ဂျန်မြောင်မင်းသား တစ်ယောက် ယွန်းသေတ္တာလေးကို
အသာဖွင့်လိုက်ပြီး.....အထဲမှာ ပုံစံမပျက်ပဲ...ရှိနေတဲ့ ပဝါစလေး ကို အသာထိတွေ့မိတော့..စိတ်အာရုံထဲမှာ...
ခပ်ရေးရေးလေးပေါ်လာတဲ့ သူသိပ်ချစ်ရသော မိန်းခလေးတစ်ဦး ရဲ့ မျက်နှာ...လောကကြီးထဲမှာ သက်ရှိထင်ရှားမရှိတော့ပေမယ့်....
သူ့ရဲ့ ရင်ခွင်ကမ္ဘာထဲမှာတော့..ထယ်ယန်ဂျို ဆိုတဲ့သူမဟာ
အမြဲထာဝရ ရှင်သန်နေဆဲပါပဲ.....သူမကျူးလွန်ခဲ့တဲ့ အပြစ်တစ်ခုအတွက် သေချာမစီစစ်ပဲ နယ်နှင်ဒဏ်ပေးခဲ့တဲ့..အကိုတော့်ကို စိတ်နာမိတာမှန်ပေမယ့်..
တစ်ချိန်က သူတို့ဟာ သိပ်ချစ်ခဲ့ကြတဲ့ ညီအကိုအရင်းတွေပါပဲ....
ရာထူးအာဏာတွေ ကို မက်မောတဲ့ မိခင်ဖြစ်သူရဲ့ စကားတွေ ကို နားယောင်ပြီး အကိုတော့်အပေါ်ကို အမုန်းတရားတွေထားခဲ့မိတယ်...
ဒါပေမယ့် အခုအချိန်မှာတော့ သူ သိသင့်သလောက် သိခဲ့ရပါပြီ....အမှားတွေကို ပြင်ဆင်ဖို့ အချိန်ရသေးတယ်လို့
ဂျန်မြောင် ထင်ပါတယ်.. ...ယန်ဂျိုလည်း သူ့ရဲ့ ဆုံးဖြတ်ချက်ကို....သဘောကျနေလောက်မှာပါ..
"နောက်ဘဝတွေ မှာကိုယ်တို့ပြန်ဆုံကြတာပေါ့..ယန်ဂျို..
ငါကိုယ်တော် မင်းတစ်ယောက်တည်းကိုပဲ သစ္စာရှိရှိချစ်သွားမှာမို့လို့......"
ခပ်တိုးတိုးသာ ရေရွတ်ရင်း ..ထိုသေတ္တာဗူးလေးကို ပြန်ပိတ်ကာ....စားပွဲပေါ်တင်ထားလိုက်သည်။
နှစ်ကာလတွေက အတော်ကို ကုန်လွန်ခဲ့ပြီပဲ..အချိန်တွေ က ဘာလိုလိုနဲ့ သူမ သိပ်သဘောကျခဲ့တဲ့ နွေဦးကိုပင် ရောက်တော့မှာပါလား...ဂျန်မြောင်မင်းသား လက်ထဲက အကြမ်းရည်ပန်ကန်လုံးကို ချပြီး...
အခန်းဆောင်ထဲကနေ အပြင်ပတ်ဝန်းကျင်ကို အကြည့်ပို့မိတော့.. .....ရဲရဲနီနေသော..ရွက်ကြွေဟောင်းတို့က..လမ်းမတွေအပေါ်မှာ နေရာယူထားပြန်သည်။
ဒီအချိန် သူမ သာ သက်ရှိထင်ရှား ရှိနေသေးရင်..အရင်လို လမ်းအတူတူ လျှောက်ဖို့ ပူဆာလေဦးမလား....
"အရှင့်သား....~~မိဘုရားခေါင်ကြီး ကြွချီလာပါတယ်"
အပြင်ကနေ လျှောက်တင်လာတဲ့ ထီမိုယွမ် အသံကြောင့်
သူ အံ့သြသွားမိတယ်...နန်းတွင်းမှာ နေလာတဲ့သက်တမ်းတစ်လျှောက်လုံး..သူနဲ့
မျက်လုံးချင်းဆုံမိရင်တောင်မှ မမြင်သလိုအကြည့်လွဲတတ်တဲ့ မိဘုရားက...

VOCÊ ESTÁ LENDO
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Ficção HistóricaZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...