ရဲရင့်တောက်ပ သော အသူရိန်နေမင်းသည် အမိုက်အမှောင်ကို ဖြိုဖျက်၍......ဂျိုဆွန်းကောင်းကင်ပေါ်မှာ..
ရောင်ဝါအပြည့်ဖြစ် ထွန်းလင်းတောက်ပနေတော့သည်။....
"အင်း::::::...."
ယောလ် သလွန်တော်ဘေးမှာ လဲလျောင်း နေရင်းကပင်
သတိရလို့...မျက်လုံးတွေ ကို ကပျာကယာ ဖွင့်ကြည့်လိုက်တော့...."ဟင်!...မိဘုရား!..."
သလွန်တော်ပေါ်မှာ ပြောင်ရှင်းနေတဲ့ အနေအထားကြောင့်
ယောလ် အပေါ်ဝတ်တောင် မဝတ်နိုင်ပဲ အခန်းဆောင်ထဲ ကနေ ကမန်းကတန်းနဲ့ ပြေးထွက်လာမိတယ်
"Baekhee ah~~မိဘုရား!....မိဘုရား ~~"
မယ်မယ့်ရဲ့ ဘွဲ့အမည်ကို ဆက်တိုက်အော်ခေါ်နေတဲ့ အရှင်
ကြောင့်....အထိန်းတော်ကြီး အနားကို ကပျာကယာ လျှောက်လာလိုက်တော့သည်။"မင်းကြီး~~ဘာများဖြစ်လို့ပါလဲ....ကျွန်တော်မ်ျိုးကြီး.ကို မိန့်တော်မူပါ.. ..."
"အထိန်းတော်ကြီး ~~~ကိုယ်တော့်..မိဘုရား.. .ကိုယ်တော့်မိဘုရားကို တွေ့မိသေးလား.?.."
ကတုန်ကယင်နဲ့ မေးလာတဲ့အရှင်ကြောင့် ရှုန့်ကုန်း ခေါင်းကို ခပ်ဖြေးဖြေး ညှိတ်ပြလိုက်ပြီး..လျှောက်တင်လိုက်တော့တယ်
"မှန်ပါ့.........မယ်မယ်က မနက် ဝေလီဝေလင်းကတည်းကပဲ..ကြာကန်ဖက်ကို ထွက်သွားပါတယ်...
ရံရွေတော်တွေ ကို ခေါ်သွားဖို့ ကျွန်တော်မျိုးကြီး..လျှောက်တင်လိုက်ပေမယ့်...
မယ်မယ်က..တစ်ယောက်တည်းသွားချင်တယ် လို့ မိန့့်တာနဲ့ပဲ
........."
အထိန်းတော်ကြီး ရဲ့ စကားအပြီးမှာ ယောလ် ခြေဗလာနဲ့ပင်
ကြာကန်ဖက်ရှိရာကို တဟုန်ထိုးပြေးထွက်လာလိုက်တော့တယ်....
"ကျေးဇူးပြုပြီး.. ..မလုပ်ပါနဲ့.. .~~ကိုယ်တော့်မိဘုရားကို
........ကျေးဇူးပြုပီး.. ...baekhee ah~~~"
နှုတ်မှ ထပ်တူညီသော စကားလုံးတစ်ချို့ ကိုသာ မပီမသရေရွတ်ရင်း သူ ကမူးကရူးနဲ့ ပြေးသွားနေမိ၏..
သူ့ဘဝမှာ..ထပ်ပြီးတော့..သူသိပ်ချစ်ရတဲ့ မိဘုရား
ကို အဆုံးရှံးမခံနိုင်တော့ပါဘူး....ပထမက ထယ်ယန်ဂျို......အခု...သူလုံးဝအဖြစ်မခံနိုင်ဘူး
"အရှင့်သား!...စောင့်တော်မူပါဦး...အရှင့်သား....."
အထိန်းတော်ကြီး ခမျာ အနောက်ကနေ တစာစာ လှမ်းအော်နေပေမယ့်.....ကြားဟန်တောင်မရှိတဲ့ သခင်ဖြစ်သူ...
BẠN ĐANG ĐỌC
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Tiểu thuyết Lịch sửZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...