ယခင်အပိုင်းမှအဆက် ~~~~~~~~~~~
အတိတ်ကာလ များစီသို့ ရွက်လွှင့်ခြင်း>>>>>>
"ယန်ဂျို.....ဘာလုပ်နေတာလဲ.. .."
ကြက်သွေးရောင် ဝတ်ရုံလေးကို ဝတ်ကာ ကြာကန်ထဲကို
ခြေတောက်လေးချပြီးထိုင်နေတဲ့ မိန်းခလေးတစ်ဦး..ဖြူစင်တဲ့ အပြုံးရိပ်လေးတစ်ချို့က မျက်နှာမှာထင်ဟပ်လျှက်..သူမနာမည်က ထယ်ဝမ်ဂျို ပညာရေးအမတ်ကြီးရဲ့ တစ်ဦးတည်းသော သမီးလေး....
သူမရဲ့ဘေးနားမှာတော့ မီးခိုးရောင်ဝတ်ရုံလေးကိုဝတ်ပြီးသစ်သားဓားလေးကို ကိုင်ကာပုံ့ပုံ့လေးထိုင်နေတဲ့ ဝမ်ရယ်လေးတစ်ပါး...
သူ့ရဲ့ နာမည်ကတော့ လီဂျန်မြောင် ....
"မင်းသားလေး....ဓားရေးမလေ့ကျင့်ဘူးလား ဘုရား.."
၁၁နှစ်အရွယ် ကောင်မလေးရဲ့ စကားအပြီးမှာ လက်ထဲမှာကိုင်ထားတဲ့ သစ်သားဓားကို မျက်မှောင်ကြုတ် ကာကြည့်လိုက်ပြီး...ကြာကန်ထဲကို အားကုန်လွှင့်ပစ်ချလိုက်တဲ့....
ဂျန်မြောင်မင်းသားလေး.....
"ယန်ဂျို.....ကိုယ်တော်မှ ဓားရေးကျင့်ဖို့ စိတ်မပါတာ...
အဲဒါက ပျင်းစရာကြီး.. ..""မင်းသား......ဓားရေးလေ့မကျင့်ထားဘူးဆိုရင် ဝမ်ရယ်လေးတစ်ပါးအနေနဲ့ တိုင်းသူပြည်သားတွေကို ဘယ်လိုလုပ်ပြီး ကာကွယ်ပေးနိုင်ပါ့မလဲ ဘုရား....
အားနည်းတဲ့ ဝမ်ရယ်လေးတစ်ပါးဆိုပြီး..နန်းတော်မှာရှိတဲ့ အမှု့တော်ထမ်းတွေက ပြက်ရယ်ပြု ကြတော့မှာပေါ့...ဘုရား"
ကောင်မလေးရဲ့ပြောစကားတွေကြောင့်..မျက်ခုံးတန်းခပ်ရေးရေးလေးကို တွန့်ချိုးကာ အသည်းအသန် စဉ်းစားလာတဲ့
မြောင်ဆို လေး......"ဟုတ်တယ်နော် ...ကိုယ်တော်သာ တိုက်ခိုက်ရေးပညာကို မတက်မြောက်ထားဘူးဆိုရင်...မယ်မင်းကို မစောင့်ရှောက်နိုင်ဘူးပေါ့....ဟူး~~~~ဘယ်တက်နိုင်ပါ့မလဲ.. ..
ငါကိုယ်တော် အနေနဲ့ ဓားရေးလေ့ကျင့်ရတော့မှာပေါ့...
ဒါပေမယ့်..တစ်ခုတော့ရှိတယ်.. မယ်မင်းက ငါကိုယ်တော်ကို လိုက်ပြီးအားပေးရမယ်...."
"မှန်ပါ့...မင်းသားလေး ကို..ယန်ဂျို က အားပေးမှာပေါ့ဘုရား
.....""ဒါဆို ...ကိုယ်တော်တို့အတူတူ သွားကြရအောင်.. .အကိုတော်လီယောလ်နဲ့ ဓားချင်းယှဉ်မယ်လို့ ကတိပေးထားတယ်လေ.. ...မယ်မင်း ငါကိုယ်တော့်ကို အားပေးရမှာနော်..."
ESTÁS LEYENDO
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Ficción históricaZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...