" အရှင့်သမီး.. ...ကြင်ယာတော် ကြွလာပါတယ်.. ..."
အခန်းဆောင်အရှေ့မှ လျှောက်တင်လာတဲ့ အထိန်းတော်ကြီး ရဲ့ အသံ အပြီးမှာ...
ကျွီ! ....
ဖြေးညင်းစွာ ပွင့်လာသော တံခါးဖွင့်သံနဲ့ အတူ...အထဲမှ ထွက်လာတဲ့ သူမ....
Yeolကြည့် လိုက်တော့...လက်ထဲမှာ ယုန်ဖြူ လေးကို ပွေ့ချီကာ သူ့ရှိရာကို လျှောက်လာတဲ့
..သူမ...မျက်နှာကိုတော့..ဇာခေါင်းဆောင်း နဲ့
ဖုံးထားတုန်း ပါပဲ...." အရှင့်သား...ကို အရိုအသေပြုပါတယ် "
Baekhee.. ဝတ်ရုံလွှာ ကို မရင်း အရိုအသေ ပြုလိုက်တော့...." လက်ခံပါတယ်.. ထပါတော့ .မယ်မင်း..
ကိုယ်တော် တို့..စကားပြောကြရအောင်.. .
....လမ်းလျှောက် ရင်းနဲ့ ပေါ့...."" ဟုတ်ကဲ့ပါ.. .အရှင့်သား.."
အနောက် ကနေ ခပ်ဖွဖွလေး လှမ်းကာ လိုက်လာသော သူမကြောင့်..ကျနော်ပြုံး လိုက်မိတယ်...အင်းပေါ့လေ.. ..တစ်ခါမှ မတွေ့ဖူးတဲ့ သူကို ကြင်ယာတော် အဖြစ်လက်ခံ
..ခဲ့တာဆိုတော့.သူမအတွက် ကျနော်နဲ့ ရင်းနှီး ဖို့ ခက်ခဲနေတာ မဆန်းပါဘူး..." Baekhee.. ..ကိုယ်တော့် ဘေးနားက နေ အတူတူ လျှောက်ပါ....မကြောက်ပါနဲ့..."
ကျ နော် ပြောလိုက်တော့.ရွေ့လျားမှု့ တွေ ရပ်တန့်သွားတဲ့ သူမ....
ဘေးနားကို လာရပ်တဲ့ ..သူမလေးကြောင့်
Yeol ,တစ်ချက်ပြုံးလိုက်မိသည်...." အရှင့် သား...Baekhee ကို မိန့်စရာ ရှိလို့လားဟင်! ....."
" အင်း.....ကိုယ်တော်..ပြောစရာ ရှိလို့ပါ....မနေ့ က.....ကြင်ယာတော်..ဘာလို့ ကိုယ်တော်တို့
စီကို..မလာရတာလဲ..."" Nae...!???"
ခေါင်းကို အသာ စောင်းရင်းမေးလာသော ကြင်ယာတော် ကြောင့်..Baekhee..ခြေလှမ်းတို့ တုန့်နှေး သွားရတယ်....ဧကန်ဒ.. .
...သူ..တွေ့ သွားတာလား......" ဘာလို့ ရင်းနှီး အောင် လုပ်ဖို့ မကြိုးစား
ကြည့်တာလဲ..မင်းသမီး.. ..သိမ်ငယ်တယ်လို့ မခံစားပါနဲ့ ...ကိုယ်တော့်ရဲ့ မယ်တော်ကလည်း..မင်း ရဲ့ မယ်တော်ပါပဲ..နောက်ပြီး..
..မယ်တော်က သမီးလေး တစ်ယောက်လိုချင်နေ ခဲ့တာ...မယ်မင်းကို ချစ်မှာပါ..မိခင်တစ်ယောက်ရဲ့ မေတ္တာမျိုး နဲ့ ပေါ့...."ကျနော့် စကားအပြီးမှာ.. ခေါင်းဆောင်းအောက် ကနေ မော်ကြည့်လာသော သူမ..
" အရှင်မ က...baekhee ကို သဘောတွေ့
ပါ့မလား....ဟင်! ..."အသံတိုးတိုးလေးနဲ့ ပြန်မေးလာတာ ကြောင့်
Yeol ...ရယ်လိုက် ရင်း....
VOUS LISEZ
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Fiction HistoriqueZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...