လမင်းချစ်​​သော ​နေမင်းသခင်​(15)

2.1K 160 12
                                    

ဆောင်းဦး ဝင်​လာပြီဖြစ်​လို့....အ​သွေးအသားထဲ အထိ...တိုးဝင်​ တိုက်​ခတ်​​နေတဲ့....​လေ​အေး​တွေ ...🍃🍃🍃🍃

သူ့ ရဲ့ ရင်​ထဲက အပူမီး​တွေကို ငြိမ်းသက်​ဖို့
အထိ​တော့ မစွမ်း​ဆောင်​နိုင်​ခဲ့

" အကို​တော့်​ရဲ့.. .ညီမငယ်​..ဟိုတိုင်းပြည်​မှာ
အဆင်​​ပြေ​ပြေ ​မှနေ. .ရ ပါ့မလား......"

Wuတစ်​​ယောက်​ ...မြစိမ်းကန်​ ​ပေါ်က တံတားဖြူ ​လေး မှာ လမ်း​လျှောက်​​နေရင်း...
....အ​ဝေးက ညီမ ဖြစ်​သူကို ..စိတ်​ပူ​နေမိတယ်

" အရှင်​သခင်​​လေး.....အရှင်​သခင်​​လေး..."

အ​ဝေးမှ တစာစာ ​အော်​​ခေါ် ​နေ​သော ငယ်​ကျွန်​...Wuလက်​ လှမ်းပြလိုက်​​တော့ အလျင်​တ​စော နဲ့ ..​ပြေးလာ​နေ​တော့သည်​....

" လင်း...! ဘာလို့..အဲ​လောက်​ ​အော်​​ခေါ်​နေရတာလဲ....ကိုယ်​​တော်​ နားမ​လေးပါဘူး.."

အနား​ကို ​ရောက်​,​ရောက်​ချင်း....
မျက်​​မှောင်​ကြုတ်​ ကာ​ပြောလာ​သော အိမ်​​ရှေ့စံ မင်းသား​ကြောင့်​...လင်း..​အသက်​ကို အမြန်​ ရှူ
သွင်းလိုက်​ရင်း...😪😪😪

" ​ဟောဟဲ...ဟူး..အရမ်းအ​ရေးကြီးတဲ့ ကိစ္စဖြစ်​​နေလို့ ​အော်​​ခေါ်မိတဲ့အတွက်​ အပြစ်​စိုးရွံ့ မိ
ပါတယ်​ သခင်​...ဂျို ဆွန်း..နိုင်​ငံ က အရှင့်​သားကို စာချွန်​​တော်​ ပါးလိုက်​လို့ပါ ဘုရား."

ဂျို ဆွန်း !..ဒါဆို ညီမငယ်​ ဆီကများလား..
ဘာများဖြစ်​လို့ပါလိမ့်​...​နေမ​ကောင်းများဖြစ်​​နေလို့လား..ဒါမှမဟုတ်​.. သူမကို ဝိုင်းပြီး..
....နှိပ်​စက်​ကြလို့...ပြန်​လာ​ခေါ်ဖို့ ​ပြောခိုင်းလိုက်​တာများလား.....????

စာချွန်​​တော်​ တစ်​ခုတည်းနဲ့ တင်​ ​ခေါင်းထဲမှာ ထွက်​လာတဲ့ ​မြောက်​များစွာ​သော ​မေးခွန်း​တွေ....​မောင်​နှမ အရင်း​တွေ မဟုတ်​ကြ​ပေမယ့်​..သူမ​လေးက ​လောကကြီးမှာ မယ်​​တော်​ပြီးရင်​​..Wuတန်​ဖိုးထားရတဲ့ တစ်​ဦးတည်း​သော ညီမ​လေး....

" ငယ်​ကျွန်​ .. ..ကိုယ်​​တော့်​ကို စာချွန်​​တော်​ ပြစမ်းပါ ဦး...."

" မှန်​ပါ့...သခင်​."

အနီ​ရောင်​ကြိုး စကို အသာ​ဖြေချလိုက်​​တော့
...အလျားလိုက်​ ​ပေါ်လာ​သော..​ပေရွက်​...
..ကညစ်​တံ နဲ့ ​ရေးထားတဲ့ ..လက်​​ရေးလက်​သား တို့ကို ဖတ်​ပြီးတဲ့ သကာလ.....

" လင်း!..​မွန်းမတည့်​ခင်​ ..ဂျိုဆွန်း ကို တိတ်​တဆိတ်​ ခရီးထွက်​မယ်​.အ​ကောင်းဆုံးအ​ပြေးမြန်​တဲ့ မြင်း၁​ကောင်​ ထုတ်​ထားလိုက်​.."

" arr ...မှန်​..မှန်​ပါ့.. သခင်​...."ရုတ်​တရက်​ ဂျိုဆွန်း ကို သွားဖို့ပြင်​ခိုင်း​လိုက်​တဲ့ သခင်​​ကြောင့်​...လင်း အံသြသွားမိတယ်​....
ဘာပဲဖြစ်​ဖြစ်​ သခင်​က လို လို့အမိန့်​​ပေးတာပဲ
...လုပ်​​ပေးရမှာက ကျ​နော့်​တာဝန်​​လေ...

လမင်​းချစ်​ ​သော​နေမင်​းသခင်​(chanbaek:)(Z & G)completedNơi câu chuyện tồn tại. Hãy khám phá bây giờ