ကျလိ~~~ကျလိ....🐦🐦🐦
မနက်ခင်းရဲ့ ကျေးငှက်တစ်ချို့ တွန်မြည်သံတွေအပီးမှာ
အသက်ဝင်လာတဲ့ ဂျိုဆွန်းနန်းတော်ရဲ့ မနက်ပိုင်း..သို့ပေမယ့် ယခုအချိန်ထိ လှုပ်ရှားမူ့တစ်စုံတစ်ရာမျှ မတွေ့ရသေးသော လရိပ်နန်းဆောင်.. ..
အခန်းဆောင်အပြင်မှာ စောင့်နေတဲ့ ရံရွေတော်တွေလည်း
မျက်နှာမကောင်းကြ....ဟိုးတစ်နေ့က ပဲ နန်းဆက်ရင်သွေးလေးရလို့ အားလုံးပျော်နေကြတာ...
အခု သူမတို့ရဲ့ မိဘုရားလေးကတော်ဝင် ရင်သွေးလေးကို ဆုံးရှုံး လိုက်ရပြီဆိုတော့....
ဘယ်သူမှ စိတ်မချမ်းသာ.. ...စိတ်သဘောထားပြည့်ဝတဲ့
မိဘုရားလေးမို့လို့...အလယ်နန်းဆောင်နဲ့ အရှေ့ နန်းဆောင်က ရံရွေတော်တွေပါမကျန် ....အားလုံးက baekheeမိဘုရားလေးကို ချစ်ခင်ကြပါတယ်တော်ဝင်ရင်သွေးလေးကို ဆုံးရှုံး လိုက်ရတာကြောင့်
မယ်မယ်ကြီးနဲ့ လီဂျင်မင်းကြီးလည်း အတော်လေးစိတ်ထိခိုက်နေကြတယ်..အဆိုးဆုံးက တော့ သူတို့ရဲ့ အိမ်ရှေ့စံ မင်းသားlee yeolပါပဲ...
မိဘုရားလေးအနားမှာပဲနေပြီး ဘာစားတော်ပွဲမှ မမှီဝဲတာ
၂ရက်တိတိရှိနေပြီ....ကြာရင် မင်းကြီးရဲ့ ကျန်းမာရေး ကို ထိခိုက်လာနိုင်တယ်..
Lee yeolတစ်ယောက် ရင်ခွင်ထဲမှာ ပွေ့ချီထားတဲ့ မိဘုရား
လေးကို စိတ်မကောင်းစွာနဲ့ ကြည့်လိုက်မိ၏ရင်သွေးလေး ဆုံးရှူံး သွားတာကို သာသိရင် သူမလေး ခံစားနိုင်မှာမဟုတ်ဘူး...သူမလေး ဘယ်လောက်တောင် လိုချင်နေတဲ့ သွေးသားလေး လဲ...
Yeolမှာ အမှန်တိုင်းဖွင့်ပြောဖို့ သတ္တိမရှိတာ အမှန်ပဲ .
"တောင်းပန်ပါတယ် ကိုယ်တော် ညံ့ဖျင်းလို့ မယ်မင်းကို မစောင့်ရှောက်နိုင်ခဲ့ဘူး......"
ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ သူမလေးကို
တောင်းပန်စကားပြောရုံကလွဲပီး သူဘာမှမတက်နိုင်ခဲ့ပါဘူး"ဟင်းဟင် ~~~အ အရှင်......."
သူကြည့်နေတုန်းမှာ မျက်ခုံးတန်းလေးတွေ တွန့်ချိုးကာ နိုးလာတဲ့ မိဘုရားလေး....ဝမ်းသာအားရနဲ့
Yeol သူမလေး ကြားအောင် ခပ်မြန်မြန်လေး ပြန်ထူးလိုက်မိသည်။
"အင်း ...baekhee ah....မောင်ရှိတယ်နော်...."
နားထဲကို တိုးဝင်လာတဲ့ အရှင့်ရဲ့ အသံကြောင့် baekheeမျက်လုံးထဲတွေကို အသာဖွင့်ကြည့်လိုက်သည်။
BẠN ĐANG ĐỌC
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Tiểu thuyết Lịch sửZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...