ယခင်ရက်တို့ထက် ပိုစည်ကားနေသော မြောက်နန်းဆောင်.
မြောက်များစွာသော ရံရွေတော်တွေ ကတော့ နန်းဆောင်ရဲ့ အပြင်ဖက်မှာ...မင်္ဂလာ မီးပုံးတွေကို အလှပဆုံး ချိတ်ဆွဲနေကြပြန်တယ်...
နန်းတွင်းဖျော်ဖြေရေး အဖွဲ့တွေကလည်း ကောင်းပေ့ဆိုသော အဝတ်အစားအဆင်အယင်တွေကို သူ့ထက်ငါ အပြိုင်အဆိုင် အလှဆုံးဖြစ်အောင် ဝတ်စားဆင်ယင်ပြီး....
နန်းဆောင်အရှေ့ မှာ အသီးသီးခစားနေကြတော့သည်။
ဒီနေ့က လပြည့်ည.တစ်နည်းအားဖြင့်ပြောရရင် ..မင်းကြီးရဲ့ နန်းဆက်သွေးကိုအရယူရမယ့်....မင်္ဂလာ ည.....
ဆိုဟီးတစ်ယောက် ကြေးမုံမှန်ထဲမှာ မြင်နေရတဲ့ မိမိရဲ့ မျက်နှာကို ကျေနပ်အားရသော အမူအရာနဲ့ ကြည့်လိုက်မိ၏..
ဒီညက မင်းကြီးနဲ့ အတူတူ အိပ်ဆောင်တက်မယ့်ညဆိုရင်လည်း မမှားဘူး....ကြည့်စမ်းပါဦး...ဘယ်လောက်တောင်
လှလိုက်တဲ့ မျက်နှာလေးလည်း...နောက်ဆုံးတော့လည်း မင်းကြီးရဲ့ အရာအားလုံးကို ချွဲဆိုဟီးဆိုတဲ့ သူမ တစ်ယောက်ပဲ အပိုင်ရတော့မှာလေ..
အဟက်~~အသံကောင်းဟစ်နေတဲ့ baekheeမိဘုရားရော..အခုချိန်မှာ ဘာတက်နိုင်မှာမို့လို့လဲ...အရာအားလုံးက သူမ လက်ထဲမှာပင်...
ဘုရားရှင်က သူ့ကို ပစ်ပယ်မထားသေးပါဘူး.. အနည်းဆုံးတော့ အသက်ရှင်ဖို့အတွက် လမ်းစလေး ရှာထားပေးသေးတယ် မဟုတ်ပေလား ....
"ဟင်းဟင်~~သနားစရာ ကောင်းလိုက်တဲ့ မိဘုရားလေး..
...အခုတော့...ဘာတက်နိုင်သေးလဲ.. .စိတ်ချ..အရှင့်ရဲ့ ကိုယ်စိတ်နှလုံး သုံးပါးစလုံး.က.ဒီည ချွဲဆိုဟီးဆိုတဲ့ ငါ့ဆီမှာပဲ
နစ်မြောစေရမယ်....မင်းကတော့...မင်းကြီးရဲ့ စွန့်ပစ်ခြင်းကို ခံစေရမယ်....အဲလို ဖြစ်အောင်လည်း..ငါကိုယ်တိုင် လုပ်မှာမို့လို့....."
ကြေးမုံမှန်ရှေ့မှာ မြင်နေရတဲ့ သူမရဲ့ မျက်နှာကို သေသေချာချာ ကြည့်လိုက်ရင်း.နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးတစ်ခုကို...ဟန်ပါပါ ပြုံးလိုက်မိတယ်..
"ဖိန့်!....ငါ မှာထားတဲ့ ပစ္စည်းတွေ ရောက်ပြီလား? ..."
"ရ~~ရပါပြီမယ်မယ်....."
အခန်းထဲကနေ လှမ်းပြောလာတဲ့ သခင်မဖြစ်သူကြောင့် ဖိန့်
လက်ထဲမှာရှိနေတဲ့ အိတ်အနီလေးကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း...အခန်းဆောင်ထဲ ကို ဝင်လာလိုက်တော့တယ်..ကြောက်စိတ်ကြောင့် နှဖူးမှာပင်စို့နေသော ချွေးစတစ်ချို့.

ESTÁS LEYENDO
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Ficción históricaZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...