တသွင်သွင်စီးနေသော..စမ်းချောင်းလေးတစ်ခု....ကြည်လင်သောရေတွေက..အောက်ခြေမှာ ရှိတဲ့..ကျောက်စရစ်ခဲနဲ့..ကူးခတ်နေတဲ့
ရောင်စုံငါးလေတွေကို တောင် မြင်နိုင်တယ်
လရောင်အလင်းတစ်ချို့ ဖြန့်ကျက်ထားသော
ထိုချောင်းရေက..အရောင်တလက်လက်နဲ့
ကမ်းဘောင်ပေါ်မှာ..ထိုင်နေသော သူနှစ်ဦးဆီကို..ဖြာထွက်နေတော့သည်..."အရှင်....ညောင်းနေဦးမယ်..baekheeအောက်မှာ ထိုင်လို့ရပါတယ်ဆို..."
ညနေကတည်းက..ဒီနေရာကိုရောက်တဲ့...အထိအောက်မှာ မထိုင်ခိုင်းပဲ..ရင်ခွင်ထဲမှာ ပွေ့ ချီထားတဲ့ အရှင့်ကြောင့်..
Baekheeပြောလိုက်တော့....တင်းတင်းလေး တိုးဖက်လာပြန်တဲ့ အရှင်...."Baekhee ah.."
"အွန်းပြောလေ..အရှင်....."
ကျမရဲ့ ဆံနွယ်စတွေကို..အသာသပ်တင်ရင်း
ခပ်တိုးတိုးလေး ခေါ်လာသော..အရှင့်ကြောင့်
ရင်ခွင်အောက်ကနေ..အပြုံးလေးတစ်ပွင့်နဲ့ ကြည့်ကာ...ပြန်ဖြေလိုက်မိသည် ။"ကိုယ်လေ..baekheeခွင့်လွှတ်လို့မရတဲ့ အပြစ်ကို..လုပ်ခဲ့မိတယ်ဆိုရင် ကိုယ့်ကို မုန်းသွားမှာ လား...ဟင် ??????..."မျက်နှာငယ်လေးနဲ့ yeolမေးလိုက်တော့..
"အရှင်က..ဘာအပြစ်များလုပ်ထားလို့လဲ..ဟင်????...အဲဒါက အရေးကြီးတာ မဟုတ်ပါဘူး
Baekhee သိနေတယ်ဆိုရင်ရော..."ရင်ခွင်အောက်ကနေ ပြောလာသော သူမလေးရဲ့ စကားကြောင့် yeol အံသြ သွားရတော့သည်....အထိန်းတော်တွေ ကို မပြောပြနဲ့လို့ သေချာ မှာထားတာကို
ထိတ်ထိတ်ပျာပျာနဲ့  စိုးရိမ်နေတဲ့ အရှင်ကြောင့်..baekheeစိတ်မကောင်းဖြစ်သွားမိတယ်....အရှင် အဲဒီ့ကိစ္စအတွက်နဲ့ ဘယ်လောက်တောင် စိတ်ဆင်းရဲနေရှာလိမ့်မလဲ...
"အရှင်...."
Yeol ရဲ့လက်ကို ဆွဲယူကာ..ခပ်ဖွဖွလေး ထိလာသော..သူမ ....မျက်လုံးဝိုင်းဝိုင်းလေး တွေက..အရောင်တလက်လက်နဲ့.. .
"Baekhee ah...ကိုယ် ဘာမှမဖြစ်ပါဘူး.."
သွေးစို့နေသော လက်က..ဒဏ်ရာကိုကြည့်ပီး
စိတ်မကောင်းဖြစ်နေတဲ့ မိဘုရားလေး.."ဘာလို့..ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်ရတာလဲ..အရှင်...baekhee ကလေ..အရှင့်ကို..မနာကျင်စေချင်ဘူး....တစ်ခြားဘယ်သူ့ ကြောင့်နဲ့မှလဲ အရှင့်ကို အထိအခိုက်ခံမှာ မဟုတ်ဘူး....."
"ဒါပေမယ့်.. ကိုယ်...က.."..ပြွတ်စ်! !..💋
Yeolရဲ့ လည်ချောင်မှ ထွက်လုဆဲဆဲ စကားတို့သည်....အငွေ့ ပျံကုန်သလိုပင်...

KAMU SEDANG MEMBACA
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Fiksi SejarahZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...