သောက ပင်လယ်ဝေနေသော ဂျိုဆွန်း နန်းတော်ရဲ့ အနောက်နန်းဆောင်....
မနက်ကတည်းက သတိပြန်မလည်သေးသော မိဘုရားလေး ကြောင့်..သမားတော်ကြီး တွေလည်း..ခေါင်းခဲနေရပြီ..
ခက်တာက အနာကိုသိမှ ဆေးကုလို့ရမယ်မလား..အခုဟာက အဆိပ်က သာမာန်အဆိပ်မဟုတ်..ငွေ.ဆံထိုးနဲ့ စမ်းသပ်ခဲ့တာကိုတောင်မှ အဆိပ်အာနိသင်မပြခဲ့တာကြောင့်...
ဘယ်လို အဆိပ်အမျိုးအစားလည်းဆိုတာကို...သမားတော်တွေ အနေနဲ့ ခန့်မှန်းရ ခက်နေတာတော့ အမှန်ပဲ ..
နန်းတွင်းသမားတော်ကြီး တွေလည်း ခေါင်းပင်မဖော်ရဲကြ..
"အရှင့်သား....အဆိပ်အမျိုးအစားကို သိရပါပြီ..."
လက်ထဲမှာ အပင်ပေါက်တစ်ခုကို ကိုင်ကာ အနားကို အပြေးအလွှား ရောက်လာတဲ့ အဆင့်တစ် နန်းတွင်းသမားတော်ကြီး....ကြောင့်
ယောလ် သလွန်တော်ဘေးကနေ ခပ်မြန်မြန်လေး ထလာလိုက်တော့တယ်...
မျက်နှာတစ်ခုလုံး ဖြူစုတ်ကာ..သတိပြန်မလည်သေးသော ချစ်ရသူလေးကြောင့် ယောလ် ရင်ထဲမှာ မီးခဲတစ်ခုကို မ်ျိုချထားရသလိုပဲ သိပ်ပြီး ပူလောင်လွန်းလှတယ်...
အဆိုးဆုံးက တော့ ဗိုက်ထဲမှာ ရှိနေတဲ့ လူ့လောကထဲကို မရောက်လာသေးတဲ့ သူ့ရဲ့ ရင်သွေးလေး
အဆိပ်ကြောင့်...အသက်ရှင်ပါ့မလား....
"သမားတော်ကြီး....ဘာအဆိပ်အမျိုးအစားလဲ?..."
"မှန်ပါ့ အနောက်ပြည်ကလာတဲ့ ဂျင်အဆိပ်ပါဘုရား..."
သမားတော်ကြီးရဲ့ လျှောက်တင်သံအပြီးမှာ ယောလ် ခပ်တိုးတိုးလေး ရေရွတ်လိုက်ရင်း
သလွန်တော်ပေါ်မှာ လဲလျောင်းနေတဲ့ သူမလေးကို လှမ်းကြည့်လိုက်မိတယ်....
ဂျင်အဆိပ်ဆိုတာ သိပ်ကို ပြင်းထန်လွန်းတယ်လို့ ကြားဖူးတယ်...ဒါဆိုရင်....သူ့ရဲ့ ရင်သွေးလေး.. ..
"ငါကိုယ်တော်ရဲ့ ရင်သွေးလေး.. ...အသက်မရှင်နိုင်တော့ဘူးမလား...သမားတော်ကြီး....."
အက်ကွဲနေတဲ့ အသံနဲ့ မေးလာတဲ့ မင်းသားရဲ့ စကားအဆုံးမှာ သူ သက်ပြင်းရှည်ကြီး တစ်ခုကို ချလိုက်ရင်း
"အဆိပ်က...အာနိသင်နှစ်မျိုးနဲ့ပါဘုရား...သာမာန်လူ သောက်မိရင်...ဂျင်အဆိပ်က ခန္ဓာကိုယ် ထဲမှာ လပေါင်းများစွာ ရှိနေတတ်ပါတယ်....
နောက်ဆက်တွဲဆိုးကျိုးကတော့...လူက ဘယ်အရာကိုမှ အာရုံမစိုက်နိုင်ပဲ....ထုံထိုင်းပြီးတော့ မှတ်ညဏ်ချွတ်ယွင်းလာလိမ့်မယ်..နောက်ဆုံး..ခန္ဓာကိုယ် က ဘာမှ လှုပ်ရှားနိုင်ခြင်းမရှိပဲ..သေလူတစ်ယောက်လို ဖြစ်သွားနိုင်ပါတယ်ဘုရား.......
YOU ARE READING
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
היסטורי בדיוניZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...