လမင်းချစ်​​သော​နေမင်းသခင်​ (19)

2.1K 161 23
                                    

ဖြူ ​ဖွေးတဲ့ နှင်းစက်​​တွေနဲ့အတူ.. ...ဟိုဒီသွားလာ ​နေကြတဲ့ ရံ​ရွေ​တော်​ ​တွေ...​ကြောင့်​..အသက်​ဝင်​​နေတဲ့

လရိပ်​နန်း​တော်​ 🌙🌙🌙🏯🏯🏯🏯

" မယ်​မယ်​ဘုရား...ဘာမှစိတ်​မပူ နဲ့​နော်​..
...ထယ်​ဝမ်​မယ်​မယ်​ကြီး.က..ကြင်​နာတတ်​ပါတယ်​..."

Baekheeရဲ့ ဆံထုံးကို ထုံး​ပေး​နေရင်း..စိတ်​သက်​သာရ​အောင်​.. ​ပြော​နေတဲ့ အထိန်း​တော်​ကြီး....

" အထိန်း​တော်​ကြီး..​ပြောသလို..ဆိုရင်​..သိပ်​​ကောင်းမှာပဲ ​နော်​..ဒါ​ပေမယ့်​.. baekhee ​ကြောက်​စိတ်​ဝင်​မိတာ​တော့ အမှန်​ပဲ.."

ကြေးမုံမှန်​ မှာ...ထင်း​နေတဲ့ မျက်​နှာကို.
.ကြည့်​ရင်း..baekhee ​ပြောလိုက်​​တော့...အပြုံး​လေးတစ်​ပွင့်​ ပြုံးကာ..ကြည့်လာတဲ့​အထိန်း​တော်​ကြီး......

" ချင့်​စန်း ရဲ့ မင်းသမီး​လေး က..ဒီ​လောက်​​ချစ်ဖို့ ​ကောင်းတာ..မယ်​မယ်​ကြီးက မချစ်​ပဲ ​မ​နေနိုင်​ပါဘူး..."

"ဒါ​ပေ..ဒါ​ပေမယ့်​..Wuမယ်​မယ်​ က​တော့..
..baekhee ကို ..တစ်​ခါမှ ​တောင်​..မချစ်​ခဲ့ဘူး​လေ....ချင့်​စန်း.."

ပြော​နေရင်း မျက်​ရည်​​တွေ ဝဲလာကာ..အသံ​လေးတိမ်​ဝင်​သွားတဲ့..မင်းသမီး​လေး...

"​သြော်​...က​လေးရယ်​...စိတ်​မ​ကောင်းမဖြစ်​ပါနဲ့ ကွယ်​...တစ်​ခြားသူ​တွေ...ဘယ်​လိုပဲ
မြင်​မြင်​ ချင့်​စန်း...မျက်​စိထဲမှာ..​တော့..မင်းသမီး​လေး က..ချစ်​ဖို့အ​ကောင်းဆုံး ပါပဲ..."

" အွန်း...baekheeလည်း စန်းကို အချစ်​ဆုံးပဲ...."

ရင်​ခွင်​ထဲကို တိုးဝင်​ကာ က​လေးတစ်​​​ယောက်​လို ချွဲနွဲ့ လာ​သော..မင်​သမီး​လေး​ကြောင့်​..
ချင့်​စန်းတစ်​​ယောက်​သူမရဲ့ ​ကျောပြင်​​သေး​သေး​လေး ကို လက်​နဲ့ အသာ ပုတ်​​ပေးလိုက်​ရင်း..ပြုံး​နေမိတယ်​...

"မယ်​မယ်​ဘုရား...အိမ်​​ရှေ့ စံမင်းသား..ကြွ
လာပါပြီ.. ဘုရား.."

အခန်း​ဆောင်​ အ​ရှေ့ က​နေ..အသံပြုလာတဲ့ အပျို ​တော်​..စကား​ကြောင့်​...ဝတ်​ရုံလွှာ ကို..အ​သေအချာ ပြင်​လိုက်​ပြီး...ချင့်​စန်း ရဲ့ လက်​ကိုတွဲကာ.. .အ​ဆောင်​အ​ရှေ့ ကို..ထွက်​လာလိုက်​​တော့သည်​။

Baekhee ကြည့်​လိုက်​​တော့ ..သူမ လာတာကို မမြင်​ပဲ..​ကျော​ပေးထားတဲ့အရှင်​..
...အ​နောက်​က ကြည့်​လိုက်​​တော့...​ကျယ်​ဝန်းလှတဲ့ အရှင့်​ရဲ့ ​ကျောပြင်​ကျယ်​ကျယ်​..

ဟိုမ​နေ့ က..ပန်းခင်းထဲက ကိစ္စဖြစ်​ပြီးတဲ့ ​နောက်​ပိုင်း..baekhee အရှင့်​ကို..​သေချာ​တောင်​ မကြည့်​ရဲ့ ​တော့ဘူး...ပထမဦးဆုံး
...baekhee လိုလိုလားလား..တုံ့ပြန်​ခဲ့တဲ့ လူက..အရှင့်​တစ်​​ယောက်​ကိုပါပဲ...ဒီ​နေ့လည်း....မယ်​​တော်​ကြီးက ​တွေ့ ချင်​တယ်​လို့
မိန့်​လိုက်​လို့....အရှင်​ကိုယ်​တိုင်​ လာ​ခေါ်တာ​လေ......

လမင်​းချစ်​ ​သော​နေမင်​းသခင်​(chanbaek:)(Z & G)completedWhere stories live. Discover now