"အရှင့်သမီး "
ခပ်တိုးတိုး ခေါ်လာသော အထိန်းတော်ကြီးရဲ့ အသံကြောင့်...
Baekhee ပန်းထိုးနေရင်းကနေ မျက်လုံးလေးလှန်ပီး ကြည့်လိုက်မိတယ်
"ပြောလေ စန်း ရဲ့ ဘာအဆင်မပြေတာရှ်ိလို့လဲ...."
အပြုံးလေးနဲ့ ပြောလာတဲ့ မင်းသမီးလေးကိုကြည့်ပီး ချင့်စန်း သက်ပြင်းချလိုက်မိတယ်....
"မယ်မယ်...ဒီနေ့က..အမတ်ကြီးရဲ့ သမီးကို မိဘုရားမြှောက်မယ့်နေ့မဟုတ်လား..ဘုရား.."
အသံခပ်နွမ်းနွမ်းနဲ့ ပြောလာရှာသော အထိန်းတော်ကြီး ရဲ့စကားအပြီးမှာ
Baekheeရဲ့ လက်အစုံက လှုပ်ရှားမူ့တွေ ရပ်တန့်သွားသလိုပင်..
သို့ပေမယ့် သူမ ဟန်ဆောင်ပြုံးလိုက်မိတယ်
"Baekhee အရှင့်ကို ယုံတယ်..သူ ဘယ်တော့မှ baekကို ထားခဲ့မှာမဟုတ်ဘူး..
...အဲဒီ့အတွက် ကြောင့်ဆိုရတော့ စိတ်မပူပါနဲ့  ချင့်စန်းရယ်...""မယ်မယ် ...အဆင်ပြေတယ်ဆိုရင်ဖြင့်..ချင့်စန်းက စိတ်အေးရပါပီ...ဘုရား...."
အထိန်းတော်ကြီး ကို စိတ်သောကပျောက်အောင် ပြောလိုက်ရပေမယ့် baekheeရင်ထဲမှာ စိုးရိမ်စိတ် ဝင်နေတာကိုတော့..
Baekhee,ကိုယ်တိုင်ပဲ အသိဆုံးပါ...
ဒီအချိန်ဆို...အရှင် နဲ့ သူမတို့ လက်ဆတ်ပွဲ လုပ်နေလောက်ပီပေါ့.....
**********
တစ်ဖက်တွင်တော့.. ..
Choi sohee,တစ်ယောက် သတို့သမီးဝတ်စုံကိုဝတ်ဆင်ပီး....
အပျော်ကြီးပျော်ကာ..နန်းဆောင်ရှေ့ကိုရောက်လာတော့....သတို့သားလောင်း က မရှိပဲ..
အမိန့်စာချွန်လွှာ ဖတ်ကြားတဲ့ ကုန်းကုန်း နဲ့ ကိုယ်လုပ်တော်တွေ သာရှိတယ်...
အရှင့်သားက မရောက်သေးလို့နေမှာပါ...
...အဟက်!..ဘာတတ်နိုင်သေးလဲ...အရှင့်သားက ဒီည ငါနဲ့ နန်းဆောင်မှာ အတူတူ နေရတော့မှာ.....စိတ်ချ နင့်ဆီကနေ အရှင့်သားကို လုယူုပြမယ်....."
မဲ့ပြုံးတစ်ခုကို ဟန်ပါပါပြုံးလိုက်ရင်း..စိတ်ထဲကနေ ထိုမိန်းမ ဖြစ်ပျက်နေမယ့်ပုံစံကို တွေးကြည့်ပီး...အပျော်တွေက အဆုံးမရှိ
ဒါပေမဲ့.. .သူမရဲ့ အထင်နဲ့အမြင် တက်တက်စင်အောင်လွဲခဲ့ လေပီ....
"..အမိန့်တော်ချမယ်..အမိန့်တော် နာခံစေ......"
အမိန့်တော် လို့အသံကြားတာနဲ့တစ်ပြိုင်နက်ထဲ အသီးသီး ဒူးထောက်ခစားလာတဲ့ ကိုယ်လုပ်တော်တွေ.. ..
YOU ARE READING
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Historical FictionZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...