တစာစာ အော်နေသော ကျေးငှက် တို့ရဲ့ အသံကြောင့် ..... baekhee လေသာပြတင်းပေါက်ကို...ဖွင့်လိုက်တော့အခန်းထဲကို....တိုးဝင်လာတဲ့ နှင်းဆီပန်း နံ့သင်းသင်းလေး....baekheeသတိထားမိတယ်..ညဖက်ဆိုရင်..ခေါင်းရင်းပြတင်းပေါက်တံခါးကနေ ဝင်လာတတ်တဲ့ နှင်းဆီပန်းရနံ့ ....🌹🌹🌹
" အူဂျူးလေး ဒီမှာလည်း ပန်းခင်းလေးတစ်ခုလောက် ရှိရင် ကောင်းမယ်နော်..."
လက်ထဲမှာ ပွေ့ ထားတဲ့ အဖြူ ရောင်ယုန်သေးသေးလေးရဲ့ သားမွှေးတွေကို..ခပ်ဖွဖွလေး ပွတ်ပေးရင်...ပြောနေတဲ့ သူမ.. 🐇🐇🐇
နောက်ဆုံးတော့ ပဝါစအဖြူလေးကို..မျက်နှာတစ်ဝက်အထိ အုပ်လိုက်ရင်း..နန်းဆောင်အရှေ့ ကိုထွက်လာလိုက်တော့တယ်....
" မိဘုရားမယ်မယ်.. ဘယ်အရေးရှိလို့ပါလဲ
...ကျွန်တော်မျိုးမ တို့ကို မိန့်တော်မူ ပါ.."အဆောင်အရှေ့ မှာ ခစားနေသော ရံရွေတော်တွေ.. ..အင်း..သူတို့တော့ သိမှာပေါ့ ...baekhee.. ညတိုင်းရနေတဲ့ နှင်းဆီပန်း နံ့ တွေက ဘယ်က လာတာလဲဆိုတာ...မေးကြည့်ရမယ်.. .
" ရံရွေတော်ကြီး....ဒီနားလေးမှာ လေ..ပန်းခင်တွေ ဘာတွေ ရှ်ိလားဟင်..နှင်းဆီပန်း နံ့ လေး..ရနေလို့ပါ...."
" မှန်ပါ့..မယ်မယ့် နန်းဆောင်ရဲ့ အနောက်ဘက်မှာ..နှင်းဆီပန်းခင်းတစ်ခု ရှိပါတယ်.."
ထိုရံရွေတော် ရဲ့ စကားကြောင့် baekhee
အပြုံးလေးတစ်ပွင့် ပြုံးလိုက်ရင်း....." မယ်မယ့် ကို လိုက်ပို့ ပေးနိုင်မလား.."
"မှန်ပါ့.....လမ်းပြပေးပါ့မယ် ဘုရား..."
လရိပ်နန်းဆောင်ရဲ့ အနောက်ဘက်မှာ သီးသန့်ဖန်တီး ထားတဲ့ ပန်းဥယျဉ်လေးတစ်ခု
....အတိအကျ ပြောရရင် နန်းတက်မင်းသား
က..သူ့ရဲ့ ကြင်ယာတော်..ထယ်ဂျိုဝမ် အတွက်
ကိုယ်တိုင် စိုက်ပေးခဲ့တဲ့ ပန်းခင်း...ကံအကြောင်းမလှစွာနဲ့ မိဘုရားလေးက မြင်မသွားရရှာဘူး...မျက်စိ အရှေ့ မှာ မြင်နေရတဲ့..ပန်းနုရောင် နှင်းဆီးပန်းခင်းကြီး....လေတစ်ချက်တိုက်လိုက်တိုင်း..ယိမ်းနွဲ့  လှုပ်ရှားသွားတဲ့..ပန်းပွင့်လေးတွေ....ပန်းခင်းကြီးရဲ့ ဘေးနားမှာတော့..သစ်သားစားပွဲဝိုင်းကြီး တစ်ခု...သစ်တုံးလေးတွေကို ညီညီညာညာ ဖျတ်ကာ ထိုင်စရာ လုပ်ထားပုံလေးက....ချစ်စရာလေး.. 💕💕💕💕
" သိပ်လှတာပဲ နော်...."
တိုးတိုးလေး ရေရွတ်လိုက်ရင်း..စိတ်လွတ်လက်လွတ် နဲ့ ပန်းခင်းဆီကို baekhee ပြေးသွားလိုက်တယ်.....
KAMU SEDANG MEMBACA
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Fiksi SejarahZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...