လရောင်အောက်တွင် အစွမ်းကုန် ပွင့်လန်းနေသော...
ကုမုဒြာ ကြာပန်း တစ်ချို့....ဆောင်းလေနုအေးတို့ရဲ့ ကျီစယ် မူ့ကြောင့်..ကြာပွင့်ချပ်လေးတွေက ရေပြင်ပေါ်ဝယ် ယိမ်းထိုးလျက်...
ထိုအစဉ် တစ်ဒေါင်ဒေါင်အသံပေးကာ တီးခေါက်လာတဲ့..အချက်ပေးအသံတစ်ခု...
ဒေါင်..ဒေါင်..ဒေါင်.....
သုံကြိမ်တိုင်တိုင် နှိုးဆော်လာတဲ့ အချိန်ပေးသံအပြီးမှာ..အလှည့်ကျ တာဝန်ယူလာတဲ့ နန်းတွင်းရဲမက်တစ်ချို့.....
အချိန်အားဖြင့်..ည၃နာရီအထိ....
မီးရောင်တစ်ချို့ ငြိမ်းသက်ထားတဲ့ အိမ်ရှေ့စံ မင်းသားရဲ့ အဆောင်တော်....
လေတစ်ချက်အဝှေ့ မှာ လှုပ်ခတ်သွားတဲ့ အနီရောင်မီးပုံးလေးတွေက နန်းဆောင်ရဲ့ တစ်ဖက်တစ်ချပ်မှာ စီစီရီရီနဲ့ပင်
ချစ်ခြင်းတရား တို့ဖြင့် ထုံမွှန်းထားသော အိမ်ရှေ့စံ မင်းသားရဲ့ နန်းဆောင်...
အခန်းဆောင်ရဲ့ အရှေ့ မှာတော့ ခစားနေကြတဲ့ အပျိုတော်နဲ့ ရဲမက်တွေ..က..
သူ့နေရာနဲ့သူ.. နေသားတကျ တည်ရှိနေတော့တယ်...
သို့ပေမယ့်....တစ်ယောက်သောသူ ရဲ့ နန်းဆောင်မှာတော့..
......အမုန်းတရားတို့က ကြီးစိုးလျက်..."မင်းသား ~~~~မယ်မယ်ကြီး ကြွလာပါတယ်...."
အခန်းဆောင်အရှေ့ ကနေ လျှောက်တင်လာတဲ့ အပျိုတော်ရဲ့ အသံကြောင့်...
လျော့တိလျော့ရဲ ဖြစ်နေတဲ့ အပေါ်ဝတ်ရုံလွှာကို သေချာ ပြန်ဝတ်လိုက်တဲ့ ဂျန်မြောင် မင်းသား..
အနားမှာတော့..အပေါ်ပိုင်းကိုပင် မလုံ့တလုံ ဝတ်ဆင်ထားပြီး....သူ့ရဲ့ ကိုယ်ကို ပွတ်သပ်နေတဲ့...
အပျော်မယ်တစ်ဦး......
"အချောလေး..ခဏရှောင်ပေးပါ.လား.ကိုယ်တို့..ပြီးမှ ဆက်ကြတာပေါ့.."
"ခ်ခ်....ဟုတ်ပါပြီ...မင်းသားလေး...ချန်ဂျို...အခန်းထဲမှာ စောင့်နေမယ်နော်.. .."
သူမရဲ့ ပါးလေးကို ရွတ်ခနဲ နမ်းလိုက်ပြီး..ဂျန်မြောင်...ပြောလိုက်တော့ အခန်းထဲကနေ ခဏရှောင်ထွက်သွားတဲ့
ထိုမိန်းခလေး.....
ကျွီ~~~~
အခန်းဆောင်တံခါး ဖွင်သံနဲ့အတူ...အမည်းရောင် ဇာခေါင်းဆောင်းဝတ်ဆင်ကာ ဂျန်မြောင် ရှိရာကို တစ်လှမ်းချင်းဝင်လာတဲ့ အမျိုးသမီးတစ်ဦး.. ...
أنت تقرأ
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
أدب تاريخيZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...