြီးအား...ကိုယ်​အဝတ်​လဲလှယ်​၍.....နန်း​တော်​မှ ဘုရား​ကျောင်းသို့ ပို့​ဆောင်​​စေ...ငါမင်းကြီး၏ အမိန့်​​တော်​....

လမင်​းချစ်​ ​သော​နေမင်​းသခင်​(chanbaek:)(Z & G)completedHikayelerin yaşadığı yer. Şimdi keşfedin