"တူ..ဒုန်..ဒုန်..ဒုန်......"🎊🎊🎊🎊
အဆတ်မပြတ် ထွက်ပေါ်လာသော..စည်တီးသံ နဲ့အတူ..အဖြူ ရောင်နဲ့ အနက်ရောင်
ဝတ်စုံကို သာ...ဝတ်ဆင်ထားတဲ့ နတ်ဆရာမတွေက.....ဘေးတစ်ဖက်တစ်ခြမ်းမှာ ဒူးထောက်အနေအထားနဲ့ ခစားလာကြတော့တယ်.. .
ရှင်းဂျီ..ကုန်းမြေ...ဂိုလျော ရဲ့ အထွဋ်အမြတ်ထားရာ..နေရာတစ်ခု.....မကောင်းမှု့ တစ်ခုခုကြုံလာရင်...ဆုတောင်းပွဲလုပ်လေ့ရှိတဲ့
သန့်စင်သော...ကုန်းမြေ....စိမ်းစိုသော..မြက်ခင်းစိမ်း ကြီးရဲ့ အလယ်မှာ ခင်းထားတဲ့ အဖြူ ရောင်ပိတ်စတစ်ခု...
ထိုအရှေ့မှာတော့....မြောက်များစွာသော..ကမ္ဗည်းတိုင်တွေနဲ့...စားသောက်ဖွယ်ရာ တွေက..စားပွဲ အပြည့်....ထိုပိတ်စဖြူ ပေါ်မှာ ရှိနေတဲ့....တစ်ဦးတည်းသော ..သူမ....
နက်မှောင်တဲ့ ဆံနွယ်စတွေ ကို..ဖြန့်ချထားပီး
အဖြူ ရောင်...ဝတ်ရုံလွှာ ကိုသာ..ဝတ်ဆင်ထားတဲ့ ဂိုလျောရဲ့ မင်းသမီးလေး.. ."မင်းသမီးလေး...ဆုတောင်းပွဲစလို့ ရပါပီလား."
အနားကိုရောက်လာကာ မေးလာတဲ့ မာဂိုနတ်ဆရာမ ကြောင့်..baekhee ,ခေါင်းကို အသာ ညိတ်ပြလိုက်တယ်။
များမကြာမီ မှာပဲ...ကန်တော့ပွဲရှိရာကို..သယ်လာတဲ့..ရေဇလားတစ်ခု....
"မင်းသမီးလေး...ရေစင်ဆုတောင်ပွဲအတွက်
...ဒီအထဲမှာ ဝင်ထိုင်ပေးပါ..."ဂါဝန်စကို အသာမပီး..ရေဇလားထဲမှာ ဝင်ထိုင်လိုက်တော့...အေးစိမ့် နေတဲ့ရေက..သွေးတွေ ပင်..အေးခဲသွားသလို...
အဲနောက်..တင်ပလ္လေခွေ ထိုင်ပီ.....သူမရဲ့
မျက်ဝန်းတွေ ကို မှိတ်ချလိုက်တော့..သည်.."သင် က..အခုအချိန်ကစပြီး ကောင်းကင်နတ်မင်းကြီးနဲ့ တွေ့ ဆုံရမယ်....စိတ်ထဲမှာ..အနှောင်အဖွဲ့ မထားပါနဲ့....စိတ်ထားက...မြူ မှုန်စ
တွေလို...သန့်ရှင်းပီး...လွင့်မျော နေရမယ်....ဆုတောင်းစကားမှာ..ဒေါသ. မပါရဘူး..ကိုယ်ကျိုးတွက် တောင်းလို့မရပါဘူး..သန့်ရှင်းတဲ့ စိတ်နဲ့ ယုံယုံကြည်ကြည် ဆုတောင်းရပါမယ်"
သူမရဲ့ အရှေ့ မှာတော့ တစထက်တစ တောက်လောင်နေသော ဆုတောင်းမီးပုံတစ်ခု.....
မာဂို နတ်ဆရာမရဲ့..ခြူ သံအပီးမှာ...ဆုတောင်းစာ..ရွတ်ဆိုလာတဲ့....နတ်ဆရာမ တွေ...
အုန့်ဆိုင်းနေသော..ကောင်းကင်သည်..သူမ ကို..လှောင်ရယ်နေသလိုပင်....မင်းကြီး..ကွယ်လွန်သွားကတည်းက..ဂိုလျောရဲ့ နေရောင်ခြည်သည်..တိမ်စိုင်တွေ ထဲမှာပင် ပျောက်ကွယ်သွားတာ..၃ရက်လောက်ရှိပီ
ВЫ ЧИТАЕТЕ
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Исторические романыZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...