တစ်ကိုယ်လုံး ..တုန်ယင်နေတဲ့ မင်းသမီးလေးကြောင့် အထိန်းတော်ကြီး..စိတ်ပူသွားမိတယ်....
"အရှင့်သမီး.. ဘာဖြစ်လို့ပါလဲ ဘုရား.."
"..ဘာမှ မဖြစ်ပါဘူး.. အထိန်းတော် ကြီး..ခရီး ဆက်ကြရအောင်..."
"မှန်ပါ့ ဘုရား.. ."နန်းတော်ကို ဦးတည်ရွေ့လျားနေသော သတို့သမီး ဝေါယာဉ် အနီ လေး..
...တစ်လမ်းလုံး စဉ်းစားခန်းဝင်နေသော သူမ...စောစောက တွေ့လိုက်ရတဲ့ လူ...baekhee ကို အိမ်မက်ထဲမှာ လိုက်သတ်နေတဲ့ ..သူ..ဘယ်လိုလုပ်ပြီး...အခုလိုတွေ့နေရတာလဲ...အိပ်မက် ထဲမှာ တွေ့ရတဲ့ လူကို အပြင်မှာ ပြန်တွေ့တယ်ဆိုတာက မဖြစ်နိုင်တာ.. ဒါ တိုက်ဆိုင်မှု့တစ်ခုပဲဖစ်မှာပါလေ...
" တူ...ဒုန်...ဒုန်...."🎷🎷🎷🎺🎺🎺🎶🎶
အဆတ်မပြတ် တီးခတ်လာသော...တော်ဝင် တီးဝိုင်းထဲမှ မင်္ဂလာ စည်တော်သံကြောင့်..အရှေ့ဆောင်နန်းတော်မှာ အသီးသီး စုဝေးရောက်လာကြတဲ့ နန်းတွင်းအမတ်တွေနဲ့ အမှု့တော်ထမ်းတွေ.နဂါးပုလ္လင်ရဲ့ ထိပ်ဆုံးမှာ
ထိုင်နေတဲ့ ဘုရင်မင်းမြတ်.. ဘေးဘက်ခြသေ့်ပုလ္လင်မှာ ခစားနေတဲ့ အိမ်ရှေ့စံ မင်းသားလီယောလ်....ညာဘက်မှာတော့..မိဘုရားခေါင်ကြီး....လီယောလ်ကြည့်လိုက်တော့...နန်းဆောင်ရှိရာကို ရောက်လာသော ပန်းဝေါယာဉ်.🌸🌸🌸🌸
အထဲတွင်တော့.. ...
" အရှင့်သမီး ဘာမှမကြောက်နဲ့နော် ..ချင့်စန် ရှိပါတယ်ဘုရား.."
" သိပါပြီ အထိန်းတော်ကြီးရဲ့...."
စိုးရိမ်စိတ် များနေသော အထိန်းတော်ကြီးကို စိတ်သက်သာဖို့ သူမ ပြုံးကာပြန်ဖြေလိုက်သည်..တကယ်တော့ သူမလည်း..ကြောက်တာပေါ့ တစ်ခါမှ တောင်မတွေ့ဖူးပဲ ကိုယ့်ထက်အသက်ကြီးတဲ့ သူကို ကြင်ယာတော်အဖြစ်လက်ခံခဲ့တာ...နောင်တရလားမေးတော့ ..ဟင့်အင့်.. .သူမ နောင်တမရပါဘူး..
..နိုင်ငံတော် အတွက်အကောင်းဆုံးလုပ်ခဲ့တယ်လို့ပဲ တွေးမိပါတယ်.." မယ်မယ်..baekhee ကို ကူညီ ပေးပါဦးနော်..."
လည်ပင်းမှာ ဆွဲထားတဲ့ အပြာရောင်ဆွဲကြိုးလေးကို ကိုင်လိုက်ရင်း သူမ တိတ်တိတ်လေး ဆုတောင်းလိုက်မိတယ်...ကျွီ.!....လီယောလ်ကြည့်လိုက်တော့..တံခါးချပ်ပွင့်လာသော..ပန်းဝေါယာဉ်လေး..အထဲကနေ
..အသက်ကြီးတဲ့ အထိန်းတော်
တစ်ယောက်ရဲ့ လက်ကို တွဲကာ ထွက်လာသော အမျိုးသမီးလေး...ထူးဆန်းတာက မျက်နှာတစ်ခုလုံး ကို ဇာပဝါ ပန်းရောင်နဲ့ အုပ်ထားတယ်...
ESTÁS LEYENDO
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Ficción históricaZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...