သာယာလှပလွန်းသော ဂျိုဆွန်းနန်းတော်၏..မနက်ခင်းလေး
"ခ်ခ်..အရှင် မလုပ်နဲ့  baekhee မနေတတ်ဘူး..."
မိဘုရားမယ်မယ်ရဲ့ ရယ်သံလွင်လွင်လေးတွေ လွှမ်းခြုံနေသော လရိပ်နန်းဆောင်.. .
ယောလ် တစ်ယောက် သူမ
ကိုယ်လေးကို ပွေ့ဖက်ရင်း ဂုတ်ပိုးအိအိလေးကို ခပ်ဖွဖွလေး နမ်းလိုက်တော့ ယောလ်ရဲ့ ရင်ခွင်ထဲကနေ တခစ်ခစ်ရယ်လာသူလေး.. ..အဖြူရောင်ပိုသား ညအိပ်ဝတ်ရုံလေးဝတ်ထားတဲ့ သူမကိုယ်လေးက ယောလ်ရဲ့ ရင်ခွင်ကျယ်ကြီး ထဲမှာ အံဝင်ခွင်ကျ
သူမလေးရဲ့ ပုခုံးထက်ကနေ ဖြာကျနေတဲ့ ပိတုန်းရောင် ဆံနွယ်စလေးတစ်ချို့ကို ယောလ်အမြတ်တနိုးနမ်းရှိုက်နေမိသည်။
နှာခေါင်းထဲကို တိုးဝင်လာတဲ့ သူမရဲ့ ကိုယ်သင်းနံလေး
က ယောလ် ကို ညှိ့ငင်လွန်းပါတယ်...
အနောက်ကနေ ပွေ့ဖက်ထားရင် သူမရဲ့ မျက်နှာသေးသေးလေးအနှံ့ ကို အနမ်းမိုးရွာနေမိတယ်..
သူမလေးကတော့ ရင်ခွင်ထဲမှာ ငြိမ်သက်နေရှာတယ်..
"အရှင်~~~baekhee လမ်းလျှောက် ထွက်ချင်တယ်..
......"ရင်ခွင်ထဲကနေ ခပ်တိုးတိုးလေး ပြောလာတဲ့ သူမရဲ့ စကားအပြီးမှာ ယောလ်..သူမရဲ့ ပါးပြင်လေး ကို နှာခေါင်းလေး နစ်ဝင်တဲ့ အထိ နမ်းလိုက်တော့တယ်...
"အင်းပါ...မောင် နဲ့အတူတူ လျှောက်ကြတာပေါ့...ဟောဒီကဗိုက်လေးထဲမှာ
မောင့်ရင်သွေးလေး ရှိနေတာဆိုတော့...မောင်ကိုယ်တိုင် ဂရုစိုက်ရမှာပေါ့......
တစ်ခုခုဖြစ်သွားရင် မောင်ပဲ ရင်ကျိုးမှာ......."
အနည်းငယ်ပူနေတဲ့ ဗိုက်လေးကို ခပ်ဖွဖွလေး ထိတွေ့ပြီး ပြောလာသော အရှင်...
နန်းသွေးလောင်းလျာလေးကို သိပ်ချစ်တာပဲလား အရှင်ရယ်
စိတ်ချပါ....baekheeအရှင့်အတွက် ...ရင်သွေးလေးကို
ရအောင်မွေးပေးမှာပါ...
"ကဲ..လာ..အူဂျူးလေးကို ခေါ်ပြီ..မောင်တို့ ဥယျဉ်တော်ထဲမှာ လမ်းလျှောက်ထွက်ကြရအောင်...."
"ဟုတ်ကဲ့ ပါ~~~~အရှင်..."
အနားမှာ ဝပ်အိပ်နေတဲ့ အူဂျူးလေး ကို ရင်ခွင်ထဲမှာ ပွေ့ထားလိုက်ပြီး....အရှင့်ရဲ့ လက်ဖဝါးကို ဆွဲကိုင်ကာ
အခန်းဆောင်ထဲကနေ ထွက်လာလိုက်တော့သည်။ဆောင်းဦးမနက်ခင်းလေး ဖြစ်နေတာကြောင့်..အဖြူရောင် နှင်းစက်လေးတွေက လေထုထဲမှာ ရစ်သိုင်းနေပြန်တယ်...
أنت تقرأ
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
أدب تاريخيZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...