ကျား! ရား...ချွင်...ချလွင်...ဟိုက်.....!🍃🎭
မြေကွက်လပ်တစ်ခုမှာ ဓားရေးယှဉ် ခုတ်
နေသော လူနှစ်ဦး.. ...အဲဒီထဲမှ တစ်ဦးကတော့..ချွေးစက်တွေ က နှဖူးကနေ စီးကျနေကာ
မျက်လုံးတွေ ထဲမှာ နာကျည်းမှု့ ကအပြည့်
လေးတောင့်ဆန်သော မျက်နှာက ....
...ဘယ်အရာကိုမဆို ဇီဝိန်ချု ပ်ပေးဖို့.
အသင့်ပြင်ထားတဲ့ ခက်ထန်သော ပုံစံ...ဂျိုဆွန်း နိုင်ငံရဲ့ အနောက်နန်းဆောင် မိဘုရား
ထယ်ယီ.....သူမရဲ့ သားတော်ဖြစ်တဲ့လီဂျန်မြောင်.......
သူနေထိုင်ရတဲ့နေရာက တစ်ခြားသော မင်းသားတွေလို ကြီးကျယ်ခမ်းနားသော နေရာမဟုတ်ခဲ့...ဂျို ဆွန်း နိုင်ငံရဲ့ ဝေးလံခေါင်းပါးလှသော...ဘီလျူးးရွာ...
အရှင်းဆုံးပြောရရင် နယ်နှင်ဒဏ်၅နှစ်အပေးခံခဲ့ ရတာလေ....အဲဒီ့အကြောင်းကို တွေးလိုက်တိုင်း လူသတ်ချင်တဲ့စိတ်တွေက သွေးထဲကနေတောင် ဆူပွတ်လာသလို ခံစားရတယ်....
" မင်းသားလေး...မင်းသားလေး..."
ဓားရေးပြိုင်နေတုန်း အဆတ်မပြတ် အဝေးကနေ ပြေးပြီးအော်ခေါ် လာတဲ့ အထိန်းတော်မို
ကြောင့်...လေ့ကျင့်နေတာကို ခဏရပ်လိုက်တယ်...."မောင်မင်း...ခဏနားလိုက်ဦး...."
"မှန်ပါ့...မင်းသား...."
လက်ရုံးတော် ဆုန်ကို အမိန့်ပေးလိုက်တော့
အလိုက်သိစွာနဲ့ ထွက်သွားပေးတာ
ကြောင့် ..သူမျက်မှောင်ကြုတ်လိုက်ပြီး
သစ်ပင်အောက်ကို ပြန်ဝင်လာလိုက်တယ်။" မင်းသားလေး....ဟောဟဲ..arigoo ကျွန်တော်မျိုးကြီး မမှောင်ခင် အမြန် ပြန်လာရတာ
မြို့တော်က သတင်းထူးပါလာလို့.."မြို့တော်က ဆိုသော အသံကြောင့် သူ အထိန်းတော်ကြီး ကို မျက်ခုံးပင့်ပြီး ကြည့်လိုက်သည် ။
" ဘာကိစ္စလဲ.. မောင်မင်း...မယ်တော်နဲ့ များပတ်သက်နေသလား...ဒါမှမဟုတ်
ခမည်းတော် နတ်ရွာစံ သွားလို့လား"ကိုယ့်အထင်နဲ့ ကြုံရာဆွဲပြောလာသော ..သခင့်ကိုကြည့်ပြီး...ပြောပြဖို့ လုပ်နေတဲ့ ကိစ္စတောင်မေ့သွားတယ်...
" မဟုတ်ပါဘူး ဘုရား...မနက်ဖြန်ဆို
အရှင့်သား...ဒီမှာ နေတာ ၅နှစ်ပြည့်ပါပြီ.
..နောက်ပြီး...ဟို....အိမ်ရှေ့စံ ရဲ့ လက်ထပ်ပွဲ ကျင်းပဖို့ ရှ်ိပါတယ်..."အထိန်းတော်ကြီး စကားကြောင့် သူ ရေရွတ်လိုက်မိတယ်..."လက်ဆတ်ပွဲ..."ဘယ်သူနဲ့လဲ.. ..အမတ်ကြီးသမီးနဲ့လား...
VOUS LISEZ
လမင်းချစ် သောနေမင်းသခင်(chanbaek:)(Z & G)completed
Fiction HistoriqueZawgyi နတ်ဘုရား တွေရဲ့ကောင်းချီးပေးမူ့ကိုခံထားရတဲ့ သူမ ဖခင်ဖြစ်သူရဲ့ စကားကို လက်ခံပြီး ရန်သူ့နိုင်ငံရဲ့ သားတော်ကိုလက်ခံခဲ့တယျ ရန်ငြိုးအဃတတွေကြားထဲမှာ..ရှင်သန်လာတဲ့ ချစ်ခြင်းတရားက အဆုံးသတ်မှာ တော့... Unicode... နတ်ဘုရား တွေရဲ့...